စိန်ဈေးကွက်ထဲ နေရာရလာသည့် ဓာတ်ခွဲခန်းစိန်

စိန်ဈေးကွက်ထဲ နေရာရလာသည့် ဓာတ်ခွဲခန်းစိန်

စိန်ဈေးကွက်ထဲ နေရာရလာသည့် ဓာတ်ခွဲခန်းစိန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အမေရိကန် စိန်ဈေးကွက်တွင် ဓာတ်ခွဲခန်းစိန် ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၁၆% ပိုများခဲ့သည်။

ဓာတ်ခွဲခန်းစိန် ကုန်ကျစရိတ်သည် မြေအောက်မှ ရသည့် သဘာဝစိန် ကုန်ကျစရိတ်၏ အစွန်းထွက်မျှသာ ရှိသည်။

.

(၁)

စိန်တစ်ပွင့် ဖန်တီးရန် စွမ်းအင်ပမာဏ အများအပြား လိုအပ်သည်။ ၎င်းစွမ်းအင်ကို မည်သို့သော နည်းလမ်းများဖြင့် ရရှိကြသနည်း။

.

ဓာတ်ခွဲခန်းစိန် ထုတ်လုပ်သည့် လုပ်ငန်းကြီးများသည် ၎င်းတို့ လုပ်ငန်းလည်ပတ်ပုံကို ပွင့်လင်းမြင်သာမှု မရှိကြချေ။ 

.

ဓာတ်ခွဲခန်းစိန် ထုတ်လုပ်သည့် ကုမ္ပဏီ အများအပြား ရှိနေပြီး ၎င်းတို့ သုံးစွဲသည့် လျှပ်စစ်ဓာတ်အားတွင် ၇၅% သည် လေထုညစ်ညမ်းစေသည့် 

 ကျောက်မီးသွေး လောင်စာကို သုံးစွဲသည့် ဓာတ်အားစက်ရုံများထံမှ ရရှိသည်။ 

Greenlab Diamonds အပါအဝင် ကုမ္ပဏီအချို့တို့ကသာ ဆိုလာစွမ်းအင်ကို သုံးစွဲကြသည်။ 

.

တရုတ်နိုင်ငံတွင်လည်း ဓာတ်ခွဲခန်းစိန်များ အများအပြား ထုတ်လုပ်သည်။ ထင်ရှားသည့် ကုမ္ပဏီများ ဖြစ်သည့် 

 • Henan Huanghe Whirlwind

 • Zhuhai Zhong Na Diamond

 • HeNan LiLiang Diamond

 • Starsgem Co. 

 • Ningbo Crysdiam

တို့သည် ဓာတ်ခွဲခန်းစိန် ထုတ်လုပ်သည့် အကြီးမားဆုံးလုပ်ငန်းများ ဖြစ်သည်။

၎င်းတို့ သုံးစွဲသော လျှပ်စစ်စွမ်းအင် ရင်းမြစ်ကို ထုတ်ဖော် ပြောကြားခြင်း မပြုကြချေ။

.

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ထက်ဝက်ကျော်သည် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားစက်ရုံများ ထံမှ ရရှိသည်။

.

သို့ဖြစ်ရာ အိန္ဒိယန‌ှင့် တရုတ်တို့မှာ ထုတ်လုပ်သည့် စိန်အများစုသည် ကျောက်မီးသွေးဖြင့် ထုတ်လုပ်ထားသော စွမ်းအင်ကို သုံးစွဲကြသည်။ 

.

(၂)

ဓာတ်ခွဲခန်းစိန်များ ထုတ်လုပ်ရန် ကာဘွန်ကို မြင့်မားသော ဖိအား၊ မြင့်မားသောအပူချိန်ဖြင့် ရက်သတ္တပတ် အတန်ကြာ ထားကြသည်။

ကမ္ဘာမြေအောက်တွင် စိန်များ ဖြစ်ပေါ်လာ‌ေစသည့် သဘာဝ အခြေအနေများကို အတုယူထားခြင်း ဖြစ်သည်။ 

.

ဓာတ်ခွဲခန်းစိန် နည်းပညာသည် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ရှိနေသည်။ ဓာတ်ခွဲခန်းစိန်ကို လုပ်ငန်းသုံး အဖြစ်ဖြင့်သာ သုံးခဲ့ကြသည်။ ကျောက်ဖြတ်ခြင်း၊ မြေအောက် တူးဖော်ခြင်း၊ သွားကုသမှု ကိရိယာများ အစရှိသည်တို့တွင် အသုံးပြုခဲ့ကြသည်။ 

ထိုစဉ်က ဓာတ်ခွဲခန်းစိန်များတွင် အပြစ်အနာများ ပါလေ့ရှိသည်။ လုပ်ငန်းသုံး ဖြစ်သဖြင့် အပြစ်အနာများနေခြင်းသည် အကြောင်းမဟုတ်ချေ။

နည်းပညာနှင့် ဓာတ်ခွဲခန်းတို့ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ဓာတ်ခွဲခန်းစိန်များသည် အရည်အသွေး မြင့်မားလာသည်။ အနာအဆာ မများတော့ချေ။ နည်းပညာနှင့် ပစ္စည်းကိရိယာများ တိုးတက်ကောင်းမွန်လာသည့်အလျောက် ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း သက်သာလာသည်။

 

ဓာတ်ခွဲခန်းစိန်ကို လိုချင်သည့် အရွယ်အစား၊ လိုချင်သည့် အရည်အသွေး၊ လိုချင်သည့် အရေအတွက် ထုတ်လုပ်ပေးနိုင်လာသည်။ သို့ဖြစ်ရာ ဈေးကျဆင်းသွားသည်။ 

 

သဘာဝစိန်သည်  စိန်ဖြစ်လာဖို့ နှစ်ပေါင်း ဘီလီယံချီကြာသည်။ တွေ့ဖို့ ခဲယဉ်းသည်။ သို့ဖြစ်ရာ ဈေးတည်ငြိမ်သည်။ 

 

(၃)

ဓာတ်ခွဲခန်းတွင် ထုတ်လုပ်သည်ဖြစ်စေ သဘာဝအတိုင်း ရရှိသည်ဖြစ်စေ စိန်များသည် ဓာတုဗေဒအရ ထပ်တူထပ်မျှ တူညီပြီး ကာဗွန်ဖြင့် ပြုလုပ်ထားသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များသည် သဘာဝစိန်နှင့် ဓာတ်ခွဲခန်းစိန်တို့ကို ခွဲခြားနိုင်ပါသည်။

 

ဓာတ်ခွဲခန်းစိန်များသည် ဈေးသက်သာခြင်း၊ မျိုးဆက်သစ်လူငယ်များက ဓာတ်ခွဲခန်းစိန်ကို လိုလားခြင်းတို့ကြောင့် လက်ဝတ်ရတနာ စိန်ဈေးကွက်ထဲ ဈေးကွက်ဝေစု တိုးလာခဲ့ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးအနေဖြင့် ဓာတ်ခွဲခန်းစိန်များသည် လက်ဝတ်ရတနာ စိန်ဈေးကွက်ထဲမှာ  စျေးကွက်ဝေစု ၅-၆ ရာခိုင်နှုန်း ရရှိထားပါသည်။

 Source fortune


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)