ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု ရေတွင်းတူးနေစဉ် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု ရေတွင်းတူးနေစဉ် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စုကို အိမ်နောက်ဘက် ခြံဝင်းထဲ ရေတွင်းတူးရာမှ တွေ့ရှိခဲ့ပါတယ်။ 

ကျောက်ကုန်သည်တစ်ဦးက ပြောကြားခဲ့တာမှာ ကျောက်မျက်ရတနာတွေ ထွက်ရှိတဲ့ ဧရိယာမှာ အလုပ်သမားတွေ ရေတွင်းတူးကြရာမှ တွေ့ရှိခဲ့တယ်။

ကျွမ်းကျင်သူတွေက ပြောကြားခဲ့တာမျာ နီလာကျောက်စုရဲ့ အရောင်ဟာ အပြာဖျော့ဖျော့ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ ရောင်းချရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရနိုင်တယ်။

အဆိုပါ နီးလာကျောက်စု ကျောက်တုံးကြီးကို တွေ့ရှိခဲ့တဲ့နေရာက သီရိလင်္ကာနိုင်ငံရဲ့ရတနာမြေဖြစ်တဲ့ ရက်နာပူရမှာ ဖြစ်ပါတယ်။

နီလာကျောက်စု ကျောက်တုံးကြီးရဲ့ အလေးချိန်က ၅၁၀ ကီလိုဂရမ် ရှိပြီး ကာရက် ၂.၅ သန်း ရှိပါတယ်။ နီလာကျောက်စုကျောက်တုံးကြီးကို စာရင်ဒီပတီ နီလာ "Serendipity Sapphire” လို့ အမည်ပေးထားကြတယ်။

နီလာကျောက်စု ပိုင်ရှင်က ရတနာကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး တတိယမြောက်မျိုးဆက် ဖြစ်ပါတယ်။ သူက အာဏာပိုင်တွေကို နီလာကျောက်စု ကျောက်တုံးကြီး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ပါတယ်။ တွေ့ရှိပြီးတဲ့နောက်မှာ ကျောက်တုံးကြီးကို ဆေးကြောသန့်စင်မှု ပြုတာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။
ကျောက်သားတွေ ဖဲ့ထုတ်တဲ့အခါ နီလာကျောက်အချို့လည်း ပဲ့ပါလာခဲ့ပါတယ်။ အရည်အသွေးကောင်းတဲ့ ကြယ်နီလာတွေ ဖြစ်ကြောင်း သိခဲ့ရတယ်။

 

Screenshot_2021-07-28_221100.jpg

 

ရက်နာပူရဟာ ကျောက်မျက်မြို့တော်လို့Screenshot_2021-07-28_221100.jpgအဓိပ္ပာယ် ရပါတယ်။ အဖိုးတန် ကျောက်မျက်တွေ တူးဖော်တဲ့မြို့ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နီလာနဲ့ အခြားအဖိုးတန်ကျောက်မျက်များ ပြည်ပသို့ တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့မှစ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ကို ကျောက်မျက်များ၊ သွေးပြီးသား စိန်များနဲ့ လက်ဝတ်ရတနာများ ပြည်ပတင်ပို့ခြင်းဖြင့် ရရှိခဲ့ပါတယ်။

 

Screenshot_2021-07-28_221345.jpg

 

ကျောက်မျက်ပညာရှင် Dr Gamini Zoysa က အခုလောက် ကြီးမားတဲ့ ကျောက်မျက်အရွယ်အစားကို တစ်ခါမှ မြင်ဖူးကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀၀ ဝန်းကျင်က ကျောက်မျက်အဖြစ် ဖွဲ့တည်ခဲ့တာ ဖြစ်မယ်လို့ ဆိုပါတယ်။

ယခု နမူနာ ရရှိတဲ့ ကျောက်မျက်အပိုင်းအစတွေက အရည်အသွေးမြင့်မားတာ မှန်သော်လည်း အတွင်းပိုင်းမှာ ရှိနေတဲ့ ကျောက်မျက်တွေလည်း အလားတူ အရည်အသွေး မြင့်မားမယ်လို့ အာမခံချက် မရှိဘူးလို့ ကျောက်မျက်ကျွမ်းကျင်သူအချို့က ဆိုပါတယ်။


စာရင်ဒီပတီ နီလာကို ခွဲပြီးမှ ရောင်းချမယ့်အစား အတုံးလိုက်ကြီး ရောင်းချဖို့ ကြိုးစားသွားမယ်။ ပြတိုက်တွေ၊ ကျောက်မျက် စုဆောင်းသူတွေ ဝယ်ယူသိမ်းဆည်းထားဖို့ စိတ်ဝင်စားကြလိမ့်မယ်လို့ National Gem and Jewellery Authority ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။

Source: .bbc.com

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု

 

 

 

Read times Last modified on Thursday, 29 July 2021 09:47
Rate this item
(0 votes)