ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတို့ဆောင်သင့်ရှောင်သင့်တာတွေ

ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတို့ဆောင်သင့်ရှောင်သင့်တာတွေ google.com

ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် စီစဉ်သင့်တာလေးတွေတော့ စီစဉ်ထားပြီးသားဖြစ်မှာပါ။

 

 

မင်္ဂလာဆောင်ဖို့က လပိုင်းလောက်ပဲ လိုတော့တာမလားနော်။ ဒီတော့ လပိုင်းအတွင်းမှာ စုံတွဲလေးတို့ ဆောင်သင့် ရှောင်သင့်တာလေးတွေ သိထားသင့်ပါတယ်။ ဒါမှ စုံတွဲလေးတို့ မင်္ဂလာဆောင်ပွဲကို လှလှပပ ခမ်းခမ်းနားနားနဲ့ စိတ်ချမ်းမြေ့စွာ ကျင်းပနိုင်မှာပါနော်။

 

ဆောင်ရမယ့် အချက်များ

 

နေကောင်းအောင် နေပါ

 

သတို့သားလောင်းရော၊ သတို့သမီးလောင်းလေးပါ နေထိုင်ကောင်းဖို့ သတိပြုရပါမယ်နော်။ အစားအသောက် စားတာရောပေါ့ မတည့်တာတွေ မစားပါနဲ့။ ရေများများ သောက်ပါ။

 

 

မင်္ဂလာပွဲမှာ ကူညီမယ့်သူတွေ ရွေးချယ်ထားပါ

 

မင်္ဂလာပွဲကျင်းပဖို့ လပိုင်းလောက်အလိုမှာ ကူညီပေးမယ့်သူတွေကို ရွေးချယ် နေရာချထားဖို့ လိုပါတယ်နော်။ ဒါမှ မင်္ဂလာပွဲလေးက သူ့နေရာနဲ့သူ ထောင့်စေ့ပြီး အဆင်ပြေမှာပါ။

 

 

ခန်းဝင်ပစ္စည်းများ စီစဉ်ပါ

 

တချို့တွေကတော့ ခန်းဝင်ကို စောစော စီစဉ်ကြပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာပွဲ ကျင်းပဖို့ လပိုင်းလောက် အလိုမှာတော့ နေဖို့အတွက် အိမ်ခန်းနဲ့ ခန်းဝင်ပစ္စည်းတွေ စီစဉ်ထားပြီးသား ဖြစ်နေပါပြီ။ ဒါလေးတွေ ကြိုတင်စီစဉ်ထားပါနော်။

 

 

ဆွေမျိုးတွေနဲ့ ရင်းနှီးပါ

 

ဒီအချက်က မင်္ဂလာဆောင်တော့မယ့် စုံတွဲလေးတွေအတွက် အရေးကြီးပါတယ်။ အိမ်ထောင်ကျသွားတဲ့အခါမှာ အိမ်ထောင်ဖက်ပေါ်မှာပဲ အာရုံစိုက်မိနေမှာ ဖြစ်တဲ့အတွက် ဆွေမျိုးတွေအပေါ် အရင်ကလောက် ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆွေမျိုးတွေနဲ့ ရင်းနှီးပြီး ဂရုစိုက်ပေးပါ။

 

 

အိပ်ရေးဝပါစေ

 

စုံတွဲလေးတို့ရေ မင်္ဂလာပွဲအတွက် စိတ်ဖိစီးမှု များနေတယ်ဆိုရင်တောင် အိပ်ရေးဝအောင် အိပ်ပါ။ ဒါမှ မျက်နှာပြည့်ပြည့်လေးတွေ ဖြစ်နေမှာပါ။ မျက်ကွင်းညိုတာတွေလည်း ရှောင်ရှားပြီးသား ဖြစ်တာပေါ့။

 

 

ရှောင်ရှားရမယ့်အချက်များ

 

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

 

စုံတွဲလေးတို့ နှစ်ဦးစလုံး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံ မလုပ်မိဖို့တော့ လိုပါတယ်။ လပိုင်းလောက် အလိုမှာ သတိထားရမယ် မလားနော်။

 

 

အသားအရေ

 

စုံတွဲလေးတို့ အသားအရေလည်း ထိန်းသိမ်းရပါမယ်။ မတည့်တာတွေနဲ့ အသစ်တွေ လုံးဝကို မသုံးပါနဲ့။ မင်္ဂလာပွဲနီးမှ အသားအရေ ထိခိုက်တာမျိုး ရှိမယ်ဆိုရင် ဆေးခန်းပြဖို့ မမီတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

 

 

ဆံပင်မညှပ်ပါနဲ့

 

မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာတွေကြောင့် စိတ်ရှုပ်ပြီး ဆံပင်ညှပ်ပစ်လိုက်တာမျိုး လုံးဝ မလုပ်မိဖို့ လိုပါတယ်နော်။ နှစ်ယောက်စလုံးပါ။ သတို့သမီးလောင်းလေးလည်း ဆံပင်တိုတဲ့အခါ ဆံထုံးထုံးဖို့ ခက်သလို သတို့သားလေးလည်း ခေါင်းပေါင်းမြဲဖို့ တွယ်ချိတ်ရတဲ့အခါ ခက်ခဲနိုင်တာကြောင့်ပါ။

 

 

အလွန်အကျွံ ဝိတ်မချပါနဲ့

 

သတို့သမီးလေးတိုင်း မင်္ဂလာဆောင်တဲ့အခါ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ချကြတယ်မလား။ အလေးချိန်လျှော့ချတာက မင်္ဂလာဆောင်စတင်ပြီး စီစဉ်ကတည်းက ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်တာပါ။ မင်္ဂလာပွဲနီးမှ အလွန်အကျွံ ဝိတ်ချတာမျိုး ရှောင်ရပါမယ်။ ဒါမှ သတို့သမီးလေးတို့ ကျန်းမာရေး မထိခိုက်မှပါ။

 

ဒီနှစ်ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့အနေနဲ့ ရှောင်သင့်တာလေးတွေ ရှောင်ပြီး ဆောင်သင့်တာလေးတွေ ဆောင်ရပါမယ်နော်။ ဒါမှ အဆင်ပြေမှာပါနော်။

 

 

Credit;Marry

Read times Last modified on Wednesday, 31 October 2018 14:39
Rate this item
(1 Vote)