Relationships

Friday, 12 July 2019 14:35

ချစ်သူအသစ်မရှာခင်ကိုယ့်ကိုယ်ကိုပြန်မေးသင့်တာလေးတွေ

ချစ်သူတစ်ယောက်နဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရတဲ့အခါ အသက်အရွယ်အရ အချစ်ကို ဆာလောင်နေသေးတဲ့ သူတွေဟာ အချစ်သစ် ရှာတတ်ကြပါတယ်။  
Thursday, 11 July 2019 15:18

ကောင်လေးတွေကရည်းစားစကားပြောပြီးဘာကြောင့်အဖြေမတောင်းချင်ကြတာလဲ

ရည်းစားစကားလာပြောပြီး အဖြေပြန်မတောင်းတဲ့ကောင်လေးတွေနဲ့ ကြုံဖူးလား။  
Thursday, 11 July 2019 14:27

ရာသီခွင်အလိုက်အချစ်ရေးအပိုင်း(၂)

ကန် ရာသီဖွား၊ တူ ရာသီဖွား၊ ဗြိစ္ဆာ ရာသီဖွား နဲ့ ဓနု ရာသီဖွား တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေ အကြောင်း ပြောပြထားပါတယ်။  
Wednesday, 10 July 2019 16:28

ရာသီခွင်အလိုက်အချစ်ရေး အပိုင်း(၁)

ပိဿ ရာသီဖွား၊ မေထုန်ရာသီဖွား၊ ကရကဋ် ရာသီဖွား နဲ့ သိဟ် ရာသီဖွား တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေ အကြောင်း ပြောပြထားပါတယ်။  
Wednesday, 10 July 2019 15:13

ကိုယ့်ရည်းစားဟောင်းကိုပြန်ဆက်သွယ်ချင်သူတွေလုပ်သင့်တာတွေက

တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေလို့ လမ်းခွဲလိုက်ပြီးမှ သံယောဇဉ်မကုန်သေးလို့ပြန်ဆက်သွယ်ချင်နေပြီလား  
Tuesday, 09 July 2019 15:58

ချစ်ရသူတွေကိုယ့်ဘ၀ထဲကထွက်သွားတဲ့အခါနှလုံးသွင်းထားရမယ့် အချက် (၅)ချက်

ဘဝမှာ ဘယ်အရာမှ မတည်မြဲတာမို့ ကိုယ်ဘယ်လောက်ပဲ တွယ်တာတဲ့အရာမဆို တစ်ချိန်ချိန်ကျရင်တော့ ကိုယနဲ့ ဝေးကွာရမှာချည်းပါပဲ။  
Tuesday, 09 July 2019 14:58

အချစ်ကကိုယ့်ကိုပြောင်းလဲစေနိုင်လား

ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ကြောင့် ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုပြောင်းလဲဖို့ ကြိုးစားနေသူတွေ ရှိမယ်လို့ ထင်ပါတယ်။     ချစ်သူကမကြိုက်ဘူးပြောလို့ ကိုယ့်ရဲ့ အကျင့်စရိုက်ကိုပြောင်းလဲဖို့ ကြိုးစားတာဟာကောင်းတဲ့လုပ်ရပ်ပါဘဲ   တကယ်လဲပြောင်းလဲသင့်ပါတယ်။   လူတစ်ယောက်ကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ပြောင်းလဲဖို့ ဆိုတာ တကယ်တမ်းတော့မလွယ်ကူပါဘူး     ကိုယ်တစ်သက်လုံး မွေးကတည်းက ကျင့်သုံးလာတဲ့ အရာကို ရုတ်တရက်ပြောင်းလဲဖို့ ကြိုးစားချိန်မှာအခက်အခဲတွေ ရှိနိုင်ပါတယ်။   ဒါပေမယ့် ကိုယ့်ချစ်သူ အတွက်ဆိုရင် ဒီအခက်အခဲလေးကိုတော့ ကျော်ဖြတ်နိုင်ရပါမယ်။   အခြားသူဘာမြင်မြင် ဂရုမစိုက်ဘူး ဘယ်လိုထင်ထင် ကိုယ့်ချစ်သူရဲ့ အထင်အမြင်မှာ အရာရာပြည့်စုံသူ ဖြစ်စေရမယ်ဆိုတဲ့သူတွေလဲရှိပါတယ်။   လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူနဲ့အတူတစ်ဘ၀လုံးလက်တွဲသွားရမယ် ဆိုတဲ့ အနာဂတ်ရည်မှန်းချက်   လေးတော့ရှိကြပါတယ်။   လူတိုင်းကတော့ ကိုယ်ချစ်ရသူနဲ့ အတူ ငြိမ်းချမ်းတဲ့ အိမ်လေးမှာ အနာဂတ်နေ့ရက်တွေကို ဖြတ်သန်းချင်ကြတာပဲလေ။   အဲ့လိုနေရဖို့အတွက် ကြိုးစားအားထုတ်လာကြပါတယ်။ ဒါဟာ စစ်မှန်တဲ့ အချစ်စစ်ကို ပြောတာပါ။ သင့်ကို ချစ်တယ်လို့ ပြောပေမယ့်   ဘာတစ်ခုမှ ပြောင်းလဲမှု မရှိတဲ့သူ၊ သင့်အတွက် အနာဂတ် အစီအစဉ်တွေ မရှိတဲ့သူဟာ တကယ်ချစ်တဲ့ သူမဟုတ်သလို၊ သင်ကိုယ်တိုင်က   ချစ်မိနေပါပြီလို့ ထင်တဲ့လူတစ်ယောက်က သင့်ကို ပြောင်းလဲစေနိုင်စွမ်း မရှိဘူးဆိုရင်လည်း သင်ခံစားနေရတဲ့ အချစ်စိတ်က ထင်ယောင်ထင်မှား အချစ်စိတ်ပါ။   ဒါကြောင့်တကယ်ချစ်ရင်လူတွေကိုပြောင်းလဲစေနိုင်ပါတယ်။   Myanmar Wedding Guide  
Monday, 08 July 2019 16:33

ချစ်ပါ အချစ်မလွန်ဖို့ ကိုတော့သတိပြုပေးပါ

အချစ်ဆိုတဲ့အရာကတော့ ဆန်းကြယ်ပါတယ်။အချစ်ဆိုတဲ့အရာကိုတစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ အရာရာတိုင်း တိုင်း မှာသူသတ်မှတ်ထားတဲ့ အကောင်းဆုံးအရာဆိုတာရှိပါတယ် ။အလွန်အကျွံမဖြစ်ဖို့ ဘဲလိုတာပါ။ လိုတာထက်ပိုသွားရင်ဘယ်အရာမှမကောင်းပါဘူး။ ချစ်သူတွေကြားက ချစ်ခြင်းတွေဆိုတာကလဲဒီအတိုင်းပါဘဲ၊ ပိုချစ်မိသွားရင် တန်ဖိုးမဲ့သွားတတ်တာကို သတိပြုပေးပါ။ သူ့ နေရာနဲ့ သူ သင့်တော်သလောက်ဘဲ ချစ်ပါ နော်။ ချစ်သာချစ်ပါ ကိုယ့်ချစ်သူကို ကိုယ့်စိတ်ထဲမှာ ကြိုက်သလောက်ချစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်ဘယ်လောက်ထိချစ်ကြောင်း သူမသိပါစေနဲ့ ၊သူသိသင့်သလောက်ထိဘဲ ချစ်ကြောင်းကိုပြပါ။ လိုအပ်တာထက်ကိုယ့်ဘက်ကပိုချစ်ပြနေရင် တန်ဖိုးမဲ့သွားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုခံယူထားပုံခြင်း လဲမတူသေးတာကြောင့် အချစ်ကို ချစ်နေရရုံဘဲ ဆိုပြီးထားလိုက်ရင် အရမ်းကြည်နူးစရာကောင်းပါတယ်။   တန်ဖိုးမဲ့လာပါတယ် သိပ်ချစ်တတ်တဲ့သူတွေရဲ့အားနည်းချက်ကတော့ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် ဘယ်လိုဖြစ်နေနေ ကိုယ်ကအလျှော့ပေးလိုက်မယ်ဆိုတာမျိုးပါ။ ငါတောင်းပန်ရင် သူသနားပြီးအလျှော့ပေးလာနိုင်တယ်လို့ တော့မထင်လိုက်ပါနဲ့ ၊ကိုယ့်ဘက်ကမှားတဲ့ ကိစ္စတွေဆိုရင်တောင်းပန် သင့်ပေမယ့် ကြာလာတဲ့အခါ သူ့ ဘက်က မှားနေရင်တောင် ကိုယ်က အလိုလိုတောင်းပန် ရတာမျိုးတွေ ထိဖြစ်လာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ တန်ဖိုးမဲ့သွားပါလိမ့်မယ်၊ တန်ဖိုးမမဲ့ အောင် ကိုယ်ဘယ်လောက်ထိ အစွမ်းကုန် ချစ်လဲဆိုတာ ကိုကိုယ့်စိတ်ထဲမှာဘဲ သိမ်းထားသင့်ပါတယ်။     Myanmar Wedding Guide 
Monday, 08 July 2019 15:03

နေ့နံမကိုက်လို့ စိတ်ညစ်နေသောစုံတွဲများအဆင်ပြေ စေမယ့်ယတြာလေးတွေ

မြန်မာလူမျိုးတွေရဲ့အယူအရ ဓမ္မာ ၊ သောက ၊အင်းဝ၊ ရာဇာ နေ့ နံပါတဲ့ စုံတွဲလေးတွေဟာ လက်ထပ်မိရင် အိမ်ထောင်ရေးအဆင်မပြေတာ