GIA Certificate မှာ တွေ့ရမဲ့ စိန်ရဲ့ အရောင်များ

GIA Certificate မှာ တွေ့ရမဲ့ စိန်ရဲ့ အရောင်များ Google

စိန်နဲ့ပါတ်သက်ပြီး GIA ကထုတ်တဲ့ Certificate မှာပါတဲ့ ဖေါ်ပြချက်လေးတွေကို ရှေ့ကနောင်တော်ကြီးများ၊ ဆရာကြီးများ ဖေါ်ပြပြီးမှာ ဖြစ်ပေမယ့် ထပ်မံပြီး ရှယ်ပါရစေ......

 

No description available.

COLOUR အရောင် ဖေါ်ပြချက်....


D,E,F --> အရောင်မရှိတဲ့ အဖြူရောင်ပါ. D က အရောင်အသန့်စင်ဆုံးပါ
G,H,I, J-K --> အရောင်မရှိသလောက် ထင်ရတဲ့အဖြူရောင်ပါ
L-M & N-Z --> သိသာထင်ရှားတဲ့ အရောင်ရှိနေပါတယ်

 

No description available. 

 

CLARITY အနာကင်းစင်မှုဖေါ်ပြချက်.....


FL --> အနာလုံးဝကင်းစင်တဲ့ အသန့်ပါ
IF --> အပြင်ဘက်မှာ ခြစ်ရာ၊အစင်းရာလေးတွေရှိနိုင်ပေမယ့် ကျောက်အတွင်းသားမှာတော့ အနာလုံးဝကင်းစင်ပါတယ်
VVS1, VVS2, VS1 & VS2 --> အနာသေးသေးလေးတွေရှိပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ကျောက်မျက်စမ်းသတ်သူတွေ ၁၀ဆချဲ့မှန်ဘီးလူးနဲ့ကြည့်ရင်တာင် မြင်တွေ့ဖို့ခက်ခဲလှပါတယ်
SI1 & SI2 --> ကျွမ်းကျင်ကျောက်မျက်စမ်းသတ်သူတွေ ၁၀ဆချဲ့မှန်ဘီလူးနဲ့ကြည့်ရင် အနာလေးတွေကို မြင်တွေ့နိုင်ပါတယ်
I1, I2 & I3 --> အနာလေးတွေကို သာမာန်မျက်စေ့နဲ့ မြင်တွေ့နိုင်ပါတယ်။

 No description available.

 

By Sandy (Gold & Jewellery Buying Guide)

Read times Last modified on Tuesday, 01 December 2020 17:16
Rate this item
(0 votes)
Tagged under