သတို့သား၏ အခန်းကဏ္ဍ

သတို့သား၏ အခန်းကဏ္ဍ

မင်္ဂလာဆောင်အတွက် စာရင်းဇယားကို ပြုစုရမှာ သတို့သားရဲ့

တာဝန်ဆိုရင်လည်း မမှားပါဘူး။

 

ကျသင့်ငွေတန်ဖိုးနဲ့ အပိုကြေးတွေကို စီမံခန့်ခွဲဆောင်ရွက်ရမလဲဆိုတာ တွက်ချက်နိုင်ရပါမယ်။

 

တကယ်လို့ ဂီတကိုနှစ်သက်သူဖြစ်ခဲ့မယ်ဆိုရင် မင်္ဂလာဆောင်မှာ သီဆိုမယ့်သူတွေကို ရွေးချယ်ရပါမယ်။

 

ဓာတ်ပုံဆရာနဲ့ ဗီဒီယို ရိုက်ကူးဖို့သတို့သားကပဲ စီစဉ်ဆောင်ရွက်ပါ။

 

အစားအသောက်စိတ်ဝင်စားသူဖြစ်ခဲ့မယ်ဆိုရင် အစားအသောက်စာရင်းကို ဆုံးဖြတ်ဖို့ သူ့မှာလည်း အခွင့်အရေးရှိပါတယ်။ ဧည့်ခံကျွေးမွေးမယ့် ဧည့်သည်စာရင်းကို သူဆောင်ရွက်နိုင်ပါလိမ့်မယ်။

 

လက်ထပ်မည့်နေ့တွင် သယ်ယူပို့ဆောင်ရေးအတွက် လက်ထပ်မင်္ဂလာကားကိုလည်း စီစဉ်ဆောင်ရွက်နိုင်ရပါမယ်။

 

သူလက်ထပ်တဲ့နေ့မှာ သူနှစ်သက်ရာ အ၀တ်အစားများကို ရွေးချယ်ခွင့်ရှိသော်လည်း သတို့သမီးကို ဦးစားပေးသင့်ပါတယ်။

 

နှစ်ဖက်မိဘဆွေမျိုးတွေကြားတွင် အဆင်ပြေအောင် စေ့စပ်ညှိနှိုင်းပေးရပါမယ်။

 

ရပ်ဝေးမှ ရောက်ရှိလာတဲ့ဆွေမျိုးများကို ဧည့်ခံဖို့လည်း ရှိပါသေးတယ်။

 

ဧည့်သည်တွေကို သတို့သား၊ သတို့သမီးတို့၏ ငယ်ဘ၀ပုံရိပ်တွေနဲ့ ချစ်ခင်နှစ်သက်လာပုံအဆင့်ဆင့် တို့ကိုလည်း အသင့်ရိုက်ကူးထားပါက ပြသနိုင်ပါတယ်။

 

မင်္ဂလာပွဲမှာ သတို့သားရဲ့ ဆုံးဖြတ်ချက်အပြင် သတို့သမီးရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါဟာ နှစ်ဦးစလုံးနဲ့ သက်ဆိုင်တဲ့ ပွဲဖြစ်နေလို့ပါ။

 

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(2 votes)