သတို့သမီးဝတ်စုံ ကြောင့် အိမ်မက်တွေ တကယ်ဖြစ်လာတဲ့ အမျိုးသမီး

သတို့သမီးဝတ်စုံ ကြောင့် အိမ်မက်တွေ တကယ်ဖြစ်လာတဲ့ အမျိုးသမီး

Artist တိုင်းမှာ သူတို့ ဒီလက်ရာကို ဘာကြောင့်ဖန်တီးလဲ ဆိုတဲ့ နောက်ကွယ်က သမိုင်းကြောင်းတွေ ရှိပါတယ်။ ဖန်တီးမှုလက်ရာ တစ်ခုဆိုတာကလည်း အကြိမ်ကြိမ် ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေ ဒါတွေအားလုံးကို ကျေ်ာဖြတ်ပြီးမှ ရတာမျိုးပါ။

 

Taylor Ann Linko  ဆိုတဲ့ အမျိုးသမီးကတော့ သူမရဲ့ အိမ်မက်က Artist တစ်ယောက် ဖြစ်လာဖို့ပါ။ မူလတန်းကျောင်းသူဘဝတည်းက ဒီလို ဖြစ်ချင်လာခဲ့တဲ့ သူမဟာ သစ်သီးခြင်းတွေကို အလှဆင်ပြီး  မိခင်ရဲ့ သူငယ်ချင်းတွေကို ရောင်းချခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေနဲ့  ကြုံခဲ့ရပေမယ့် အိမ်မက်က လက် ထပ်ပြီး လအနည်းငယ်အကြာမှာ အ ကောင်အထည် ပေါ်လာခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ boredpanda မှာ ဖော်ပြထားတာပါ။

 

 Capture.JPG

 

မင်္ဂလာဆောင်မှာ သူမကြိုက်တဲ့ စိတ်တိုင်းကျ သတို့သမီး ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။ သူမရဲ့ မင်္ဂလာပွဲ မတိုင်ခင် လပိုင်း အလိုမှာတော့ သူများနဲ့ မတူ ထူးခြားတဲ့ မင်္ဂလာ သတို့သမီးဝတ်စုံကို ဝတ်မယ်ဆိုပြီး စိတ်ကူးရခဲ့တာပါ။ ဝတ်စုံရဲ့ အပေါ် ပိုင်းကတော့ ပုံမှန်ဆိုပေမယ့် အောက်မှာတော့ မီးတောက်တွေလိုမျိုး ဆေးခြယ်ခဲ့တာပါ။
 
 
6.JPG
 
 
၀တ်စုံကိုဝယ်ပြီး တခြားဖန်တီးမှု အတွက်ကတော့ တစ်ပတ်လောက် အချိန်ယူ ဖန်တီးခဲ့တာပါ။ ဆေးခြယ်ဖို့အတွက် က Brush ကိုပဲ သုံးခဲ့တာပါ။ ဝတ်စုံမှာ ဆေးမခြယ်ခင် အရောင်စမ်းတာမျိုးကိုလည်း လုပ်ခဲ့ပါတယ်။ သူမရဲ့ ဖန်တီးမှုတွေ အပြီးမှာတော့ သူများနဲ့ မတူ ထူးခြားတဲ့ ဝတ်စုံ ထွက်ပေါ် လာခဲ့ပါတယ်။
 
 
5.JPG
 
 
 
လက်ထပ်ပြီး လ အနည်းငယ်အကြာမှာတော့ သူမရဲ့ ဝတ်စုံကို သတိထားမိတဲ့ လူတွေရဲ့ တဆင့်စကား တစ်ဆင့်နားကြားတွေကြောင့် သူမရဲ့ အရည်အချင်းကို အသိအမှတ်ပြု သူတွေ များလာပါတယ်။ နောက်ပိုင်းမှာတော့ UK က Page တစ်ခုမှာ ဖော်ပြခံခဲ့ရပါတယ်။
 
 
4.JPG
 
 
2.JPG
 
သူမရဲ့ သတို့သမီး ဝတ်စုံက အွန်လိုင်း ပေါ် မှာ  အရမ်း နာမည်ကြီး ခဲ့ပါတယ်။ အဲ့ဒီမှာပါ လူရာ ပေါင်းများစွာက သူတို့ရဲ့ ဝတ်စုံ တွေကိုလည်း ဆေးခြယ် ပေး ဖို့ တောင်း ဆိုခဲ့ ကြပါတယ်။ Taylor Ann Linko က လည်း သဘောတူလိုက်ပြီး သူမ ဖြစ်ချင်တဲ့ အိမ်မက်က  အကောင် အထည် ပေါ် လာခဲ့တာပါ။ အခုဆိုရင်တော့ Full Time Artist အ ဖြစ်ပါ ရပ်တည် နေပါပြီ။
 
 
Sourceး Shwe Mon

 

 

 

 

 

 

 

Read times
Rate this item
(5 votes)