တရုတ်နှစ်ကူးတွင် တက်ခဲ့သည့် ထိုင်းရွှေဈေး မေလတွင် ကမ္ဘာ့ရွှေဈေးနှင့်အတူ တက်ဦးမည်ဟု ခန့်မှန်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 
တရုတ်နှစ်သစ်ကူးကာလတွင် ဘတ်အလေးချိန် တစ်ဘတ်လျှင် ၃၄,၅၅၀ ဘတ်ဖြင့် အထွတ်အထိပ် ရောက်ခဲ့သော ထိုင်းပြည်တွင်းရွှေဈေးသည် မေလတွင် အတက်လမ်းကြောင်းပေါ်သို့ ပြန်ရောက်မည်ဟု ရွှေကုန်သည်များက ခန့်မှန်းထားကြသည်။
[ထိုင်းတွင် ရွှေအလေးချိန်ကို 'ဘတ်'ဖြင့် ချိန်တွယ်ကြပါသည်။ ရွှေအလေးချိန် တဘတ်သည် ၁၅ ဒသမ ၂ ဂရမ်နှင့် ညီမျှပါသည်)
မေလတွင် အမေရိကန် ဗဟိုဘဏ် Federal Reserve သည် အတိုးနှုန်းကို စတင်လျှော့ချမည်ဟု မျှော်လင့်ထားကြောင်း၊ ထိုအခါ၌ ကမ္ဘာ့ရွှေစျေးနှုန်း တစ်အောင်စလျှင် US$ 2,100 သို့ တွန်းပို့မည်ဟု မျှော်လင့်ထားကြောင်း ရွှေကုန်သည်များက ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် ၂,၀၁၉ ဒေါ်လာအထိ ကျဆင်းသွားသဖြင့် တရုတ်နှစ်သစ်ကူးတွင် ထိုင်းပြည်တွင်းရွှေဈေး မြင့်တက်သည့် အထွတ်အထိပ်မှ ဘတ် ၃၀၀ ကျဆင်းလာခဲ့ကြောင်း ရွှေကုန်သည်များအသင်းဥက္ကဋ္ဌ Jitti Tangsitphakdee က ပြောသည်။
မေလတွင် အမေရိကန်၏မူဝါဒအတိုးနှုန်းကို ၀.၂၅% လျှော့ချရန် မျှော်လင့်ထားပြီး ထိုအခါ၌ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ထိုင်းပြည်တွင်းရွှေဈေးနှုန်းလည်း သိသိသာသာ တက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း လျှော့ချတာနဲ့ ကမ္ဘာ့ရွှေဈေးက တအောင်စ $1,975 မှာ တက်ရိပ်ရှိနေပြီး $2,100 မှာ တုံ့ဆိုင်းမယ်"ဟု ၎င်းက ပြောကြားသည်။
ယခုနှစ်အတွင်း မဟုတ်သော်လည်း နောင်တချိန် အနာဂတ်တွင် ထိုင်းပြည်တွင်းရွှေဈေးသည် အလေးချိန် တစ်ဘတ်လျှင် ဘတ် ၄၀,၀၀၀ အထိ ရောက်ရှိနိုင်သည်ဟု Mr Jitti က ခန့်မှန်းသည်။
ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များသည် ၎င်းတို့၏ အရန်ရွှေ ပမာဏကို တိုးမြှင့်ကြသည်။ ရေရှည်တွင် တိုးများလာနေသည့် ရွှေဝယ်လိုအားကို ဖြည့်တင်းပေးနိုင်ခြေ လျော့ကျလာမည်ဟု ၎င်းက ဆိုသည်။
MTS Gold ၏ ဥက္ကဋ္ဌ Kritrat Hiranyasiri ကလည်း အလားတူ အမြင်ကို မျှဝေခဲ့သည်။
"အမေရိကန် ဗဟိုဘဏ်က အစောပိုင်းခန့်မှန်းထားတဲ့ မတ်လအစား အစောဆုံး မေလ သို့မဟုတ် ဇွန်လမှာ အတိုးနှုန်းကို လျှော့ချလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ကမ္ဘာ့ရွှေဈေးသည် ယခု ဖေဖော်ဝါရီလတွင် တအောင်စ $2,000-2,045 ဖြစ်ပေါ်ပြီးနောက် မတ်လနှင့် ဧပြီလတွင် ဘေးတိုက် ရွှေ့နေမည်။
အာရှ-ပစိဖိတ်ဒေသ (တရုတ်မှ အပ) အကြီးအကဲ နှင့် ကမ္ဘာ့ရွှေကောင်စီရှိ ဗဟိုဘဏ်များ ကမ္ဘာ့လုံးဆိုင်ရာ အကြီးအကဲ Shaokai Fan က ရွှေဝယ်လိုအား ဆက်လက်ခိုင်မာနေမည်ဟု ခန့်မှန်းသည်။ ရွှေထက်သာသည့် အခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားပြီး ရွှေကို ကိုင်ထားကြလိမ့်မည်ဟု ၎င်းက ပြောကြားသည်။
အဓိက ရွှေဈေးကွက်များတွင် လက်လီ ဝယ်ယူမှုများ ခိုင်မာနေမည်။ ဗဟိုဘဏ်များကလည်း ရွှေဝယ်ကြမည်။ သို့ဖြစ်ရာ ရွှေဝယ်လိုအား ဆက်များနေမည်ဟု Mr Fan က ပြောကြားသည်။
တရုတ်နိုင်ငံတွင် စီးပွားရေး နှေးကွေးနေသော်လည်း ရွှေဝယ်လိုအားသည် ၂၀၂၃ ခုနှစ်တွင် အတော်လေး အားကောင်းခဲ့သည်။ ရွှေထည်များလည်း အဝယ်များခဲ့သည်။
စီးပွားရေးစိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ရွှေဝယ်ယူမှု မြင့်တက်
#GoldGuide
https://www.weddingguide.com.mm/gold-jewellery/tips/item/3683-china.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ ပြင်းထန်လာခြင်းသည် ၂၀၂၄ ခုနှစ်တွင် ရင်းနှီးမြုပ်နှံသူများအတွက် အဓိက အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရွှေ၏ လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှု ဖြစ်နေခြင်းသည် ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေ၏ စွမ်းဆောင်ရည်ကို ဆက်လက်ခိုင်မာနေစေမည်ဟု ၎င်းက ပြောကြားသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 
			
							
						
		  	
		  

