စီးပွားရေးစိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ရွှေဝယ်ယူမှု မြင့်တက်

စီးပွားရေးစိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ရွှေဝယ်ယူမှု မြင့်တက်

စီးပွားရေးစိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ရွှေဝယ်ယူမှု မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိမ်ခြံမြေနှင့် စတော့ဈေးကွက်ရင်းနှီးမြုပ်နှံမှုများကို သတိထားနေရသည့် တရုတ်နိုင်ငံတွင် ရွှေချောင်းများ ရေပန်းစားနေပါသည်။

 

ဗဟိုဘဏ်နှင့် တစ်ဦးချင်း ရင်းနှီးမြုပ်နှံသူများသည် ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်များကြားတွင် တည်ငြိမ်မှုကို ရှာဖွေကြရာ ရွှေချောင်း ဝယ်ယူမှု မြင့်တက်လာပါသည်။

အမေရိကန်နှင့် တင်းမာမှုများကြားတွင် နိုင်ငံ၏ ဗဟိုဘဏ်သည် ကန်ဒေါ်လာ ပိုင်ဆိုင်မှုကို အစားထိုးရန်အတွက် ရွှေကို ဝယ်ယူသောကြောင့်လည်းကောင်း၊ တစ်ဦးချင်း ရင်းနှီးမြုပ်နှံသူများသည်  နိုင်ငံစီးပွား နှေးနေခြင်းကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအတွက် စိတ်ချရသည့် ရွှေကို ဝယ်သိမ်းကြခြင်းကြောင့်လည်းကောင်း တရုတ်ရွှေဝယ်ယူမှုသည် ၂၀၂၃ ခုနှစ်တွင် ၃၀% မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council WGC ၏ 2023 Gold Demand Trends အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

တရုတ်နိုင်ငံ ဗဟိုဘဏ် People's Bank of China သည် ၂၀၂၃ ခုနှစ်တွင် ရွှေ အသားတင်ဝယ်ယူမှု စုစုပေါင်း ၂၂၅ တန်အထိ များပြားခဲ့သည်။ ၁၉၇၇ ခုနှစ်နောက်ပိုင်း တန်ချိန် အများဆုံး ဖြစ်သည်။

 

ရွှေဝယ်ယူရန်အတွက် ကန်ဒေါ်လာ ပိုင်ဆိုင်မှု လျှော့ချခဲ့သည်။ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၇၈၂ ဘီလီယံ ကျန်ရှိသည်။ 

 

တရုတ်နိုင်ငံမှ တစ်ဦးချင်း ရင်းနှီးမြုပ်နှံသူများကြားတွင် ရွှေဝယ်ယူမှုမှာလည်း မြင့်တက်လာသည်။ ရွှေချောင်းများကို လူကြိုက်များလာခဲ့သည်။

ရွှေချောင်းသည် လက်စွပ်နှင့် လည်ဆွဲကဲ့သို့သော လက်ဝတ်ရတနာများထက် စျေးသက်သာပြီး ပြန်လည်ရောင်းချရန် လွယ်ကူသောကြောင့်  ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်နေစေသည်။

 

တရုတ်နိုင်ငံတွင် အသုံးအများဆုံး ပိုင်ဆိုင်မှုများမှာ အိမ်ခြံမြေ၊ စတော့နှင့် ရွှေတို့ ဖြစ်သည်။

အိမ်ခြံမြေဈေးကွက် ဆိုးရွားစွာ ယိုယွင်းလာခြင်းနှင့် တရုတ်စတော့ရှယ်ယာများ ကျဆင်းခြင်းသည် ရွှေဝယ်ယူမှု တိုးစေသည်။ 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)