Pre Wedding ရိုက်ကူးမှုအတွက်ရွေးချယ်သင့်တဲ့ ပြည်ပနိုင်ငံများ

Pre Wedding ရိုက်ကူးမှုအတွက်ရွေးချယ်သင့်တဲ့  ပြည်ပနိုင်ငံများ google

ဒီနေ့ခေတ်မှာ Prewedding ရိုက်ကူးမှုဟာလည်း အတော်လေးရေပန်းစားလာခဲ့ပြီဖြစ်တာကြောင့်

 


Myanmar Wedding Guide ပရိတ်သတ်တွေအတွက် Prewedding ရိုက်ကူးဖို့အကောင်းဆုံး ပြည်ပနိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။

 

(၁) ပဲရစ် ( ပြင်သစ်)

 

ပဲရစ်မြို့ဟာ စာပေ၊ဂီတ၊ဖက်ရှင် စတာတွေနဲ့အကျွမ်းတဝင်ရှိလှတဲ့မြို့တစ်မြို့ဖြစ်တာကြောင့် Prewedding ရိုက်ကူးရာမှာ အဆင်ပြေမှာပါ။

 

အီဖယ်မျှော်စင်ကြီးလည်းရှိတာကြောင့် ဖန်တီးမှုအားကောင်းရင်ကောင်းသလို Prewedding ဓာတ်ပုံအလန်းစားလေးတွေရရှိနိုင်ပါတယ်နော်။

 

p7

 

(၂) ဗင်းနစ် ( အီတလီ)

 

အီတလီနိုင်ငံရဲ့ ရေပေါ်မြို့တော် ဗင်းနစ်ဟာ ကမ္ဘာ့အလှဆုံး မြို့များထဲက တစ်ခုဖြစ်ပါတယ်။

 

ဗင်းနစ်ဟာ တကယ်တော့ ရာပေါင်းများစွာသော ကျွန်းကလေးများကို စုပေါင်းထားတဲ့ ပင်လယ်ဆိပ်ကမ်း မြို့ကလေးပါ

 

ဒီကျွန်းငယ်လေးများကို တူးမြောင်းလေးတွေနဲ့ ခြားနားထားပြီး တူးမြောင်းပေါင်း ၁၁၈ ခု ရှိပါတယ်။ ဘယ်နေရာသွားသွား

 

ရေပေါ်ကသာ သွားရတာဖြစ်လို့လှေငယ်လေးတွေပေါ်မှာ Prewedding ရိုက်ကူးမှုကလည်း တစ်မျိုးဆန်းသစ်နေမှာပါနော်။

 

p4

 

(၃) တိုကျို (ဂျပန်)

 

ဂျပန်နိုင်ငံ တိုကျိုမှာ Prewedding ရိုက်ကူးမယ်ဆိုရင်တော့ နှစ်စဉ် မတ်လ 25 ရက်နေ့ကနေ ဧပြီလ 2 ရက်နေ့ထိ ကျင်းပတဲ့

 

ဂျပန်လူမျိုးတွေရဲ့ဟနမိ လို့ခေါ်တဲ့ချယ်ရီပန်းကြည့်ပွဲတော်အတွင်းသွားရောက်ရိုက်ကူးသင့်ပါတယ်နော်။ချယ်ရီပန်းတွေဟာ တစ်နှစ်လုံးမှာ

 

အဲ့ဒီတစ်ပတ်တာပဲပွင့်ကြတာမို့ ပွဲတော်ရက်အတွင်း Prewedding သွားရောက်ရိုက်ကူးမယ်ဆို ချယ်ရီပန်းလေးတွေနဲ့အပြိုင်လှပတဲ့

 

Photoလေးတွေကို ရရှိမှာဖြစ်ပါတယ်နော်။

 

p6

 

ဒီနိုင်ငံတွေကတော့ Pre Wedding ရိုက်ဖို့ အသင့်တော်ဆုံးနိုင်ငံတွေထဲက(၃) နိုင်ငံ ဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under