နေရာတကာအသန့်ကြိုက်လွန်းတဲ့သတို့သားရဲ့မင်္ဂလာဦးည …. တစ်ရှူးလေးနဲ့သုတ်ပါရစေ

နေရာတကာအသန့်ကြိုက်လွန်းတဲ့သတို့သားရဲ့မင်္ဂလာဦးည …. တစ်ရှူးလေးနဲ့သုတ်ပါရစေ google.com

တစ်ရှူးလေးနဲ့သုတ်ပါရစေ …

ချစ်သူနှစ်ယောက်ရှိတယ်

ကောင်လေးက သိပ်အသန့်အပြန့်ကြိုက်တာ

ကောင်မလေးကိုလည်း အရမ်းဂရုစိုက်တယ်

စားသောက်ဆိုင်များ နှစ်ယောက်သား ထိုင်မိရင်

ကောင်မလေး ထိုင်မယ့်ခုံ ကောင်မလေး သောက်မယ့်ရေခွက်က အစ

တစ်ရှူးလေးနဲ့စိတ်ကျေနပ်အောင်သုတ်ပေးပြီးမှ စားခိုင်းသောက်ခိုင်းတာ

သူကိုယ်တိုင်လည်း အဲ့လိုပဲ

ဘာစားစား ဘာသောက်သောက်

တစ်ရှူးလေးနဲ့သုတ်လိုက်ရမှကျေနပ်တာ

ကောင်မလေး ခမျာ

ကောင်လေးရဲ့ ဂရုစိုက်မှု

တွေကိုအရမ်းရင်ခုန်ရတာပေါ့

ကောင်လေးက စည်းကမ်းလည်းရှိတယ်

ချစ်သူသက်တမ်းအတွင်း

ကောင်မလေးကိုပခုံးဖက်ရုံလွဲလို့ စည်းလဲမကျော်ဘူးတဲ့

ကဲကြည့်

ဘယ်လောက်

ယောင်္ကျားပီသလိုက်သလဲလို့

ဒါကြောင့်လည်း

ကောင်လေးက လက်ထပ်ခွင့်တောင်းတော့

တစ်ခါတည်းခေါင်းညိတ်ပြီး လက်ခံလို့

လူကြီးစုံရာနဲ့လက်ထပ် ထိမ်းမြားလိုက်ကြတာပေါ့

အဟဲ

ဒါနဲ့

မင်္ဂလာဦးည ရောက်လာတယ်ဆိုပါတော့ဗျာ

ကဲလာပြီနော် 18+ အခန်းလေး

မျက်တောင်မခတ်နဲ့ အသက်မရှူနဲ့ သေချာဖတ်

လာပြီ

သတို့သမီးက ကုတင်ပေါ်မှာ တစ်စောင်းလေးထိုင်လို့

ခေါင်းလေးငုံ့ပြီး ရှက်သွေးဖြာနေတာပေါ့

သတို့သားကလည်း ဘေးနားမှာလာထိုင်ပြီး

သတို့သမီး မျက်နှာလေးကိုကြည့်လို့ပေါ့

နှစ်ယောက်သား ရင်ထဲမှာ ဒိန်းတပ်တပ်နဲ့

ကုလားဘုရား လှည့်နေကြတာပေါ့လေ

ဒီအချိန်

သတို့သားက

“အင်း” ဆိုပြီး ထ လိုက်တယ်ဆိုရင်ပဲ

ကောင်မလေးက လန့်ပြီး တွန့်ကနဲဖြစ်သွားတာပေါ့

ဒန် တန့် တန်

ဒါနဲ့ သတို့သားက

“အိပ်ကြရအောင်နော် ချစ်”

ဆိုပြီး

သတို့သမီး ပခုံးလေးကို ကိုင်ပြီး

အိပ်ယာပေါ်လှဲချလိုက်တယ်

ပြီးတော့ ကောင်မလေးရဲ့အပေါ်အင်္ကျီလေးကို အသာအယာချွတ်

သေသေချာချာခေါက်ပြီး ဘေးမှာတင်ထားလိုက်တယ်

ကောင်မလေးလည်း ရင်တွေခုန်လို့ပေါ့

နောက်တစ်ခါ

ကောင်မလေးရဲ့အောက်ခံအင်္ကျီလေးကိုလည်း အသာအယာဆွဲချွတ်လိုက်ပြီး

သေသေချာချာခေါက်လို့ ဘေးမှာတင်ထားလိုက်ပြန်တယ်

ဒီလို

သတို့သားရဲ့ယုယုယယ ကိုင်တွယ်မှုကိုကြည့်ပြီး

ကောင်မလေးလည်း အသက်မရှူရဲလောက်အောင် ရင်တွေခုန်လို့ပေါ့

တဖန်

သတို့သားက ကောင်မလေးရဲ့အတွင်းခံ ဘရာကိုလည်း

ယုယုယယ လေးဆွဲချွတ်

မရဘူး

ကြင်ကြင်နာနာလေး ဆွဲချွတ်

မရပြန်ဘူး

ဘယ်ရမလဲ ချိတ်တွေက ကျောမှာကိုး

ဒါနဲ့

သတို့သားလည်း စိတ်မရှည်ဘဲ

ကတ်ကြေး သွားယူလာတော့

ကောင်မလေးက မျက်လုံးပြူးသွားပြီး

“နေနေ ချစ်ဖြုတ်ပေးမယ်” ဆိုပြီး

ဖြုတ်ပေးလိုက်ရတယ်

ဒါကိုလည်း သူက

ယုယုယယလေးယူပြီး ခေါက်တော့

မရဘူး

ပြန်ခေါက်တယ်

မရဘူး

ဘယ်ရမလဲ

ဘရာစီယာကို သွားခေါက်နေတာ

နောက်ဆုံး

ခေါက်မရတော့မှ

ကုတင်အောက် လှမ်းပစ်ချလိုက်တယ်

အဲ့မှာ

ကောင်မလေးရဲ့ အပေါ်ပိုင်းက

ဟာလာ ဟင်းလင်း ဖြစ်သွားပြီ

ဒီတော့

ကောင်မလေးလည်း ရှက်ပြီး

လက်နှစ်ဖက်နဲ့ အုပ်ထားရတာပေါ့

ကဲ

ကောင်မလေးကို ချွတ်ပြီးသွားတော့

သတို့သားက

သူ့အင်္ကျီကိုလည်း အဲ့လိုပဲ

ယုယုယယလေးချွတ်

သေသေချာချာလေးခေါက်

ဘီရိုထဲသွားထည့်

တစ်ခါ

ပုဆိုးကိုလည်း အသာအယာချွတ်

သေသေချာချာလေးခေါက်

ဘီရိုထဲသွားထည့်

လုပ်နေတာ လုပ်နေတာ

ကောင်မလေးက

အပေါ် ဟာလာဟင်းလင်းနဲ့ အအေးပတ်တော့မယ်

သူက အ၀တ်ခေါက်လို့ကောင်းတုန်း

အဲ့လိုနဲ့

နာရီဝက်လောက် အကြာမှာတော့

နှစ်ယောက်လုံး ပြောင်သလင်းရှင်းသွားကြပြီ ဆိုပါတော့ဗျာ

ဒန် တန့် တန်

လာပြီနော် ဟိဟိ

ဒါနဲ့

ကောင်လေးက စားပွဲပေါ်က တစ်ရှူးဗူးလေးကိုယူ

အိပ်ယာဘေးမှာ ထားလိုက်ပြီး

ကောင်မလေးရဲ့ ဘေးမှာ

အသာအယာလေး လှဲလျောင်းလိုက်တယ်

ပြီးတော့

တစ်ရှူးဗူးထဲက တစ်ရှူးတစ်စကို

ဆွဲထုတ်ယူ

ကောင်မလေးရဲ့နဖူးကို ညင်ညင်သာသာလေး သုတ်လိုက်ပြီး

“ပြွတ်” ဆိုနမ်းလိုက်ပြန်ရော

ဒီတော့

ကောင်မလေးလည်း ရင်ခုန်ရမယ့် အစား

စိတ်တိုလာတာပေါ့

သတို့သား လုပ်ပုံက

သူနမ်းမယ့်နေရာတိုင်းကို တစ်ရှူးနဲ့လိုက်သုတ်နေတာလေ

တစ်ခါ

ကောင်မလေးရဲ့ ရင်ညွန့်လေးကိုလည်း

တစ်ရှူးနဲ့သုတ်ပြီး နမ်းမယ်အလုပ်

သတို့သမီးက

“၀ုန်း” ဆိုပြီး သူ့ကိုဆောင့်တွန်းချလိုက်ပြီး

“ရှင် ရှင် ဒါဘာလုပ်နေတာလဲ”

“ဘာလုပ်လို့လဲ ချစ်ရယ် - ဒါမင်္ဂလာဦး ညလေ”

“မင်္ဂလာဦးညကိုပြောနေတာမဟုတ်ဘူး - ဘာလို့ ကျွန်မကိုတစ်ရှူးနဲ့လိုက်သုတ်နေတာလဲ”

“သြော်ဒါကတော့အချစ်ရယ် - ပိုးမွှားတွေဆိုတာ နေရာတိုင်းမှာရှိနေနိုင်တယ်လေ”

“အဲ့တော့”

“အဲ့တော့ ချစ်ခန္ဓာကိုယ်မှာ ပိုးမွှားတွေရှိရင်”

“ကိုယ့်နှာခေါင်းထဲ ၀င်မှာ စိုး - စိုး”

“ဘာ ! “

“အမလေး”

“သြော် လက်စသတ်တော့ ရည်းစားဘ၀တုန်းက ကျွန်မကိုမနမ်းခဲ့တာ ရွံလို့ပေါ့လေ ဟုတ်လား”

“ဟုတ် အဲ မဟုတ် - ဟိုဟို”

“တော် ဘာမှဟိုတွေ ဒီတွေ မလုပ်နဲ့”

“သေနာကြီး - ရှင်နဲ့မပေါင်းဘူး ပြန်မယ် ကျွန်မအမေအိမ်ကို”

သူတောင်းစားကြီး”

“ကောင်မလေးက ပြောပြောဆိုဆို

အိမ်ပေါ်မှ ဆင်းပြေးသွားပါတော့သည်။

သတို့သားလည်း

ဘာမှ မတတ်နိုင်ဘဲ လက်မှိုင်ကျ ကျန်ရစ်ခဲ့ရလေတော့တယ် ပေါ့ကွယ်။

 

Credit - လူချွန်တော်

Read times Last modified on Wednesday, 19 September 2018 10:49
Rate this item
(0 votes)
Tagged under