စေ့စပ်တော့မယ်ဆိုရင် စုံတွဲနှစ်ဦးစလုံး အဆင်သင့်ဖြစ်နေရမယ့် အချက်(၅) ချက်

စေ့စပ်တော့မယ်ဆိုရင် စုံတွဲနှစ်ဦးစလုံး အဆင်သင့်ဖြစ်နေရမယ့် အချက်(၅) ချက် google.com

စေ့စပ်လိုက်ခြင်းဟာ တူနှစ်ကိုယ်အတူပေါင်းဖက်ဖို့ (၅၀%) သေချာတာမို့ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ အဆင်သင့်ဖြစ်နေရမယ့်အချက်တွေ ရှိပါတယ်။

 

စေ့စပ်တယ်ဆိုတာ တူနှစ်ကိုယ်အတူလက်ထပ်ကြဖို့အတွက် ပထမဆုံးစပြီးလှမ်းတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ စေ့စပ်ပွဲလေး ကျင်းပလိုက်ပြီဆိုရင် လက်ထပ်ပွဲ ၊ မင်္ဂလာဆောင်ပွဲဆိုတာလည်း သိပ်မဝေးတော့တဲ့ ကာလလေးတစ်ခုမှာ ကျင်းပကြမှာပါ။ ဒီတော့ စေ့စပ်လိုက်ခြင်းဟာ တူနှစ်ကိုယ်အတူပေါင်းဖက်ဖို့ (၅၀%) သေချာတာမို့ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ အဆင်သင့်ဖြစ်နေရမယ့် အချက်တွေရှိပါတယ်။ ဘယ်လိုအချက်လေးတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။

 

 

() ဝင်ငွေ

 

ရှိရင်းစွဲ ပိုက်ဆံမဟုတ်ဘဲ နှစ်ယောက်လုံးရဲ့ ပုံမှန်ဝင်ငွေကို ဆိုလိုတာပါ။ နှစ်ယောက်တစ်ဘဝ ထူထောင်မယ်ဆိုရင် နှစ်ယောက်လုံးရဲ့ဝင်ငွေက ပုံမှန်ရှိနေဖို့လိုပါတယ်။ ဒါမှ နေ့စဉ်ဘဝရင်ဆိုင်ဖြတ်သန်းဖို့ အခက်အခဲ မရှိမှာပါနော်။ ဒါကြောင့် စေ့စပ်လိုက်တော့မယ်ဆိုတာနဲ့ မဝေးတော့တဲ့ အနာဂတ်မှာ အတူနေနိုင်ဖို့ ပုံမှန်ဝင်ငွေရှိအောင် အရင်လုပ်ရပါမယ်။

 

 

() ချစ်ခြင်းမေတ္တာ

 

နှစ်ယောက်စလုံး ချစ်ခြင်းမေတ္တာ အစစ်အမှန်နဲ့ ချစ်တာလားဆိုတာ သေချာလေး စိစစ်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ နားလည်မှုရှိနေပြီလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ နှစ်ယောက်တစ်ဘဝ စလိုက်ခြင်းဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ ကိုယ်ချင်းစာနိုင်ပြီလဲဆိုတဲ့ အချက်ကို ဆန်းစစ်လိုက်တယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ သံယောဇဉ်ဘယ်လောက်အတိုင်းအထိ ရှိနေပြီလဲဆိုတာ သေချာသိမှ စေ့စပ်ပါ။ ဒီအရာတွေ နှစ်ဦးစလုံး အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။

 

 

() အချိန်ယူပါ

 

တစ်ယောက်ကို တစ်ယောက်အပြည့်အဝ နားလည်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိတော့ လိုပါတယ်။ ချစ်သူသက်တမ်းပေါ့။ ချစ်နေကြတဲ့အချိန်အတောအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေကို နောင်အချိန်တွေမှာရော သည်းခံပေးနိုင်သလားဆိုတာ အချိန်ယူပြီး စဉ်းစားပါ။ နှစ်ဖက်မိဘကို ပြန်လည်ပြုစုစောင့်ရှောက်မယ့်ကဏ္ဍတွေကိုလည်း နှစ်ယောက်စလုံး တိုင်ပင်ထားဖို့ လိုပါတယ်။

 

 

() နေရာ

 

ဒီအချက်က အရေးကြီးပါတယ်။ စေ့စပ်လိုက်တယ်ဆိုတာ အိမ်ထောင်ပြုဖို့ လမ်းစဖြစ်တဲ့အတွက် အိမ်ထောင်ပြုမယ့်ရက်က မဖြစ်မနေ ရောက်ရှိလာမှာပါ။ အိမ်ထောင်ပြုလိုက်ပြီးပြီဆိုရင်တော့ အဓိကစဉ်းစားရမှာက နေရာပါ။ ဘယ်နေရာမှာ နေမလဲဆိုတာ တွေးထားဖို့ လိုပါတယ်။ အိမ်အပိုင် ဒါမှမဟုတ် ခဏငှားနေမလား၊ မိဘအိမ်မှာ နေမလား အစရှိသလို ကြိုတင်တွေးထားရမှာပါ။

 

 

() မင်္ဂလာဆောင်စရိတ်

 

စေ့စပ်ပြီးပြီဆိုရင်တော့ မင်္ဂလာဆောင်စရိတ်အတွက် စီစဉ်သင့်ထားဖို့ လိုပါတယ်။ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ စိတ်ကူးထားတဲ့ မင်္ဂလာပွဲပုံစံလေးအတွက် လိုအပ်တဲ့ ငွေပမာဏတွေ စုဆောင်းမိထားဖို့လိုပါတယ်။ ဒါမှ မင်္ဂလာဆောင်ပွဲကိုလည်း ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မှာဖြစ်ပြီး ယူပြီးတဲ့အခါမှာလည်း အဆင်ပြေပြေနေနိုင်မှာပါ။

 

 

Credit;Marry

Read times Last modified on Friday, 05 October 2018 14:52
Rate this item
(1 Vote)