Wednesday, 26 June 2019 17:03
အရမ်းချစ်တတ်တဲ့ ကောင်မလေးတွေ ရဲ့ လက္ခဏာများ
Relationship တစ်ခုမှာ ယောကျာ်းလေးတွေကစချစ်ရပြီး မိန်းကလေးတွေ ကတော့ ဆက်ချစ်ရ တယ်တဲ့။တချို့မိန်းကလေးတွေက အရမ်းအချစ်ကြီးကြတယ်။အရမ်း သ၀န်တိုတတ်ကြ ပါတယ်။ဒီလို အချစ်ကြီးပြီး သ၀န်တိုတာတွေ ကို ချစ်သူယောကျာ်းလေးတွေက စစချစ်တုန်းမှာတော့ နားလည်ပေးနိုင်ပေမယ့် အချိန်ကြာလာတာနဲ့ စိတ်ရှုပ်စရာ လို့  မြင်လာကြပါတယ် ။အရမ်း ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ လေးတွေကတော့
(၁) ချစ်သူက ကိုယ့ိ ထက်အခြားသူကိုဦးစားပေးရင် မကြိုက်ဘူး။(၂) ကိုယ့်ချစ်သူ ကိုချစ်တဲ့အကြောင်း အမြဲ တဖွဖွပြောလေ့ရှိတယ်။(၃) သ၀န်လဲအရမ်း တိုတယ်။(၄)ကိုယ့်ချစ်သူရဲ့ မျက်နှာလေးကို တစိမ့်စိမ့် ကြည့်နေတတ်ကြတယ်။(၅)ချစ်သူက မကြိုက်ဖူးပြောထားတဲ့ အရာတွေကို လုံးဝမလုပ်ဘူး။(၆)မိမိ ချစ်သူကလွဲ ရင်အခြားယောကျာ်းတွေကို ယောကျာ်း လို့ မမြင်ကြတော့ဘူး။
ဒီတော့ ယောကျာ်း လေးတွေကလည်း ကိုယ့် ချစ်သူ ကောင်မလေး သ၀န်တိုတာကို အပြစ်မမြင်ဘဲ ကိုယ့်ကိုယ် အရမ်းချစ်လို့  ဖြစ်ပေါ်လာတဲ့ ခံစားချက် လေးတွေ ကိုနားလည်ခွင့်လွှတ်ပေးပြီး ပျော်ရွှင်စရာကောင်းတဲ့ relationship လေးတွေဖန်တီးနိုင်ကြပါစေနော်။