Wednesday, 20 November 2019 14:38

အမေရိကန်-တရုတ်ကုန်သွယ်မှုစစ်ပွဲအပေါ်သက်ရောက်မှုရှိနေတဲ့ကမ္ဘာ့ရွှေဈေးကွက်

နိုဝင်ဘာလ ၂၀ ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ 1474.8 ပေါက်ဈေးရှိနေပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ဈေးနဲ့ယှဉ်ပါက ၀.၅၀ ဒေါ်လာဈေးမြင့်တက်လာတာကိုတွေ့ရပါတယ်။ ရာခိုင်နှုန်းအနေဖြင့် ၀.၀၃ ရာခိုင်နှုန်းမြင့်တက်လာတာကိုတွေ့ရှိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၅၆.၉၀ ဒေါ်လာဈေးထိနိမ့်ကျနေပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့

ကမ္ဘာ့ရွှေဈေးက အမေရိကန်ဒေါ်လာ ၁၄၇၅.၄၀ ဒေါ်လာဈေးထိမြင့်တက်သွားပါတယ်။

အခုလက်ရှိမှာလည်းကမ္ဘာ့ရွှေဈေးနှုန်းက တဖြည်းဖြည်းမြင့်တက်လာတာကိုတွေ့မြင်နေရပါတယ်။

ဒီလိုကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်တွေအပေါ်အခွန်တိုးမြှင့်ကောက်ခံ

မယ်လို့ခြိမ်းခြောက်ပြီးတဲ့နောက်မှာတော့ အမေရိကန်နဲ့တရုတ်တို့ရဲ့ကုန်သွယ်မှုအပေါ်စိုးရိမ်မှုတွေမြင့်တက်လာခြင်းရဲ့အကျိုးသက်ရောက်မှု ပဲဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ယခုလက်ရှိဖြစ်နေတဲ့ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ပတ်သက်တဲ့ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်ကနေပဲ

အတည်ပြုပြဌာန်းလိုက်တဲ့အတွက်ပဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ပြည်တွင်းရွှေဈေးနှုန်းအခြေအနေကတော့ အခေါက်ရွှေတစ်ကျပ်သားကတော့ ၁၁၈၇၀၀၀ ကျပ်ရှိပြီးတော့

နိုဝင်ဘာလ ၁၉ ရက်နေ့ဈေးနှုန်းနဲ့နှိုင်းယှဉ်ပါက ၁၅၀၀ ကျပ်တက်လာတာကိုတွေ့ရပါတယ်။

<<< Unicode >>>