Relationships

Wednesday, 24 July 2019 16:53

ရာသီခွင်လိုက် မိန်းကလေးတွေသူတို့ချစ်သူအပေါ်ဘယ်လောက်ချစ်လဲသိနိုင်မည့်အချက်များ

ရာသီခွင်အလိုက်ချစ်သူအပေါ်ဘယ်လောက်ချစ်လဲဖော်ပြတတ်တဲ့ မိန်းကလေးတို့ရဲ့အမူအကျင့်များကိုဖော်ပြပေးလိုက်ပါတယ်။
Wednesday, 24 July 2019 15:13

ကောင်လေးများ မိမိချစ်သူကိုမပြောသင့်တဲ့စကားများ

မိန်းကလေးတွေဆိုတာဘယ်လောက်ကြီးပဲ သန်မာနေပါစေ ကိုယ့်ချစ်သူရှေ့မှာတော့ ကလေးဆိုးလေးတစ်ယောက်လို     ဆိုးနွဲ့ချင်ကြတာသဘာဝပါပဲ။ ဒီလိုဆိုးနွဲ့ပြီးကလေးလေးတစ်ယောက်လိုနေနေတာကိုအထက်စီးဆန်ဆန်နဲ့ပြောဆို   ဆက်ဆံမယ်ဆိုရင်တော့ ဘယ်မိန်းကလေးမှကြိုက်မှာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူကချစ်လို့ပြောတာကိုနားထောင်နိုင်ပေမဲ့   ဆရာကြီးလေသံနဲ့အထက်စီးဆန်ဆန်ပြောတာကိုတော့ ဘယ်မိန်းကလေးမှလက်ခံမှမဟုတ်ပါဘူး။   ဒါကြောင့် မိမိချစ်သူမိန်းကလေးကို မပြောသင့်တဲ့စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်……   (၁)အထက်စီးလေသံနဲ့မပြောပါနဲ့   ကိုယ့်ချစ်သူကတော်တာထက်မြက်တာကိုသဘောကျပေမဲ့ အဲ့ဒါသူ့လုပ်ငန်းခွင်မှာပါ။     ကိုယ့်ချစ်သူမိန်းကလေးရှေ့မှာတော့ ဆရာကြီးလုပ်တာကို သဘောမကျပါဘူး။   အထက်စီးလေသံနဲ့ဆက်ဆံတာကို မိန်းကလေးတွေကအရမ်းကိုမုန်းပါတယ်တဲ့နော်။   (၂) လူရှေ့သူရှေ့မှာမအော်ပါနဲ့   တခါတလေစိတ်ဆိုးလို့ကိုယ့်ချစ်သူကောင်မလေးကိုအော်မိတယ်ဆိုရင်တောင် နှစ်ယောက်တည်းရှိတဲ့ချိန်မှာတောင်   အရမ်းဝမ်းနည်းရတာပါ။ တကယ်လို့ လူရှေ့သူရှေ့မှာ အော်လိုက်မယ်ဆိုရင် သူ့အတွက်အရှက်ပါရစေပါတယ်။   သူတို့ကိုလူရှေ့သူရှေ့မှာအော်တာကိုရှောင်သင့်ပါတယ်နော်။   (၃) ရှေ့မှမားမားမတ်မတ်ရပ်တည်ပါ   မိန်းကလေးတိုင်းကဘယ်လောက်ပဲတော်နေထက်နေပါစေ ကိုယ့်ချစ်သူကိုတော့အားကိုးချင်ကြတာပဲ။   လူတိုင်းရှေ့မှာ သန်မာနေပေမဲ့ ကိုယ်ချစ်သူရှေ့ရောက်ရင် ရေဗူးအဖုံးတောင်မဖွင့်နိုင်ကြတော့ပါဘူး။   ဘာလို့လဲဆိုရင် မိန်းကလေးတွေက ကိုယ့်ချစ်သူကိုအရမ်းကိုအားကိုးတကြီးနဲ့ချစ်နေကြလို့ပါပဲ။   ဒါကြောင့်သူကတခုခုဝမ်းနည်းစိတ်ပျက်နေတဲ့အခါတိုင်းမှာကိုယ့်ကသူရှေ့ကမားမားမတ်မတ်ရပ်တည်ပေးဖို့ပါပဲ။   Myanmar Wedding Guide  
Wednesday, 24 July 2019 11:02

မိုင်ပေါင်း ၁၅၀၀ ကနေ ၁၅၀၀ အချစ်အတွက်သက်သေပြဖို့ကြိုးစားခဲ့သူရဲ့မျှော်လင့်မထားတဲ့ရလဒ်

လူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး တွစ်တာနဲ့ ဖေ့စ်ဘုတ်တွေမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုက   ဇူလိုင်လ ၂၃ ရက်နေ့လောက်ကစပြီး သတင်းတစ်ခုအနေနဲ့ပျံ့နှံ့လာခဲ့ပါတယ်။   ဖြစ်ပုံကတော့ Long Distance Relationship (အဝေးရောက်ချစ်သူ) နှစ်ယောက်ကြားမှာ ကောင်လေးရဲ့သူ့ချစ်သူကို   အံ့သြသွားစေတဲ့လုပ်ရပ်ကစတာပဲဖြစ်ပါတယ်။     အကွာအဝေး မိုင်းပေါင်း ၁၅၀၀ နီးပါးဖြစ်တဲ့ ကီလိုမီတာ ၂၄၀၀ အကွာအဝေးလောက်ကနေ ချစ်သူမိန်းကလေးဆီကို   မသိအောင်ရုတ်တရက်လာခဲ့တယ်။ ချစ်သူမိန်းကလေးမြင်သွားရင် အံ့အောဝမ်းသာသွားမယ်ဆိုတာ သူ့အထင် ပေါ့။   အမှတ်မထင်တွေ့ခဲ့ရင် ချက်ခြင်းမှတ်မိမှာစိုးလို့ အနားအထိကပ်လို့ရအောင် ၀က်ဝံရုပ်ကြီးကိုတောင် ၀တ်ဆင်ထား လိုက်ပါသေးတယ်။   ဒါပေမယ့် သူ့ချစ်သူကိုမြင်လိုက်တဲ့အခါမှာတော့ သူမျှော်လင့်ထား၊ တွေးထားတာတွေနဲ့တစ် ခြားစီဖြစ်သွားခဲ့ပါတယ်။   သူ့ချစ်ကိုမုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ အခြားကောင်လေးတစ်ယောက်က ဖက်ထားပြီးကြည်နူးနေတဲ့မြင်ကွင်းက   သူ့ အတွက်တော့ တော်တော်လေးဗလောင်ဆူသွားစေမှာအမှန်ပါပဲ။     အံ့အားသင့်ရုံသာမက မှင်တက်သွားတဲ့သူ့အနေနဲ့ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ဝက်ဝံခေါင်းဆောင်းကို ချွတ်ချ လိုက်တဲ့အချိန်မှာတော့   ကောင်မလေးကသူ့ကိုမြင်သွားပြီး သူ့နောက်ကိုပြေးလိုက်ခဲ့ပါတယ်။       ဒီအချိန်မှာတော့ သူ့အနေနဲ့ခေါင်းဆောင်းကိုပြန်တက်ပြီး စကားတစ်ခွန်းမှမပြောပဲ ပြန်ထွက်လာခဲ့ပါတယ်။   ဒီလို ခေါင်းဆောင်ကို ပြန်တပ်လိုက်ရခြင်းက သူ့မျက်ရည်တွေကိုဖုံးကွယ်ဖို့လားဆိုတာကတော့ အသေအချာမသိရသေးပဲ   ယူဆမှုအနေနဲ့ပဲရှိနေပါတယ်။       ကောင်မလေးအနေနဲ့လည်း အမှီလိုက်ပြီးပွေ့ဖက်ထားခဲ့ပေမယ့် ကျောက်ရုပ်တရုပ် လိုငြိမ်ကျသွားတာကတော့     သူဘယ်လောက်ခံစားသွားရသလဲဆိုတာကို အထင်းသားမြင်တွေ့ရမှာပါ။ ဒါကို ပုံတစ် ပုံတစ်ပုံချင်းစီနဲ့ တွစ်တာပေါ်တင်ခဲ့သူကတော့   @T_Radiosonde ဆိုသူပဲဖြစ်ပါတယ်။ အဆိုပါပို့စ်အတွက် Like 81K နဲ့ retweet 20K လောက်အထိကိုရှိခဲ့ပါတယ်။     Myanmar Wedding Guide  
Tuesday, 23 July 2019 13:58

ကိုယ့်ချစ်သူကိုသတိရရင်ဘာလုပ်သင့်လဲ

ကိုယ့်ချစ်သူကို သတိရရင်ဘာလုပ်မလဲလို့မေးတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။  
Tuesday, 23 July 2019 13:48

EX ကိုသူငယ်ချင်းအဖြစ်လက်ခံသင့်လား

ကိုယ်နဲ့အဆက်အသွယ် ဖြတ်လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ချစ်သူကို သူငယ်ချင်းအဖြစ် ဆက်လက်ပေါင်းသင်းကျတဲ့သူတွေရှိပါတယ်။  
Monday, 22 July 2019 14:46

အချစ်ရေးကံမကောင်းသူများအတွက်ယတြာ

အချစ်ကံခေလွန်းနေသူများ အထူးသတိပြုဖွယ်...  
Monday, 22 July 2019 14:24

အချစ်ဆိုတာ တစ်ကယ်ရှိလား

အချစ်ဆိုတာတစ်ကယ်ရှိလားတဲ့ လူတိုင်းကတော့ အချစ်ဆိုတာ ကိုအမျိုးမျိုး ပုံဖော်ကြပါတယ်။  
Thursday, 18 July 2019 16:23

မင်္ဂလာနေ့သတ်မှတ်ခြင်းအတွက်အချက်များ

မင်္ဂလာပွဲနေ့သတ်မှတ်ခြင်းအတွက် ဘတ်ဂျက်၊ ကြိုတင်စီစဉ်ဖို့လိုတဲ့အချိန်၊  
Thursday, 18 July 2019 15:44

ရာသီခွင်အလိုက်ချစ်သူနဲ့ပြတ်ဆဲရခြင်းအကြောင်း အပိုင်း (၃)

အပိုင်း (၃) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်....