Wednesday, 24 May 2023 10:10

ရွှေဆိုင်ဖွင့်လိုသူတွေအတွက် အခမဲ့ ရွှေပညာသင်တန်း ဇွန်လတွင် စတင် ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၊ သင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ (၂၅) ကြိမ်မြောက် ရွှေပညာဒါန ( အခမဲ့ ) အသိပညာပေး ရွှေသင်တန်းကို လာမည့် ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရွှေပညာ သင်တန်းနှင့်အတူ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုတို့ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၆) ကိုလည်း ပူးတွဲ သင်ကြားပေးသွားမည်ဟု ကြေညာထားသည်။

 

အဆိုပါ သင်တန်းနှစ်ခုစလုံးကို ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ (၁၀) ရက် ပြုလုပ်သွားမည် ဖြစ်ပြီး ရွှေပညာသင်တန်း သင်တန်းချိန်မှာ မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ ဖြစ်ကာ ငွေကြေးခဝါချ အသိပညာပေး သင်တန်းမှာ မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ ဖြစ်သည်။

 

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို အောက်တွင် ကြည့်ရှု လေ့လာနိုင်သည်။

 

  • ငွေကြေးခဝါချ အသိပညာပေးခြင်း
  • ရွှေတူးဖော်ခြင်း
  • ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက် ရောင်းဝယ်ခြင်း
  • ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း
  • ရွှေပန်းထိမ်
  • အသုံးချရွှေသင်္ချာ
  • ရွှေအပေါင်ခံခြင်း
  • ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး
  • ကျောက်မျက်ပညာ
  • ရွှေဆိုင်ဖွင့်လှစ်ခြင်း

 

Ye Optical 1

Advertisement

Click Here >>> Ye' Optical

 

ဖော်ပြပါ သင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းတက်ရောက်ခွင့် ပုံစံကို အခမဲ့ တောင်းယူ ဖြည့်စွက်နိုင်ပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ ရွှေလုပ်ငန်းရှင်များ အသင်းသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

 

မေလ (၂၂) ရက်နေ့မှ စတင်၍ သင်တန်းလျှောက်လွှာများ လက်ခံပေးနေပြီး သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အတွက် လျှောက်ထားသူ များပြားသဖြင့် သင်တန်းတက်ရောက်လိုပါက မြန်မြန်ဆန်ဆန် သွားရောက် လျှောက်ထားရန် လိုအပ်သည်။

 

သင်တန်းကာလ

  • ဇွန်လ ၃ ရက်နေ့ ( စနေနေ့ ) မှ ဇွန်လ ၁၂ ရက်နေ့ ( တနင်္လာနေ့ ) အထိ

 

သင်တန်းချိန် 

  • ရွှေပညာသင်တန်း - မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ 
  • ငွေကြေးခဝါချ အသိပညာပေး သင်တန်း - မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ

 

သင်တန်းနေရာ 

  • အမှတ် (၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာအောက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

 

အသေးစိတ်ဆက်သွယ်ရန် 

  • 09450049282
  • 09251992727 

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၏ (၂၄) ကြိမ်မြောက် ရွှေပညာဒါန အသိပညာပေး သင်တန်းကို ပြီးခဲ့သည့် မေလပထမပတ်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲကို (၁၀) ရက်နေ့တွင် ကျင်းပခဲ့သည်။

Saturday, 21 March 2020 09:51

နာမည်ကျော် Restaurant တစ်ခုဖြစ်တဲ့ Western Park Royal Restaurant ရဲ့ Wedding Service များ...

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို  နာမည်ကျော် Restaurant တစ်ခုဖြစ်တဲ့

Friday, 20 March 2020 10:36

မြောက်ဒဂုံမြို့နယ်မှာတည်ရှိတဲ့ Hotel Bo Bo Min ရဲ့ Wedding Service များ...

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မြောက်ဒဂုံမြို့နယ်မှာတည်ရှိတဲ့ Hotel Bo Bo Min ရဲ့ Wedding Service တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Friday, 06 March 2020 10:30

Sky View Hotel ရဲ့ Wedding Service များ…

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Sky View Hotel ရဲ့ Wedding Service တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Friday, 21 February 2020 10:12

မြောက်ဥက္ကလာမြို့နယ်မှာတည်ရှိတဲ့ Grand Garden Hotel ရဲ့ Wedding Service များ

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မြောက်ဥက္ကလာမြို့နယ်မှာတည်ရှိတဲ့ Grand Garden Hotel ရဲ့ Wedding Service တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Friday, 14 February 2020 10:39

Grand Palace Hotel Yangon ရဲ့ Wedding Service များ….

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Grand Palace Hotel Yangon ရဲ့ Wedding Service တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Friday, 31 January 2020 10:39

Pullmoon Hotel Yangon ရဲ့ Wedding Service များ...

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် Pullmoon Hotel Yangon ရဲ့ Wedding Service တွေကိုမိတ်ဆက်ပေးချင်ပါတယ်။

Pullmoon Hotel Yangon မှာ မင်္ဂလာဧည့်ခံပွဲကျင်းပမယ်ဆိုရင် ရွှေးချယ်စရာ Package (၃)မျိုးရှိပါတယ်။

မုန့်(၃)မျိုး+Tea (or) Coffee ဆို $18,မုန့်(၄)မျိုး+ Tea (or) Coffee ဆို $20 နဲ့ မုန့်(၅)မျိုး+ Tea (or) Coffeeဆို $22 တန် Tea Set တွေကို ကျွေးမွေးဧည့်ခံနိုင်မှာပဲဖြစ်ပါတယ်။

Standard Flower Arrangement ,Sound System နဲ့ Preojector တွေကို Hotel ဖက်မှဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် Pullmoon Hotel Yangon ကနေမှ အခုလာမည့်ဖေဖော်ဝါရီလ (၁၅)ရက်နေ့နဲ့ (၁၆)ရက်နေ့တွေမှာ Wedding Fair ကျင်းပဦးမှာဖြစ်လို့ ပရိတ်သတ်တွေသွားရောက်လေ့လာကြည့်ဖို့လည်းသတင်းကောင်းပေးချင်ပါတယ်။

Address: 65 Corner Of Sule Pagoda Rd And Merchant St

Phone: 01 382 623

Flower & Florist ဆိုင်ပေါင်း(၁၅၂)ဆိုင်ကို သိရှိလိုပါက နှိပ်ပါ

 

(Zawgyi ဖြင့်ဖတ်ရန်)







Phone: 01 382 623


 

Myanmar Wedding Guide

 

jjjj

Monday, 15 October 2018 16:24

ရန်ကုန်မှာ Pre Wedding Outdoor ရိုက်လို့ရမယ့် အကောင်းဆုံးနေရာလေးတွေ

Outdoor ကို ရန်ကုန်မြို့တွင်း ရိုက်မယ်ဆိုရင်တော့ နေရာလေးတွေ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါမှ Outdoor ပုံလှလှလေး ရရှိမှာပါ။