ဂိမ်းကစားနေတာကြောင့် ကိုယ်ပိုင်မင်္ဂလာပွဲကိုတက်ရောက်ကျင်းပဖို့တောင် ငြင်းဆန်ပစ်ခဲ့တဲ့ gamerသတို့သမီး

ဂိမ်းကစားနေတာကြောင့် ကိုယ်ပိုင်မင်္ဂလာပွဲကိုတက်ရောက်ကျင်းပဖို့တောင် ငြင်းဆန်ပစ်ခဲ့တဲ့ gamerသတို့သမီး elitereaders

သတို့သမီးတွေအားလုံးဟာ သူတို့ရဲ့ အထူးနေ့ကြီးမှာ စိတ်ကိုတည်ငြိမ်သွားအောင်လုပ်ရတဲ့အထိ ဖြစ်ကြရပြီး မင်္ဂလာပွဲကိုလည်း အဆင်ပြေပြေနဲ့ ပြီးဆုံးစေချင်တတ်ကြပါတယ်။

 

ဒါပေမဲ့ တရုတ်နိုင်ငံရှိ ဒီသတို့သမီးလောင်းကတော့ League of Legends ဂိမ်းက ကစားပွဲကိုအပြီးသတ်နိုင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်မင်္ဂလာပွဲကိုတောင် တက်ရောက်ဖို့ငြင်းဆန်ပစ်ခဲ့ပါတယ်။ အဆိုပါသတို့သမီးဟာ သူမရဲ့မင်္ဂလာပွဲအတွက် အရမ်းကိုနောက်ကျနေခဲ့ပြီး မင်္ဂလာပွဲဧည့်သည်တွေထဲမှတစ်ဦးက သူမဟာ ကွန်ပျူတာဆိုင်တစ်ဆိုင်မှာ ဂိမ်းကစားနေကြောင်းသိရှိခဲ့ရတာကြောင့် သူမရဲ့မိဘတွေ၊ အနာဂတ်ယောက္ခမကြီးတွေနဲ့ ခင်ပွန်းဖြစ်သူတို့က သူမအား ဂိမ်းကိုအဆုံးသတ်ပြီး ကွန်ပျူတာဆိုင်မှထွက်ခွါဖို့ မရမကတောင်းပန်နေခဲ့ပေမဲ့ သူမဟာ ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ သတို့သမီးဟာ ဂိမ်းကစားနေတုန်း အဖြူရောင်မင်္ဂလာဆောင်ဂါဝန်ဝတ်ဆင်ထားပြီး ဆံပင်နဲ့ မိတ်ကပ်လည်းလိမ်းခြယ်ပြင်ဆင်ပြီးနေပါပြီ။

 

 

ပြိုင်ဘက်တွေနဲ့ တင်းမာနေတဲ့ကွင်းလယ်တိုက်ပွဲမှာပါဝင်ပတ်သက်နေတာကြောင့် သူမဟာ ထိုင်ခုံမှထဖို့ငြင်းဆန်ခဲ့ပြီး သူမကစားပွဲပြီးဆုံးသွားတဲ့အထိ အချိန်အနည်းငယ်ပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။” ကလေး လာ၊ ငါတို့သွားရတော့မယ် “လို့ သတို့သမီးရဲ့ယောက္ခမက ပြောနေခဲ့ပြီး “အခမ်းအနားမကြာခင်စတော့မယ် “လို့ သူမရဲ့သတို့သားက ဘေးကနေသာ အော်ဟစ်နေခဲ့ပါကြတယ်။သူတို့အားလုံးက သတို့သမီးကစားတာကို မရပ်တန့်နိုင်တာကြောင့် ဖခင်ဖြစ်သူက သတို့သားကိုပါးရိုက်ပစ်ပြီး ” မင်းဘာဖြစ်နေတာလဲ? မင်းရဲ့ဇနီးကိုတောင် မင်းမထိန်းချုပ်နိုင်ဘူးလား အခုချက်ချင်း သူ့ကို ဆွဲထုတ် “ လို့ ဒေါသထွက်နေတဲ့သတို့သားဖခင်ကဆိုခဲ့ပါတယ်။

 

 

အဲ့ဒီနောက်သတို့သားက သူ့ရဲ့သတို့သမီးကိုနောက်ဆုံးအကြိမ်တောင်းဆိုခဲ့ပြီးနောက် သူနဲ့သူရဲ့သူငယ်ချင်းနှစ်ယောက်က သူမအားထိုင်ခုံပေါ်ကနေဆွဲထုတ်ပြီး ကွန်ပျူတာဆိုင်ရဲ့အဝေးကို ဆွဲခေါ်သွားခဲ့လိုက်ကြပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာတော့ သတို့သမီးဟာ မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့မကျင်းပနေနိုင်ခဲ့ပါဘူး။ လူအချို့ကလည်း သူတို့ကလူသိများတဲ့ဗီဒီယိုဖြစ်စေဖို့အတွက်သာ တမင်ရိုက်ကူးစီစဉ်ထားတယ်လို့လည်း ထင်ကြေးပေးထားကြပါသေးတယ်။

 

Source : elitereaders

Read times
Rate this item
(0 votes)