လက်ထပ်တောမည့် မင်္ဂလာမောင်နှံများကို ပြောချင်တာကတော့ ကိုယ်ချစ်ရတဲ့သူနဲ့
လက်ထပ်ရတာက ဘ၀မှာ အပျော်ရွှင်ဆုံးတစ်ခုလို့ ပြောလို့ရပါတယ်။
အိမ်ထောင်တစ်ခုဆိုတာ အချစ်တစ်ခုတည်းနဲ့လည်း တည်ဆောက်လို့မရပါဘူး။
အချစ်ဆိုတဲ့အရာကတော့ ချစ်သူဘ၀မှာတောင် ကြာသွားတာနဲ့အမျှ အရောင်က တဖြေးဖြေးမှေးမှိန် တတ်ကြပါတယ်။
အဲဒီအထဲမှာ အချစ်ဆိုတာကလည်း အဆန်းသား ပူလောင်မှုတွေ၊ သ၀န်တိုမှုတွေ၊ စိတ်မချမှုတွေ၊ စိုးရိမ်စိတ်တွေ အစရှိသဖြင့် အများကြီးရှိပါတယ်။
၎င်းတို့အထဲမှာမှ မေတ္တာကတော့ အေးချမ်းတယ်၊ ပူလောင်ခြင်းကိုလည်း ငြိမ်းစေတယ်၊ စိုးရိမ်စိတ်တွေကိုလည်း ပယ်ပျောက်စေပါတယ်။
နှစ်ဦးစလုံးကတော့ တစ်ဦးကိုတစ်ဦး မေတ္တာရှိနေပြီဆိုရင် သူ့အတွက် ဘာလုပ်ပေးရမလဲ၊ သူဘာတွေလိုအပ်နေလဲဆိုတာကို သူ့အလိုလိုသိလာတတ်ပါတယ်။
အိမ်ထောင်တစ်ခုတည်မြဲဖို့နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ကတော့ နားလည်မှုတွေ၊ သစ္စာရှိမှုတွေ၊ ယုံကြည်မှုတွေ၊ သံယောဇဉ်တွေကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။
အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးကလည်း သူ့တာဝန်သူယူ၊ ဇနီးကလည်း ကိုယ့်တာဝန်ကိုယ်ထမ်းဆောင် ကြမယ်ဆိုရင်တော့ လိုက်ဖက်တဲ့ ဇနီးမောင်နှံ ဖြစ်မှာ အသေချာပါပဲ။