ပုလဲဝယ်နည်းလမ်းညွှန်

ပုလဲဝယ်နည်းလမ်းညွှန်

ပုလဲကို ရေငန်တွင်နေသော ကနုကမာ (မုတ်ကောင်)မှ လည်းကောင်း၊ ရေချိုတွင်နေသော ယောက်သွား (ဂုံးကောင်) မှ လည်းကောင်း ထုတ်လုပ်ရရှိသည်။

ပုလဲဖြစ်ပေါ်လာပုံမှာ ကနုကမာကောင်၏ ကိုယ်တွင်းသို့ သဲစေ့၊ ကျောက်စလစ် ခဲလေးများ ဝင်ရောက်သွားရာမှ ကနုကမာကောင်မှာ စလုံးစခုဖြစ်လာ၍ ခန္ဓာကိုယ်မှ အရည်ကြည်များထုတ်၍ ထို သဲစေ့ လေးများအား ဖုံးလွှမ်းစေသည်။ ဤသို့ဖြင့် အမတေ ပုလဲဖြစ်လာပြီး လူတို့၏ လက်ဝတ်ရတနာဖြစ်သော ပုလဲလုံးလေးများ ဖြစ်လာသည်။ သို့ဖြစ်၍ ပုလဲသည် တွင်းထွက်ကျောက်မျက်မဟုတ်ဘဲ။ သဘာဝပုလဲဖြစ်သည်။ ဤသို့ ပုလဲလုံးတစ်လုံး ဖြစ်လာရန်မှာ ခြောက်လမှ ခုနစ် နှစ်အတွင်းကြာသည်။ ဤသည်ကို အတုယူ၍ လူတို့က မုတ်ကောင်အတွင်းသို့ ထို စလုံးစခု ဖြစ်စေသော အရာများထည့်သွင်းပြီး မွေးကြသည်။ ထိုပုလဲမျိုးကို မွေးပုလဲဟုခေါ်သည်။

မြန်မာနိုင်ငံ၏ မြိတ်ကျွန်းစုများတွင် မွေးပုလဲလုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ ယခု ပုလဲကျွန်းဟုခေါ်သော ဆာဂျေမယ်လကွန် ကျွန်းပေါ်တွင် ကမ္ဘာပေါ်၌ သက်တမ်းအရင့်ဆုံးသော တောင်ပင်လယ် ပုလဲလုပ်ငန်းရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဂျပန်တို့က တည်ထောင်ခဲ့ပြီး ယခုအခါ သတ္တုတွင်းလုပ်ငန်းအောက်ရှိ မြန်မာ့ပုလဲမွေးမြူရေးလုပ်ငန်းက ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။ အခြားပုလဲအမျိုးအစားများကို မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ကြသည်။ ပုလဲဝယ်မည်ဆိုလျှင် အောက်ပါအချက်များကို ဦးစွာပထမ စဉ်းစားပေးဖို့လိုပါတယ်။

 

Color -အရောင်

နှင်းဆီရောင်၊ ငွေရောင်၊ နို့နှစ်ရောင်တို့လွှမ်းသော ဂန္ဓဝင်အဖြူရောင်ပုလဲ၊ အကိုယာပုလဲများသည် အနက်ရောင်အဖြစ် ရောက်အောင်လည်း ပြုပြင်စီမံလေ့ရှိသည်။‌ ပိုးသားကဲ့သို့ နူးညံ့သောငွေရောင်မှ ရှန်ပိန်အရောင်အထိ ရှိသည်။ ရွှေရောင်ရင့်ရင့် တောင်ပင်လယ်ပုလဲ များသည် ရှားပါး၍ တန်ဖိုးကြီးသည်။ ရေချိုပုလဲများသည် သဘာဝအရောင်များစွာရှိသည်။ အဖြူရောင်၊ ပန်းရောင်မှ ခရမ်းနုရောင် အထိရှိသည်။

 

Shape - ပုံသဏ္ဍာန်

Perfectly round - လုံးဝဝိုင်းဝန်းသည်

Round, near round & baroque - အဝိုင်း၊ အဝိုင်းနီးပါးနှင့် ၁၇ ရာစုခန့်က ဥရောပလက်ရာ

Round, near round, button & baroque - အဝိုင်း၊ အဝိုင်းနီးပါးကြယ်သီးပုံ ၁၇ ရာစုခန့်က ဥရောပလက်ရာ

Round, near round & baroque - အဝိုင်း၊ အဝိုင်းနီးပါး ၁၇ ရာစုခန့်က ဥရောပလက်ရာ

 

Types of pearls - ပုလဲအမျိုးအစားများ

Akoya Pearls – အကိုယာပုလဲများ (ဂျပန်ပုလဲ)

South Sea Pearls – တောင်ပင်လယ်ပုလဲများ

Freshwater Pearls – ရေချိုပုလဲများ

Tahitian Pearls – တဟီတီယမ်ပုလဲများ

မီလိုပုလဲ

မြန်မာပြည်တွင် အုန်းပုလဲဟု လူသိများသည်။ ကမ္ဘာပေါ်တွင် အရှားပါးဆုံးပုလဲဖြစ်ပြီး မီလိုမီလို ပင်လယ်ခရုမှ ထုတ်လုပ်သည်။ ၎င်းတို့သည် လိမ္မော်ရောင်မှ အညိုရောင်ဖျော့ဖျော့အထိရှိသည်။ မီလိုမီလိုခရုကို ရခိုင်ကမ်းခြေ၊ ထားဝယ်၊ မြိတ်ကျွန်းစုများနှင့် ယိုးဒယားကမ်းခြေဘက်အနီး ကော့သောင်းတွင် တွေ့ရှိရသည်။ လိမ္မော်ရောင်မီလိုပုလဲကို မီလိုခရုခွံ ထောင်းပေါင်းများစွာထဲတွင် တစ်ခုသာ တွေ့နိုင်ချေရှိသည်။

ပုလဲတု

ပုလဲတုကို ကနုကမာ၊ ပင်လယ်ခရုကြီးမျိုး၊ ဖန်ကဲ့သို့ အကြေးခွံများရှိသည့်ငါး (အစန်ဒီ အိုရီးယန့်- essence d’Orient) တို့မှ ဖန်တီးနိုင်သည်။ ၎င်းတို့သည် အလေးချိန်မတူကြပေ။ ပုလဲအစစ်ကဲ့သို့လည်း ချောမွေ့မှုမရှိ။ အရောင်စိုခြင်းလည်းမရှိ။ ပုလဲအတုနှင့် ပုလဲအစစ် ခွဲခြားသိရှိရန်
အကောင်းဆုံး စမ်းသပ်နည်းမှာ သွားဖြင့် ကိုက်ကြည့်ခြင်း၊ ပုလဲကို ညင်သာစွာ သွားဖြင့် ကိုက်ကြည့်ပါ။ ချောမွေ့သည့်အထိအတွေ့ခံစားရပါက အတုဖြစ်ပြီး ရှတတ ကြမ်းတမ်းတမ်း ခံစားရပါက အစစ်ဖြစ်သည်။

ရေချိုပုလဲနှင့် ရေငန်ပုလဲတို့ကွာခြားခြင်း

ရေချိုပုလဲသည် အရောင်စိုပြေနူးညံ့သည်။ ရေငန်ပုလဲသည် အရောင်တောက်ပ၍ မှန်ရောင်ကဲ့သို့ဖြစ်နေသည်။ ရေငန်ပုလဲသည် ရေချိုပုလဲထက် ပိုမိုလုံးဝိုင်းသည်။

 

Price Range - တန်ဖိုး

ရေငန်ပုလဲများသည် ရေချိုပုလဲများထက် ပိုမိုတန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အရောင်စိုပြေမှု နှင့် ပုံသဏ္ဍာန်လုံးဝိုင်းခြင်းကြောင့်ဖြစ်သည်။ ရေချိုပုလဲများကို အကြိမ်ပေါင်းများစွာ ထုတ်ယူနိုင်သော်လည်း ရေငန်ပုလဲ များမှာကား ရှားပါးသဖြင့် ပိုမိုတန်ဖိုးကြီးသည်။ တောင်ပင်လယ်ပုလဲများသည် ဈေးပိုမိုကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုမာကြော၍ ထုတ်လုပ်ရန် အချိန်ကြာသောကြောင့်ဖြစ်သည်။ လုံးဝိုင်းသော ပုလဲများသည် ဈေးအမြင့်မားဆုံးဖြစ်တတ်ကြသည်။ သို့သော် ၁၇ ရာစု ဥရောပလက်ထက်က ပုလဲမျိုးကဲ့သို့သော ပုလဲများကိုမူ လုံးဝိုင်းခြင်းမရှိသော်လည်း ကြိုက်နှစ်သက်ကြသည်။

 

Surface - မျက်နှာပြင်

ပုလဲ၏မျက်နှာပြင် ပိုမိုချောမွေ့သန့်စင်လျှင် ပို၍ ကောင်းသည်။ ပုလဲသည် သဘာဝကျောက်မျက်ရတနာတစ်ပါးဖြစ်ပြီး တွင်းထွက်ကျောက်များကဲ့သို့ မြေမှထွက်ခြင်းမဟုတ်။ သို့သော် ပုလဲကို ရတနာတစ်ပါးအဖြစ် ဝတ်ဆင်ရန် သတိပြု မိသည်မှာ မကြာလှသေးပေ။

 

Luster - အရောင်စိုပြေမှု

ညံ့ဖျင်းသော ပုလဲမျက်နှာပြင်သည် အရောင်စိုပြေခြင်းမရှိဘဲ အရောင်စိုပြေမှုအားကောင်းလေ ဝယ်သူမျက်စိကျလေဖြစ် သည်။ အရောင်စိုပြေမှု အကောင်းဆုံးအရည်အသွေးမှာ မှန်သားပြင်ကဲ့သို့ ချောမွေ့ကြည်လင်နေခြင်းဖြစ်သည်။

 

Size - အရွယ်အစား
ပုလဲ၏အရွယ်အစားကို ရွေးချယ်ရန် အကောင်းဆုံး ဥပဒေသမှာ ၇ မီလီမီတာအရွယ်ဖြစ်ပြီး အမျိုးသမီးကြီးများအတွက် ပိုမိုကြီးမားသည့်ပုလဲ ဝတ်သင့်သည်။ အမျိုးသမီးငယ်နှင့် ဆယ်ကျော်သက်များအတွက်မူ အရွယ်အစားပိုမိုငယ်သည့် ပုလဲမျိုးဝတ်ဆင်သင့်သည်။

 

Read times Last modified on Thursday, 04 February 2021 12:09
Rate this item
(0 votes)