Relationships

Wednesday, 03 July 2019 14:24

မိန်းကလေးတွေ တစ်ဘဝလုံးလက်တွဲသွားချင်တဲ့ယောက်ျားလေးဆိုတာ

မိန်းကလေးတွေဘဝမှာ တစ်သက်မှာတစ်မင်္ဂလာဆိုတဲ့တိုင်း ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ကိုယ်ချစ်တဲ့သူနဲ့သာ ကုန်ဆုံးချင်ကြတာသဘာဝပါနော်...
Tuesday, 02 July 2019 15:38

ချစ်သူချင်း အချေအတင်ဖြစ်တဲ့အခါ ဖြေရှင်းနည်း

ချစ်သူချင်းအဆင်မပြေတဲ့အခါဆိုတာရှိကြမှာဘဲလေနော်…….
Tuesday, 02 July 2019 15:25

စေ့စပ်ပြီး မိန်းကလေးများ Relationship ထိန်းသိမ်းနည်း

မိန်းကလေးတွေအနေနဲ့ ကိုယ့်လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်တဲ့ ချစ်ရတဲ့သူနဲ့ရွှေလက်တွဲသွားနိုင်ဖို့ ထိန်းသိမ်းသင့်တာလေးတွေရှိပါတယ်။
Monday, 01 July 2019 16:09

လက်ထပ်ပြီးစမောင်နှံများကြုံရမည့်ပြဿနာများ

လက်ထပ်ပြီးစ မောင်နှံတွေအမေးခံရဆုံး မေးခွန်းက ဘယ်တော့ကလေးယူမလဲ ဆိုတာပါပဲ။ အထူးသဖြင့် ဆွေမျိုးတွေ ကြားထဲမှာပေါ့။  
Monday, 01 July 2019 15:16

လက်တွဲဖော်အပေါ်ပြုမူပေးသင့်သည့်အချက်များ

လူတိုင်းမှာအခက်အခဲ ဆိုတာရှိစမြဲပါ ညည်းညူနေမယ့် အစားဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။  
Saturday, 29 June 2019 17:32

ယောကျာ်းလေးတွေတကယ်ချစ်ပြီဆိုရင်

ယောကျာ်းလေးတွေတကယ်ချစ်ပြီဆိုရင်ကိုယ့်ချစ်သူကိုဘဲမိန်းကလေးလို့ မြင်တော့တာပါ။ သူတို့ တကယ်ချစ်တဲ့မိန်းကလေးကိုပိုင်ဆိုင်ဖို့ လဲကြိုးစားကြပါတယ်။ သူကိုယ်တိုင်လဲအခြားမိန်းကလေးတွေနဲ့မပတ်သက်သလို သူ့ချစ်သူမိန်းကလေးကိုလဲ အခြားယောကျာ်းလေးတွေနဲ့ မပတ်သက်စေချင်ကြပါဘူး။ သူ့ စိတ်ထဲမှာလဲသူ့ ချစ်သူမိန်းကလေးပဲရှိသလို ချစ်သူကိုလဲ သူ့ ကိုယ်ဘဲစိတ်ထဲအမြဲရှိစေချင်တာပါ။ သူလဲသူ့ ချစ်သူ့ ကိုအချိန်တိုင်းသတိရနေသလို သူ့ကောင်မလေးကိုလဲ သူ့ လိုဘဲလွမ်းစေချင်တာ။ သူ့ ချစ်သူကိုယ်ဘဲကြည့်သလို ချစ်သူ ကောင်မလေးကိုလဲသူ့ ကိုယ်ဘဲမြင်စေချင်တာပါ။   အားလုံးဘဲပိုချစ်နိုင်ပါစေနော်။     Myanmar Wedding Guide 
Saturday, 29 June 2019 17:10

ကိုယ့်အိမ်ထောင်ဖက်ကိုအချိန်ပေးပါ

ကိုယ့်အိမ်ထောင်ဖက်အတွက် အချိန်ပေးပါ ..... အချိန်မပေးနိုင်ရင် အချစ်ပေးပါ .....   အချစ်မပေးနိုင်ရင် ငွေပေးပါ......   ငွေမပေးနိုင်ရင် နားလည်မှုပေးပါ.... . နားလည်မှုပါ မပေးနိင်ရင်တော့ လွတ်လပ်မှုပေးလိုက်ပါ....   . အချိန်ပေးတယ်ဆိုတာ...ဘာအလုပ်မှမလုပ် မိန်းမဘေးနားကပ်နေတာ မဟုတ်သလို   ချစ်တယ်ဆိုတာက .....ကုတင်ပေါ်က ကိစ္စကို ဆိုလိုတာ မဟုတ်ပါဘူး   ငွေပေးတယ်ဆိုတာ .....သူတောင်းစားသာသာ ပစ်ပေါက်ပေးတာမျိုးမဟုတ်သလို   နားလည်မှုပေးတယ်ဆိုတာက....မသိချင်ယောင်ဆောင်ခိုင်းတာမဟုတ်ပါဘူး ။   အိမ်ထောင်သည် ဘဝဆိုတာ ထင်ထားတာထက်ဖြတ်သန်းရတာခက်ခဲပါတယ် နူးညံ့သိမ်မွေ့ပါတယ် အဝင်နက်ပါတယ် ကိုင်တွယ်ရ ခက်ပါတယ်။   ချစ်လို့ပဲယူယူ ပေးစားလို့ပဲယူယူ ကိုယ်နဲ့ယူတဲ့သူဟာ ကိုယ့်စိတ်ပဲဖြစ်နေမယ်လို့ မထင်ထားပါနဲ့ ❌   လုံးဝမတူတဲ့ လူ(၂)ဦးပါ ⭕️?   တစ်ခါတစ်လေ ရန်ဖြစ်ကြသလို ။တစ်ခါတစ်လေ အလျှော့ပေးရပါတယ်။   တစ်ခါတစ်လေ အတူတူပေါ နိုင်ရသလို။တစ်ခါတစ်လေ အတူတူပြသနာတွေကိုဖြေရှင်းရပါတယ်။   တစ်ခါတစ်လေ အသည်းနင့်နေအောင်ချစ်ရပါတယ်၊တစ်ခါတစ်လေ အသည်းနင့်နေအောင် နာကျည်းရပါတယ်   ၊တစ်ခါတစ်လေ မမြင်ချင်လောက်အောင်ကို အမြင်ကပ်တတ်ပါတယ် ။   တစ်ခါတစ်လေ သူ့အတွက်ဆိုပြီးဦးစားပေးရပါတယ်။ တစ်ခါတစ်လေ ငါဆိုတဲ့ မာနထားရတတ်ပါတယ်။   တစ်ခါတစ်လေ သူ့ဘက်ကနေစဉ်းစားပေးတတ်ရပါတယ်​။ ??ဖူးစာဖက်တိုင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနိုင်ပါစေ??     crd 
Saturday, 29 June 2019 16:33

မိန်းကလေးတွေမုန်းတဲ့ယောကျာ်းလေးဆိုတာ

ယောကျာ်းတွေသာသစ္စာရှိမယ်ဆိုရင် ကမ္ဘာပေါ်ကဘယ်မိန်းမ မှမျက်ရည်ကျမှာ မဟုတ်ပါဘူး။ ယောကျာ်းတစ်ယာက်ရဲ့မာနဆိုတာ မိန်းမတစ်ယောက်ရဲ့ လျှာဖျားလောက် အသုံးမ၀င်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုနားမလည်ဘဲ အဲ့ဒီမိန်းကလေးကို ချစ်မယ်ဆိုရင်ရူးသွားပါလိမ့်မယ်။   ပိုက်ဆံရှိတဲ့ယောကျာ်းထက်သစ္စာရှိတဲ့ယောကျာ်းကို ပိုလိုချင်ကြပါတယ်။ ချစ်သူဘ၀မှာရသမျှအခွင့်အရေးအကုန်ယူတတ်ယောကျာ်းမျိုးကိုလည်းမလိုချင်ကြပါဘူး။ ချစ်သူအပေါ်မာနထားတဲ့ ယောကျာ်းမျိုးကိုလဲ မုန်းတတ်ကြပါတယ်။ စိတ်ချမ်းသာဖို့လမ်းခွဲပေးမယ်ဆိုတဲ့ယောက်ျားထက် ငါ့ကိုထားမသွားပါနဲ့လို့ ပြောတဲ့ယောကျာ်းမျိုးကိုသာ ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြပါတယ်။    
Saturday, 29 June 2019 16:00

တကယ်ချစ်မိသွားတဲ့အခါ

သင်ချစ်မိသွားတဲ့အခါကိုယ့်ချစ်သူရဲ့ မကောင်းတဲ့အကျင့်တွေထက်၊ကောင်းတဲ့အကျင့်တွေကို ပိုမြင်လာပါလိမ့်မယ်။ သူ့ အနားမှာဖြစ်နိုင်ရင်တစ်ရက် ၂၄ နာရီရှိနေချင်လိမ့်မယ်။   ကိုယ့်အတွက်တောင်ကိုယ်မလုပ်ပေးချင်တဲ့အရာတွေ သူ့ အတွက်သင်လုပ်ပေးရရင်သင်ပျော်နေလိမ့်မယ်။ သင်ဘယ်လောက်အလုပ်များနေပါစေ သူနဲ့ ဘယ်လောက်ဝေးနေနေသူ့ အကြောင်းသင်ဘာလုပ်လုပ် တွေးဖြစ်နေလိမ့်မယ်။ သူဝမ်းနည်းတဲ့အခါသင်လည်းနာကျင်ခံစားရလိမ့်မယ်။ သူ့ အကြောင်းအမြဲပြောဖြစ်နေလိမ့်မယ်။ သင့်ထက်အခြားသူကိုဦးစားပေးတာမြင်ရင်အလိုလိုဝမ်းနည်းပြီးသ၀န်တိုလာလိမ့်မယ်။   သူကိုယ့်အပေါ်ဘယ်လောက်ဘဲနာကျင်ခဲ့ပါစေသူ့ အပေါ်ခွင့်လွှတ်ဖို့ လွယ်ကူလိမ့်မယ်။ နေ့ ရက်တိုင်း သူ့ ကိုတွေ့ တိုင်း သူ့ အပေါ်အချစ်သစ်တဖန် အဖန်ဖန် တလဲလဲမွေးဖွားလာလိမ့်မယ်။