အမှတ်တရတွေပြည့်နှက်နေတဲ့ Prewedding Photo လေးတွေရရှိလာဖို့ ပြင်ဆင်ထားသင့်တဲ့အချက်များ
အမှတ်တရတွေပြည့်နှက်နေတဲ့ Prewedding Photo လေးတွေရရှိလာဖို့ ပြင်ဆင်ထားသင့်တဲ့အချက်များ google
အားလံုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Prewedding Photo လှလှလေးတွေရရှိလာဖို့ ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကိုဝေမျှပေးချင်ပါတယ်။
Prewedding Photo ရိုက်ကူးမှုဆိုတာကလည်း Actual Wedding လိုပဲပြင်ဆင်စရာတွေများတာဖြစ်လို့သေချာအချိန်ပေးမှသာထောင့်စေ့မှာပဲဖြစ်ပါတယ်။
အရင်ဆုံးကိုယ်လိုချင်ရင် Photo Theme တွေကိုသေချာရွေးချယ်ပြီးပြီဆိုရင် မဂ္ဂဇင်းတွေနဲ့ Pinterest ကနေ Prewedding ပုံလေးတွေကို လေ့လာကြည့်ထားသင့်ပါတယ်။
Prewedding Photo ရိုက်ကူးမယ့်နေရာနဲ့ဝတ်စုံပေါ် မူတည်ပြီး မိတ်ကပ်လိမ်းချယ်နည်းမှန်ကန်ဖို့ကလည်းအရေးကြီးတာဖြစ်လို့ Makeup Artist နဲ့တိုင်ပင်ညှိနှိုင်းကာ မိတ်ကပ်အစမ်းလိမ်းကြည့်တာမျိုးတွေလည်းလုပ်ကြည့်ထားဖို့လိုပါမယ်။
Romantic ဆန်ပြီး ရိုးရှင်း လှပတဲ့ Prewedding ဓာတ်ပုံလေးတွေကသာဘယ်ချိန်ပြန်ကြည့်ကြည့်လှပနေတတ်တာဖြစ်လို့ Photo ရိုက်ကူးတဲ့နေရာမှာ ထူးခြားတာတွေချည်းပဲစဉ်းစားစရာတော့ မလိုပါဘူးနော်။
ကိုယ့်ခန္ဓာကိုယ်အချိုးအစား၊အရပ်အမောင်းနဲ့အသားအရေပေါ်အခြေခံပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် ဝတ်စုံလေးတွေကိုရွှေးချယ်တတ်ဖို့ကတော့ အရေးကြီးပါတယ်။
ဒီဇိုင်နာနဲ့ တိုင်ပင်ကာ ဝတ်စုံကို Fitting ချတာကအစAccessories သုံးတာကအဆုံးကြိုတင်ပြုလုပ်ထားသင့်ပါတယ်။
နောက်ဆုံးမှာတော့ Photographer ကို ကိုယ်ရွေးချယ်ထားတဲ့ Theme ကိုပြောပြပြီး အကြံဉာဏ်ရယူပါ။
ဒီနေရာမှာတော့ Photographer ရဲ့ကျွမ်းကျင်မှု၊အချိန်ပေးစိတ်ရှည်မှုနဲ့ အနုပညာဖန်တီးနိုင်မှုစွမ်းရည်တွေပါ လိုအပ်တာဖြစ်လို့Photographer ရွေးချယ်တဲ့နေရာမှာ တိကျသေချာမှုရှိဖို့လိုအပ်ပါတယ်။
ရွေးချယ်ထားတဲ့ Photographer,Makeup Artist နဲ့ Designer တို့အပေါ်ယုံကြည်မှုထားကာ Prewedding Shooting လုပ်မယ်ဆိုရင်တော့ အမြဲအမှတ်တရဖြစ်နေမယ့် Prewedding Photo လေးတွေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။
Reference:herworld.com
Silk Wear ပိုးထည်ဆိုင်များကိုရှာရန် နှိပ်ပါ။
pwe
pwe2
Zawgyi ဖြင့်ဖတ်ရန်...
pwe3
pwe4
Myanmar Wedding Guide
jjjj
Read times Last modified on Wednesday, 19 February 2020 10:56
Rate this item
(0 votes)
Tagged under