ရန်ကုန်မှာ Pre Wedding Outdoor ရိုက်လို့ရမယ့် အကောင်းဆုံးနေရာလေးတွေ

ရန်ကုန်မှာ Pre Wedding Outdoor ရိုက်လို့ရမယ့် အကောင်းဆုံးနေရာလေးတွေ google.com

Outdoor ကို ရန်ကုန်မြို့တွင်း ရိုက်မယ်ဆိုရင်တော့ နေရာလေးတွေ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါမှ Outdoor ပုံလှလှလေး ရရှိမှာပါ။

 

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ ခုခေတ်မှာ မင်္ဂလာပွဲစီစဉ်တာနဲ့ ပါဝင်လာတဲ့ ကဏ္ဍကတော့ Pre Wedding ရိုက်ကူးခြင်းပါပဲ။ Pre wedding ရိုက်ကူးတဲ့အခါမှာလည်း Studio Indoor ရိုက်တာ ရှိသလို Outdoor ရိုက်တာလေးတွေလည်း ရှိပါတယ်။ Outdoor ကို ရန်ကုန်မြို့တွင်း ရိုက်မယ်ဆိုရင်တော့ နေရာလေးတွေ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါမှ Outdoor ပုံလှလှလေး ရရှိမှာပါ။ ရန်ကုန်မြို့ရဲ့ ဘယ်နေရာတွေမှာ Outdoor ရိုက်လို့လှမလဲဆိုတာ ကြည့်ကြည့်ပါဦးနော်။

 

 

လှော်ကား

 

ရန်ကုန်မြို့ထဲနေရာတွေ မဟုတ်ဘဲ သဘာဝနဲ့နီးနီးကပ်ကပ် ရိုက်ချင်တဲ့သူတွေကတော့ လှော်ကားကို ရွေးချယ်ကြတာ များပါတယ်။ လှော်ကားထဲမှာ ကြာကန်၊ တံတားလေးတွေနဲ့ ရိုက်လို့ရသလို တိရိစ္ဆာန်လေးတွေနဲ့ ရိုက်မယ်ဆိုရင်လည်း လှပါတယ်။ Outdoor မှာ ထည့်သွင်းစဉ်းစားကြတဲ့ နေရာလေးတစ်ခုပါ။ ဒါပေမယ့် လှော်ကားဘက်ကို သွားမယ်ဆိုရင် မြို့ထဲနဲ့ လှမ်းတဲ့အတွက် ပုံမှန်ရိုက်ကူးတဲ့အချိန်ထက်တော့ ကြာနိုင်ပါတယ်။

 

 

ဆူးလေ ခုံးတံတား

 

ဆူးလေကတော့ မြို့လယ်ခေါင်ဖြစ်တာကြောင့် စုံတွဲလေးတို့ ရွေးချယ်တာများပါတယ်။ ဆူးလေမှာတော့ လူအရမ်းရှုပ်တာမို့ Night scence ရိုက်ကြတာများပါတယ်။ ဆူးလေခုံးတံတားမှာ ရိုက်လို့ရသလို Aya Headoffice ရှေ့မှာလည်း ရပါသေးတယ်။ ဒါကတော့ မြို့လယ်ခေါင် Pre wedding ရွေးချယ်တဲ့သူတွေအတွက်ပါ။

 

 

ထောက်ကြန့်စစ်သချိုင်း

 

ထောက်ကြန့်ဈေးနား မရောက်ခင်နေရာမှာ ရှိပြီး မနက် () နာရီနောက်ပိုင်းလောက်မှာ စပြီး ရိုက်ကူးနိုင်ပါတယ်။ နေ့လည်ခင်းဆိုရင်တော့ အမိုးအကာ ရှိတဲ့နေရာက အတော့်ကို နည်းတာမို့ နေပူပါတယ်။ မနက်စောစောလေး သွားရိုက်ပါနော်။

 

 

ပြည်သူ့ဥယျာဉ်

 

ပြည်သူ့ဥယျာဉ်ကိုတော့ စုံတွဲလေးတို့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ Romantic ဆန်ဆန်လေးတွေ အများကြီး ရိုက်ကူးလို့ရတဲ့ နေရာလေးဆိုလည်း မမှားပါဘူးနော်။ ကဲစုံတွဲလေးတို့ နီးနီးနားနား ရိုက်လိုက်ကြတော့နော်။

 

 

ကန်တော်ကြီး

 

ကန်တော်ကြီးမှာတော့ ရွှေတိဂုံဘုရားကို နောက်ခံထားပြီး ရိုက်လို့ရသလို ကရဝိတ်ကိုလည်း နောက်ခံထားပြီး ရိုက်လို့ရပါတယ်။

 

 

သန်လျင်

 

သန်လျင်ကတော့ ရန်ကုန်ကနေ မြို့ပြင်လို့ ပြောလို့ရပါတယ်။ Day ရော Night ပါ ရိုက်လို့ရတဲ့ နေရာလေးပါ။ စုံတွဲလေးတွေ အတော်များများ ရွေးချယ်ကြတဲ့ နေရာလေးပါ။

 

 

ရှမ်းကျောင်း

 

ခုနောက်ပိုင်းမှာ Pre wedding အရိုက်များလာတဲ့နေရာကိုပြပါဆိုရင်တော့ ရှမ်းကျောင်းပါ။ ရှေးဆန်တဲ့ နေရာပုံစံလေး ရိုက်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

 

 

ကြည့်မြင့်တိုင်ဘူတာ

 

ရထားကြီးနဲ့ အမှတ်တရရိုက်ချင်တယ်ဆိုရင်တော့ ကြည့်မြင့်တိုင်ဘူတာ ရှိတယ်နော်။ အမှတ်တရ ရထားနဲ့ ခရီးသွားဖြစ်ခဲ့တဲ့ စုံတွဲလေးတွေကတော့ ရထားကြီးနဲ့ ရိုက်ဖြစ်ကြပါတယ်။

 

ရန်ကုန်မှာ Outdoor Pre Wedding နေရာလေးတွေ ပြောပြထားပြီးပြီဆိုတော့ ဘယ်နေရာအကြိုက်ဆုံးလည်း ရွေးပြီး ရိုက်လို့ရပါပြီနော်။

 

 

Credit;Marry

Read times Last modified on Monday, 15 October 2018 16:29
Rate this item
(1 Vote)