Friday, 30 October 2020 11:19

ရန်ကုန်စတော့ဈေးကွက်တွင်၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ ငွေကျပ်သန်း ၂၅၀ ကျော်ရင်းနှီးမြှုပ်နှံထား

ရန်ကုန်စတော့ဈေးကွက်တွင် နိုင်ငံခြားသားများအား စတော့ရှယ်ယာရောင်းဝယ်ခွင့်ပြုထားသည့်အချိန် မှ စ၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ၏ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ကျပ်သန်း၂၅၀ ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

Friday, 25 September 2020 09:11

ရန်ကုန်စတော့အိတ်ချိန်းတွင် နှစ်ပတ်အတွင်း အရောင်းအဝယ် ကျပ်သိန်း ၄၅၀ ကျော်ကျဆင်း

COVID-19 ရောဂါ ကူးစက်ခံရမှု နေ့စဉ် ရက်ဆက် အရေအတွက်များစွာတွေ့ရှိပြီးနောက်ပိုင်း သြဂုတ် နောက်ဆုံးပတ်တွင် ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းဝင်ကုမ္ပဏီအားလုံး ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုသည် ကျပ်သိန်းပေါင်း ၁၃၅,၉၉၄,၁၀၀ ရှိခဲ့ရာမှ

စက်တင်ဘာလ ဒုတိယ ပတ်တွင် စတော့ရှယ်ယာ ရောင်းဝယ်မှုသည် ကျပ်သိန်း ၉၀၀ ကျော်သာ ရောင်းဝယ်မှုရှိခဲ့ပြီး နှစ်ပတ်အတွင်း ကျပ်သိန်း ၄၅၀ ကျော် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ သိရသည်။