ရုရှားရွှေများ ယူအေအီး၊ တူရကီနှင့် ဟောင်ကောင်တို့ထံ အလုံးအရင်းဖြင့် စီးဝင်

ရုရှားရွှေများ ယူအေအီး၊ တူရကီနှင့် ဟောင်ကောင်တို့ထံ အလုံးအရင်းဖြင့် စီးဝင်

ရုရှားရွှေများ ယူအေအီး၊ တူရကီနှင့် ဟောင်ကောင်တို့ထံ အလုံးအရင်းဖြင့် စီးဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှားရွှေများသည် ဟောင်ကောင်၊ တူရကီနှင့် ယူအေအီးတစ်ဝှမ်းရှိ မထင်မရှားဝယ်ယူသူများနှင့် ကုန်သည်များဆီသို့ အလုံးအရင်းဖြင့် စီးဝင်ခဲ့သည်။

.

ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့်  အနောက်တိုင်းမှ ကုမ္ပဏီများသည် ရုရှားရွှေကို လက်ရှောင်ထားကြရသည်။

.

ဩဂုတ်လအထိ ခြောက်လတာအတွင်း ရုရှားရွှေ ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုးကို ယူအေအီးသို့ တင်ပို့ခဲ့သည်။

.

G7 နိုင်ငံခုနစ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ပြီးခဲ့သည့်နှစ်က ရုရှားရွှေ တင်သွင်းမှုကို တားမြစ်ခဲ့ပြီး အဆိုပါနိုင်ငံများတွင် အခြေစိုက်သည့်ကုမ္ပဏီများကို ရုရှားရွှေ ကုန်သွယ်မှု မပြုရန် တားမြစ်ခဲ့သည်။

ရုရှားပြည်တွင်းမှ  ရွှေ တစ်နှစ် ကန်ဒေါ်လာ ၂၀ ဘီလီဖိုး ထွက်သည်။

.

ရုရှားက ပြည်ပသို့ တင်ပို့နေသည်။ အနောက်တိုင်းမှ JPMorgan နှင့် HSBC ကဲ့သို့သော ရုရှားရွှေ ဝယ်နေကျ ဖြစ်သော လက်ကြီးသမားများက လက်ရှောင်ထားကြသဖြင့် ဝယ်လက်အငယ်စားများက ရုရှားရွှေများကို ဝယ်ယူခဲ့ကြသည်။

.

JPMorgan သည် ယူကရိန်းစစ်ပွဲ မစတင်ခင်  ၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်း ရုရှားနိုင်ငံမှ ရွှေ ကန်ဒေါ်လာ ၁.၂ ဘီလီယံဖိုး ဝယ်ယူခဲ့သည်။ ယခုအခါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသဖြင့် ရုရှားရွှေ အဝယ်ရပ်ထားသည်။

.

ယူအေအီး၊ ဟောင်ကောင်နှင့် တူရကီတို့ အပါအဝင် နိုင်ငံများမှ ကုန်သည်များသည် ရုရှားရွှေကို ပိတ်ဆို့အရေးယူမှု တစ်စုံတစ်ရာ မရှိသောကြောင့် ဝယ်ယူခွင့် ရှိ‌ေနသည်။

ဟောင်ကောင်မှ VPower Finance Security သည် ကစားသမားသစ်တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လမှ ဩဂုတ်လအထိ ၆ လတာတွင် ရုရှားရွှေ ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးကို ဝယ်ယူကြောင်း Bloomberg က ဖော်ပြသည်။

၎င်းကာလတွင် ယူအေအီးက ရုရှားရွှေ ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး ဝယ်ယူခဲ့သည်။ ဝယ်ယူသည့် ကုန်သည်အများစုမှာ ဒူဘိုင်းတွင် နေထိုင်ကြသူများ ဖြစ်သည်။ ဒူဘိုင်းအခြေစိုက် Paloma Precious DMCC က ၎င်းကာလတွင် ရုရှားရွှေ ကန်‌ဒေါ်လာ ၁၀၉ သန်းဖိုး ဝယ်ယူခဲ့သည်။ 

၎င်း ၆ လတာတွင် တူရကီက ရုရှားရွှေ ကန်ဒေါ်လာ ၃၀၅ သန်းဖိုးကို လေကြောင်းဖြင့် တင်သွင်းခဲ့သည်။

.

ရုရှားသည် ယူကရိန်း စစ်ပွဲ မတိုင်ခင်ကာလ ရေချိန်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းအားထုတ်နေဆဲ ဖြစ်သည်။

Source business insider 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 07 May 2023 09:39
Rate this item
(0 votes)