Relationships

Tuesday, 28 May 2019 13:50

ချစ်သူတွေ ညဘက် ရန်ဖြစ်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်

သင်တို့ဟာ ထစ်ကနဲရှိရန်ဖြစ်တတ်တဲ့ ချစ်သူရည်းစားစုံတွဲတွေ ဆိုရင် ပိုလို့သိထားသင့်ပါတယ်။ သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတိုင်း တစ်ဂျိန်းဂျိန်း ရန်ဖြစ်နေကြပါပဲ။
Monday, 27 May 2019 16:28

ရန်ဖြစ်ချိန်တွေကနေ ဘယ်လိုရုန်းထွက်သင့်လဲ

Relationship တစ်ခုတည်ဆောက်ထားတဲ့သူတွေ မဖြစ်မနေကြုံတွေ့ရတဲ့ကိစ္စတစ်ခုက ရန်ဖြစ်စကားများကြတဲ့ပြဿနာပါ။
Monday, 27 May 2019 15:37

ချစ်သူအပေါ်ယုံမှားသံသယလွန်ကဲနေသည့် လက္ခဏာများ

ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရေရှည်လက်တွဲခဲ့တဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊
Saturday, 25 May 2019 15:44

ချစ်သူက ကိုယ့် ကို ဘယ်လောက်ချစ်လဲဆိုတာ စမ်းသပ်နည်း

မိန်းကလေးတိုင်းက ကိုယ့်ချစ်သူ ကိုယ့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာကို စမ်းသပ်ချင်ကြတယ်။
Saturday, 25 May 2019 15:06

အသဲကွဲတာကို ကုစားဖို့ နည်းလမ်းကောင်း

သင့်ရဲ့အချစ်ရေးက ဘယ်လိုပုံစံနဲ့ပဲအဆုံးသတ်သွားခဲ့သည်ဖြစ်စေ သူနဲ့ပြတ်သွားပြီ၊ အရင်ကကိုယ့်ကိုအရမ်းချစ်တဲ့သူ၊ ကိုယ်ကအရမ်းချစ်ခဲ့သူနဲ့ အပြီးတိုင်ဝေးသွားပြီဆိုတာကိုတော့ လက်မခံလို့မရပါဘူး။
Saturday, 25 May 2019 13:59

မိန်းကလေးတွေ မုန်းတဲ့အချက်များ

တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ ရှိပါတယ်။ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ။ ကောင်လေးတွေကလည်း ကောင်မလေးတွေ မကြိုက်တဲ့  ဒီအချက်လေးတွေမလုပ်မိစေနဲ့ နော်။   မအော်ငေါက်နဲ့   မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကို အော်ငေါက်တာကို လုံးဝမကြိုက်ကြဘူး။ ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့။   ဆရာကြီးစတိုင်မလုပ်ပြနဲ့   မိန်းကလေးတွေက ကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင် သဘောကျပင်မယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ်လာတတ်တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင်သာဆောင်နေလိုက်ပါ။   အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့   ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူတွေကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေလို့ရပင်မယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။   သူရဲဘောကြောင် မပြနဲ့   မိန်းကလေးတိုင်းဟာ သူတို့ချစ်သူကို သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်စေချင်ပါတယ်။ ဘာတွေပဲပဲဖြစ်ဖြစ် သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူ ရင်ဆိုင်ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။   နောက်မကျနဲ့   ဘယ်သူမှနောက်ကျရင် မကြိုက်ကြပါဘူး။ အထူးသဖြင့် မိန်းကလေးတော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။   အရမ်း မချုပ်ခြယ်နဲ့   မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ်ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာမျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။   ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့ ကောင်မလေးများသည် သူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာ လက်ပါပြီး ရိုက်နှက်တတ်သော ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။   ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့   ဒီအချက်ကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးပါပဲ၊ ကောင်မလေးတစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။     Myanmar Wedding Guide
Saturday, 25 May 2019 11:53

LDRS တွေ အချစ်ရေးခိုင်မာစေတဲ့ နည်းလမ်းများ

Long Distance Relationship (LDRS) ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေ၊
Friday, 24 May 2019 16:44

မိန်းကလေးတွေကိုယ့်ချစ်သူကောင်လေးကိုယ့်ကိုဘယ်လောက်ချစ်လဲစမ်းသပ်ကြည့်ပြီးပြီလား??

ကိုယ့်ချစ်သူကကိုယ့်ကိုဘယ်လောက်ချစ်လဲစမ်းသပ်ကြည့်ပြီးပြီးလား။
Friday, 24 May 2019 16:36

ချစ်သူကိုအရမ်းချစ်မိနေပြီလား???

ချစ်သူကိုအရမ်းချစ်မိသွားတဲ့အခါ ဒါလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။