Friday, 30 December 2022 14:25

၂၀၂၂ မှာ ဗဟိုဘဏ်များ ၅၅ နှစ်တာအတွင်း ရွှေဝယ် အများဆုံးဖြစ်ခဲ့

၂၀၂၂ မှာ ဗဟိုဘဏ်များ ၅၅ နှစ်တာအတွင်း ရွှေဝယ် အများဆုံးဖြစ်ခဲ့
Sunday, 25 December 2022 12:06

အိန္ဒိယ ‌မှောင်ခိုရွှေ ၈၃၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံးပါဝင်

အိန္ဒိယ ‌မှောင်ခိုရွှေ ၈၃၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံးပါဝင် TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U     အိန္ဒိယနိုင်ငံသည် ၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ရူပီး ၄၀၅ ကုဋေ တန်ကြေးရှိ မှောင်င်ခိုရွှေ ၈၃၃ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံး ပါဝင်နေပါသည်။ . ၂၀၁၉-၂၀ တွင်  မှောင်င်ခိုရွှေ အများစုသည် အနောက်အာရှမှ ဖြစ်ခဲ့ရာမှ ၂၀၂၀-၂၁ တွင် မြန်မာမှ အများဆုံး ဖြစ်လာပါသည်။ . ၂ဝ၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် သိမ်းဆည်းရမိသည့် ရွှေစုစုပေါင်း၏ တန်ဖိုး ရူပီး ၁,၁၉၉ ဒသမ ၄ ကုဋေ ရှိခဲ့ပြီး  ၆၉ ရာခိုင်နှုန်းသည် တန်ဖိုးရှိ မြန်မာနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။ “Smuggling in India 2021-22" အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ဘဏ္ဍာရေးနှစ် ၂၀၂၂ တွင် ဖမ်းဆီးရမိသည့် ရွှေစုစုပေါင်း၏ ၃၇%သည် မြန်မာနိုင်ငံမှ ဖြစ်ပြီး ၂၀% သည် အနောက်အာရှမှ ဖြစ်သည်။  မဏိပူရနှင့် မြန်မာ နယ်စပ်သည်  မြန်မာနိုင်ငံမှ ရွှေများ ရောက်ရှိလာသည့် အဓိကနေရာဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အဓိကကျသည့် လမ်းကြောင်းနှစ်ခု ရှိသည်။ တစ်ခုမှာ မူဆယ်-မန္တလေး-ကလေးဝ-တီးတိန်- ဇိုခေါ်သာရ် ဖြစ်သည်။ ယင်းလမ်းကြောင်းသည် အန္ဒိယနိုင်ငံ မီဇိုရမ်နှင့် အချိတ်အဆက်ရှိသည်။ ကျန်တစ်ခုမှာ မူဆယ်-မန္တလေး-ကလေးဝ- တမူး- နမ်ဖာလုံ-မိုးရေး ဖြစ်သည်။ ယင်းလမ်းကြောင်းသည် အိန္ဒိယမှ မဏိပူရနှင့် အချိတ်အဆက်ရှိသည်။ သိမ်းဆည်းရမိသည့် ရွှေများတွင် ၂၁ ဒသမ ၃၇ ရာခိုင်နှုန်းသည် မော်တော်ယာဉ်ထဲ ဝှက်သယ်လာသည့် ရွှေများဖြစ်သည်။    ရွှေဝယ်လိုအား ကြီးမားခြင်းနှင့် သွင်းကုန်ခွန် မြင့်မားခြင်းတို့သည် အိန္ဒိယတွင် ရွှေမှောင်ခိုမှု၏ အဓိက အကြောင်းရင်းများ ဖြစ်သည်။ ရွှေ၏ တန်ဖိုးတည်ငြိမ်မှုနှင့် ငွေဖြစ်လွယ်မှုမြင့်မားမှုသည် အခြားအကြောင်းရင်းများဖြစ်သည်။ . အိန္ဒိယသည် ကမ္ဘာ့ရွှေတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ရွှေလက်ဝတ်ရတနာအများဆုံး တင်ပို့သည့်နိုင်ငံလည်း ဖြစ်သည်။ . ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) အရ အိန္ဒိယအိမ်ထောင်စုများတွင် စုဆောင်းထားသည်မှာ ရွှေတန်ချိန် ၂၅,၀၀၀ အထိ ရှိနိုင်သည်။ Source business standard  TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U  
Saturday, 17 December 2022 17:23

အိန္ဒိယအစိုးရ ရွှေ၊ ငွေ အခြေခံ တင်သွင်းဈေးနှုန်း မြှင့်တင်

အိန္ဒိယအစိုးရ ရွှေ၊ ငွေ အခြေခံ တင်သွင်းဈေးနှုန်း မြှင့်တင်
Tuesday, 13 December 2022 08:40

အိန္ဒိယတွင် မှောင်ခိုရွှေ ဖမ်းဆီးရမိမှု မြင့်မား

အိန္ဒိယတွင် မှောင်ခိုရွှေ ဖမ်းဆီးရမိမှု မြင့်မား
Friday, 09 December 2022 09:01

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM”

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM” TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U   ရွှေဒင်္ဂါးပြား ဝယ်လို့ရတဲ့ ATM ကို အန္ဒိယနိုင်ငံ ဟိုင်ဒရာဘက်မြို့ကြီးမှာ စနေနေ့(ဒီဇင်ဘာ ၃)မှာ စတင်လိုက်ပါတယ်။ ဝယ်ယူလိုသူက debit card သို့မဟုတ် credit card ကို အသုံးပြုပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ အပြင်ပန်းကုိ မြင်ရသည်မှာ ပုံမှန် ATM ငွေပေးစက်နှင့်တူပါတယ်။ အကယ်စင်စစ် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM” ဖြစ်ပါတယ်။ ရွှေကို စိတ်ချရတဲ့ စုဆောင်းမှု၊ စိတ်အေးရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူမှု များပြားတဲ့ အိန္ဒိယနိုင်ငံမှာ ရွှေဒင်္ဂါပြားများ အလွယ်တကူ ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။  ရွှေဒင်္ဂါးပြား အလေးချိန် ၀.၅ ဂရမ်မှ ၁၀၀ ဂရမ်အထိ အစားစား ဝယ်ယူနိုင်ပါတယ်။  အများဆုံးဖြစ်တဲ့ ၁၀၀ ဂရမ် ရွှေဒင်္ဂါးပြား ဈေးနှုန်းက ကန်ဒေါ်လာ ၇,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။  GoldSikka လုပ်ငန်းမှ စီစဉ်ဆောင်ရွက်တဲ့ ရွှေအေတီအမ် ဖြစ်ပါတယ်။ ရွှေအလေးချိန် စုစုပေါင်း ၅ ကီလိုဂရမ်အထိ စက်ထဲမှာ စနစ်တကျ သိမ်းဆည်းပေးထားနိုင်ပါတယ်။  အန္ဒိယနိုင်ငံဟာ ရွှေဝယ်ယူမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း ရွှေဝယ်လိုအားရဲ့ သုံးပုံနှစ်ပုံက ကျေးလက်ဒေသမှ ဖြစ်ပါတယ်။ TO GET INSTANT UPDATE  Join Telegram Channel https://t.me/Guid4U     Source Reuters   
Thursday, 08 December 2022 16:10

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ
Saturday, 26 November 2022 08:52

တူရကီ ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

တူရကီ  ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ
Monday, 24 October 2022 14:37

ကမ္ဘာ့ရွှေဈေးကျချိန် အာရှမှာ ရွှေဝယ်ယူမှု မြင့်တက်

ကမ္ဘာ့ရွှေဈေးကျချိန် အာရှမှာ ရွှေဝယ်ယူမှု မြင့်တက်
Wednesday, 05 October 2022 12:28

အောက်တိုဘာ ၁၉ ရက်မှ တွင် ၂၅ ရက်အထိ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

ခုနစ်ရက်ကြာ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိဒနကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီမှ သိရသည်။
Saturday, 01 October 2022 18:24

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း