အာရှ အကြီးကျယ်ဆုံး မင်္ဂလာဆောင်ပွဲအကြို ပါတီပွဲ တက်ရောက်ရန် ကမ္ဘာ့ထိပ်သီး စီအီးအိုများကို ဖိတ်ကြား

အာရှ အကြီးကျယ်ဆုံး မင်္ဂလာဆောင်ပွဲအကြို ပါတီပွဲ တက်ရောက်ရန် ကမ္ဘာ့ထိပ်သီး စီအီးအိုများကို ဖိတ်ကြား

အာရှ အကြီးကျယ်ဆုံး မင်္ဂလာဆောင်ပွဲအကြို ပါတီပွဲ တက်ရောက်ရန် ကမ္ဘာ့ထိပ်သီး စီအီးအိုများကို ဖိတ်ကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကန်ဒေါ်လာ ၁၁၃ ဘီလီယံတန် အိန္ဒိယသူဌေးကြီး၏ သားဖြစ်သူ လက်ထပ်ထိမ်းမြားသည့် မင်္ဂလာပွဲအကြို  ၃ ရက်ကြာကျင်းပမည့် ပါတီပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားသည့်သူများတွင် Bill Gates နဲ့ Mark Zuckerberg တို့လည်း ပါဝင်သည်။

 

 အာရှ အချမ်းသာဆုံးသုဌေးကြီးများ စာရင်းဝင် အိန္ဒိယဘီလျံနာ မူခက်ရှ် အမ်ဘာနီ၏သား အနတ် အမ်ဘာနီသည် လာမည့် ဇူလိုင်လတွင် မင်္ဂလာဆောင်တော့မည် ဖြစ်သည်။ 

မင်္ဂလာပွဲအကြို  ၃ ရက်ကြာကျင်းပမည့် ပါတီပွဲကို မတ်လတွင် အိန္ဒိယမှာ ကျင်းပရန် စီစဉ်ထားသည်။ 

 

မင်္ဂလာပွဲအကြို  ပါတီပွဲကို ကမ္ဘာ့ထိပ်တန်း စီးပွားရေးခေါင်းဆောင်များကို ဖိတ်ကြားထားသည်။

 

ဘီလျံနာ Mukesh Ambani သည် Fortune 500 ကုမ္ပဏီ Reliance Industries ၏ ဥက္ကဌဖြစ်သည်။ Bloomberg Billionaires Index အဆိုအရ ခန့်မှန်း အသားတင်တန်ဖိုး ကန်ဒေါ်လာ ၁၁၃ ဘီလီယံ ချမ်းသာသူ ဖြစ်သည်။

 

 

photo_2024-03-02_11-29-00.jpg

 

သားဖြစ်သူ အနတ် အမ်ဘာနီ သည် ရီဒီကာ မားချင့်နှင့် ဇူလိုင်လတွင် လက်ထပ်ထိမ်းမြားမည်ဖြစ်ပြီး မင်္ဂလာပွဲအကြို  ပါတီပွဲကို မတ်လမှာ ကျင်းပမည် ဖြစ်ရာ၌ Bill Gates နှင့် Mark Zuckerberg အပါအဝင် ဧည့်သည် ၁၂၀၀ ကို ဖိတ်ကြားထားသည်။

Google မိခင်လုပ်ငန်း Alphabet စီအီးအို Sundar Pichai နှင့် Samsung Electronics အမှုဆောင်ဥက္ကဋ္ဌ Jay Y. Lee တို့ကိုလည်း ဖိတ်ကြားထားသည်။

 

 ဖျော်ဖြေရေးအတွက် ရီဟာနာကို ငှားရမ်းထားသည်။ မျက်လှည့်ဆရာ David Blaine ကိုလည်း ငှားရမ်းထားသည်။

 

Bill Gates နှင့် အမ်ဘာနီ မိသားစုတို့ ဆက်စပ်ပတ်သက်ပုံမှာ မိုက်ခရိုဆော့ဖ် ထူထောင်သူ Bill Gates နှင့် အမ်ဘာနီ၏ ဇနီး နီတာတို့သည် ယမန်နှစ်က ပရဟိတ လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ခဲ့ကြသည်။ နီတာ ဦးစီးသည့် Reliance Foundation နှင့် Bill Gates ဦးဆောင်သည့် Bill & Melinda Gates Foundation တိုသည် အမျိုးသမီး လုပ်ငန်းရှင် ၁ သန်းကို ပဏာမခြေလှမ်း ထောက်ကူပေးမည့် အစီအစဉ် အကောင်အထည်ဖော်ခဲ့ကြသည်။

.

Meta စီအီးအို Mark Zuckerberg နှင့် ပတ်သက်ပုံမှာ Reliance Industries ၏ လက်အောက်ခံလုပ်ငန်း Jio Platforms တွင် ရှယ်ယာအများစုကို Facebook က၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၆ ဘီလီယံဖြင့် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားသည်။ 

Alphabet စီအီးအို Sundar Pichai သည် အိန္ဒိယလူမျိုးဖြစ်ပြီး အိန္ဒိယမှာ ကြီးပြင်းခဲ့သူ ဖြစ်သည်။ ဇွန်လတွင် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ၏ အမေရိကန်ခရီးစဉ်တွင် အမ်ဘာနီ အတူ လိုက်ပါခဲ့သည်။ အိမ်ဖြူတော်မှ တည်ခင်းသည့် ညစာစားပွဲကို အမ်ဘာနီနှင့်အတူ ဆန်ဒါ ပီချိုင်း တက်ရောက်ခဲ့သည်။

 

Samsung Electronics ၏ အမှုဆောင် ဥက္ကဌ Jay Y. Lee  နှင့် အမ်ဘာနီတို့သည် အာရှ အချမ်းသာဆုံး မိသားစု စာရင်းဝင်များ ဖြစ်ကြသည်။

Samsung နှင့် Jio Platforms တို့သည် အိန္ဒိယတွင် လွမ်းခြုံသည့်ကွန်ရက် တိုးချဲ့ရန် ၂၀၁၇ ခုနှစ်တွင် အတူပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။

 

အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား စီးပွားရေးသမား Shantanu Narayen ကိုလည်း ဖိတ်ကြားထားသည်။ သူသည် ဆော့ဖ်ဝဲကုမ္ပဏီ Adobe ၏ ဥက္ကဋ္ဌ (Chairman)၊ ဥက္ကဋ္ဌ (President) နှင့် စီအီးအို ဖြစ်ပါသည်။

 

Disney စီအီးအို Bob Iger ကိုလည်း ဖိတ်ကြားထားသည်။ မကြာသေးခင်က Disney သည် အိန္ဒိယမှ ကန်ဒေါ်လာ ၈.၅ ဘီလီယံ တန်ဖိုးရှိသည့် မီဒီယာ လုပ်ငန်းကဏ္ဍကို Reliance နှင့် ပေါင်းစည်းခဲ့ပါသည်။

ဘောလီဝုဒ်စတားများ ဖြစ်ကြသည့် Shah Rukh Khan နှင့် Salman Khan တို့ကိုလည်း ဖိတ်ကြားထားပါသည်။ 

အမေရိကန်သမ္မတဟောင်း ဒေါနယ်ထရန့်၏ သမီး Ivanka Trump ကိုလည်း ဖိတ်ကြားထားပါသည်။

 

Source Reuters, Guardian, BI


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)