Relationships

Monday, 29 July 2019 14:36

ကိုယ့်ထက်အသက်ငယ်တဲ့သူကိုရည်းစားအဖြစ်ရွေးချယ်မယ်ဆိုရင်

ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေတဲ့ သူတွေဟာ   ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုဝေဖန်ခြင်း ခံရတတ်ပါတယ်။  
Saturday, 27 July 2019 15:29

ချစ်သူကိုစိတ်ဆင်းရဲစေအောင်လုပ်မိစေတဲ့အချက်များ

ချစ်သူကို ချစ်တယ်ဆိုတာတော့ လူတိုင်းချစ်နိုင်ကြတာပဲ။ ဒါပေမဲ့ ချစ်သူပျော်အောင်တော့ လူတိုင်းမလုပ်နိုင်ဘူး။ တစ်ခါတစ်လေကျပြန်တော့လည်း  
Saturday, 27 July 2019 15:22

သာယာနေတဲ့ အိမ်ထောင်ရေးလေးမှာဘယ်လိုအချက်တွေရှိမလဲ

အိမ်ထောင်ရေးတစ်ခုမှာ ယောက်ျားက မိန်းမကို မြတ်မြတ်နိုးနိုးနဲ့ သဲသဲလှုပ် ချစ်ကြဖို့တော့ လိုပါတယ်။   ဆင်းရဲမွဲတေသွားတဲ့ အိမ်တစ်အိမ်က အိမ်ထောင်ရေးကို ကြည့်လိုက် ယောက်ျားက မိန်းမကို လုံးဝတန်ဖိုးမထား မချစ်ဘဲ အိမ်ထောင်ရေးဖေါက်ပြန်တဲ့ အိမ်ထောင်ဖြစ်နေတတ်တယ်။   ယောက်ျားက မိန်းမကို အရမ်းချစ်တဲ့ အိမ်ထောင်မှာ စီးပွားရေးက ဘာလုပ်လုပ်အောင်မြင်ပြီး ပင်ပင်ပန်းပန်းစီးပွားမရှာရဘဲ အလိုက်သင့်လေး စီးမျောသွားရုံပါပဲ။   မိန်းမက ယောက်ျားကို အရမ်းချစ်ရတဲ့ အိမ်ထောင်မှာကျတော့ စီးပွားက ဖြစ်တော့ဖြစ်တယ် အရမ်းရုန်းကန်နေရတယ်။   လင်ယောက်ျားက သိပ်ချစ်ကြတဲ့ အိမ်ထောင်ရေးမှာ ဘာလို့စီးပွားဖြစ်ကြသလဲဆိုရင်တော့ ချစ်ခြင်းမေတ္တာတွေ ထုံမွမ်းနေတဲ့အတွက် ကျက်သရေအဖြာဖြာထွန်းလင်းနေတော့ စီးပွားရေးကလည်း အဆင်ပြေနေပဲ ဖြစ်ပါတယ်။   တစ်ဦးနဲ့တစ်ဦး စဉ်းစားဆုံးဖြတ်တာတွေက အမှားနဲပြီး မှန်ကန်တဲ့အတွက်ကြောင့် စီးပွားဖြစ်ထွန်းတယ်ထင်ပါတယ်။     ကဲ ..... စီးပွားရေးအောင်မြင်ပြီး ချမ်းသာချင်ရင် ကိုယ့်ရဲ့ဇနီးမယားကို အမြတ်တနိုး တန်ဖိုးထားပြီး ချစ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။       Myanmar Wedding Guide       
Saturday, 27 July 2019 08:37

ကိုယ့်ဇနီးလောင်းဘယ်လိုရွေးချယ်မလဲ အပိုင်း (၂)

ရည်းစားဘ၀ မှာတော့ ဒီအချက်တွေက အရေးမကြီးပေမဲ့ တကယ်ကိုယ့်ဇနီး အဖြစ်ရွေးချယ်တော့မယ်ဆိုရင် တော့ဒါတွေကတကယ်ကိုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။  
Saturday, 27 July 2019 08:15

ကိုယ့်ဇနီးလောင်းကိုဘယ်လိုရွေးချယ်မလဲ

ယာက်ျားလေးအများစုကတော့ ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်ချစ်တဲ့သူကိုပဲယူကြတာများပါတယ်။  
Friday, 26 July 2019 11:30

ဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းတယ်ဆိုတာ

လက်ထပ်ခွင့်တောင်းတယ်ဆိုတာ တကယ်ကို အရေးကြီးတယ်လေနော်  
Friday, 26 July 2019 11:11

ချစ်သူကောင်လေးကိုယ့်အပေါ်ပိုစိတ်ဝင်စားနေစေဖို့

ကိုယ့်ချစ်သူကောင်လေးကိုယ့်အပေါ်ပိုစိတ်ဝင်စားနေချင်ရင် ဖတ်ကြည့်ပါနော်  
Thursday, 25 July 2019 17:01

ကိုယ့် crush ကောင်မလေးကကိုယ့်ကိုစိတ်ဝင်စားနေပြီလား???

ဒီအချက်လေးတွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ ကိုယ့် crush ကကိုယ့်ကိုစိတ်ဝင်စားနေပြီဆိုတာသေချာနေပါပြီနော်။
Thursday, 25 July 2019 16:49

နေ့နံအလိုက်အချစ်ရေးနှင့်အဆောင်ကျောက်

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် နေ့နံလိုက်အချစ်ရေးနှင့်   နေ့နံအလိုက်ဆောင်ထားသင့်တဲ့ ကျောက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။   တနင်္ဂနွေ   တနင်္ဂနွေသားသမီးတွေဟာချစ်သူကိုကိုယ့်သဘောတိုင်းဖြစ်စေချင်တဲ့သူပါ။   ချစ်သူအပေါ်လည်းအနိုင်ယူတယ်။ အရမ်းလည်းချစ်တတ်ပြီး အရမ်းလည်အချစ်ကြီးတယ်။   တစ်ခါတလေမှာအချစ်အတွက်တဇွတ်ထိုးနိုင်ကြပါတယ်။ အဲ့တာကြောင့်အချစ်ရေးမှာနဲနဲညံ့တယ်လို့ဆိုနိုင်ပါတယ်။   တနင်္ဂနွေသားသမီးတွေဆောင်သင့်တဲ့ကျောက်ကတော့ ပတ္တမြားဖြစ်ပါတယ်။   တနင်္လာ   သူတို့လေးတွေဟာ ချစ်သူကိုအရမ်းကိုချစ်တတ်ပါတယ်။ ချစ်မိပြီဆိုရင် အသေးအဖွဲ့လေးကအစဂရုစိုက်တတ်ပါတယ်။   ကိုယ့်ချစ်သူငြိုငြင်မှာသေမတတ်ကြောက်တယ်။ အစွဲအလန်းကြီးပြီး တစ်ယောက်အပေါ်ကိုပဲ စွဲလမ်းနေတတ်တယ်။   တနင်္လာသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ ပုလဲရတနာပဲဖြစ်ပါတယ်။   အင်္ဂါ   သူတို့ကချစ်သူအပေါ်သစ္စာရှိကြတယ်။ ချစ်မိပြီဆိုနှစ်ယောက်မရှိသလို မုန်းမိပြီဆိုရင်လည်း   ပြန်လှည့်မကြည့်တတ်တော့ပါဘူး။ သူတို့တွေကအချစ်ရေးကံမကောင်းကြပါဘူး။ ကံကောင်းပြီဆိုရင်လည်း   သူမတူအောင်အရမ်းကိုကံကောင်းတတ်ကြပါတယ်။   အင်္ဂါသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်လေးကတော့ သန္တာကျောက်ပဲဖြစ်ပါတယ်။   ဗုဒ္ဓဟူး   သူတို့ရဲ့အချစ်ရေးကတော့သူတို့ကိုချစ်တဲ့သူအရမ်းပေါပါတယ်။ ရှိတဲ့ချစ်သူအပေါ်သစ္စာရှိပြီး ဂရုစိုက်တတ်ကြပါတယ်။   ဗုဒ္ဓဟူးသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်လေးကတော့ မြ သို့မဟုတ် ပြောင်ခေါင်းစိမ်းကျောက်ဖြစ်ပါတယ်။   ကြာသာပတေး   သူတို့ကတော့သစ္စာတရားကိုတန်ဖိုးထားတယ်။ ခေတ်မီပြီးစတိုင်ကျတဲ့သူကိုသဘောကျတတ်လေ့ရှိတယ်။ အချစ်ရေးမှာကံကောင်းကြတယ်။   ကြာသာပတေးသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ ဥဿဖရားကျောက်ပဲဖြစ်ပါတယ်။   သောကြာ   သောကြာသားသမီးတွေကတော့ ဥစ္စာပစ္စည်းတော့လောဘမကြီးပေမဲ့ အချစ်ကိုတော့အရမ်းကိုလောဘကြီးပါတယ်တဲ့နော်။   အချစ်အရမ်းကြီးတယ်။ ဒါမဲ့သူတို့ချစ်သူကသူတို့ကိုအမြဲခံစားရအောင်လုပ်ပေမဲ့ သူတို့ကအရမ်းကိုအနစ်နာခံနိုင်ပါတယ်။   သောကြာသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ စိန်ပဲဖြစ်ပါတယ်။   စနေ   စနေသားသမီးတွေကမာနအရမ်းကြီးကြပါတယ်။ သူတို့ကချစ်မိပြီဆိုလည်းအရမ်းကိုချစ်ပြီး   မုန်းပြီဆိုလည်းလုံးဝကိုလှည့်မကြည့်တော့ပါဘူး။   စနေသားသမီးတွေဆောင်သင့်တဲ့ကျောက်ကတော့ နီလာပဲဖြစ်ပါတယ်။   Myanmar Wedding Guide