Relationships

Monday, 15 July 2019 14:24

တနင်္ဂနွေသားသမီးများအတွက်အချစ်ရေး

တနင်္ဂနွေသားသမီးတို့အတွက်  
Monday, 15 July 2019 14:16

သောကြာနှင့်စနေသားသမီးတို့အတွက်အချစ်ရေး

သောကြာသားသမီးများအတွက်   အချစ်ရေး - အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရမည်။ ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေမည်။ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေမည်။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျမည်။     အိမ်ထောင်ရေး - အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရမည်။ မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဥာဏ်ကောင်းများရ မည်။ အိမ်ထောင်ဖက်ကို အကြောင်းပြု၍စီးပွားတက်မည်။ စိတ်ချမ်းသာ ပျော်ရွှင်ရမည်။     အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။   အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ - အထွေအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ။     စနေသားသမီးများအတွက်     အချစ်ရေး - ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။ အသေးအဖွဲလေးကအစ ညှိုနှိုင်းရခက်နေတတ်။ အချစ်ရေးကံကောင်းသည်ဟု ယူဆနိုင်သော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်းကို သတိပြုရမည်။ ချစ်သူ၏ ဖုံးကွယ်ဟန်ဆောင်လိမ်ညာခြင်းကို ခံရတတ်။ ချစ်သူ၏ မာယာပရိယာယ်ကြားမှာ နစ်မျောသွားတတ်။ သတိပြုသင့်။     အိမ်ထောင်ရေး - ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေမည်။ ညီအစ်ကိုမောင်နှမကဲ့သို့ခင်မင်ရသူများ ၊ ဆွေမျိုးသားချင်းများကြောင့် လင်နဲ့မယား အဆင်မပြေဖြစ်တတ်။ အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲမည်။     အချစ်ရေးအိမ်ထောင်ရေးတွင် ဗုဒ္ဒဟူးသားသမီးများ ၊ နာမည်တွင် ရ ယ လ ၀ ပါသောသူများ ၊ မြစ်နား ချောင်းနား ရေနားနီးသောသူများ ၊ အအေး ၊ အရက်ဘီယာ ၊ ရေသန့် ၊ အလှအပ ၊ အနုပညာ နှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။(သတိထားရန်)   အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ - နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။     Myanmar Wedding Guide 
Monday, 15 July 2019 13:52

ငယ်သူငယ်ချင်းကိုဘာကြောင့်လက်ထပ်သင့်လဲအပိုင်း (၂)

အပိုင်း (၂)လေးကိုဖော်ပြပေးလိုက်ပါတယ်  
Monday, 15 July 2019 13:34

ငယ်သူချင်းနဲ့ဘာကြောင့်လက်ထပ်သင့်လဲ

ကလေးဘ၀ကတည်းက သွားတူ၊ လာတူ၊ စားတူ တစ်ပူးပူး တစ်တွဲတွဲနှင့် နေလာပြီး  
Saturday, 13 July 2019 14:33

ချစ်ရတဲ့ ကောင်မလေးဆီမှာ အငြင်းခံရလို့ အသည်းကွဲခဲ့ရတဲ့ အမျိုးသား Idols များ

ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသား Idols တွေအနေနဲ့ မိန်းကလေးတွေဆီမှာ အငြင်းခံခဲ့ရတယ်ဆိုရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။  
Saturday, 13 July 2019 14:05

ကိုယ့်ချစ်သူနဲ့လက်မထပ်ခင်စဉ်းစားသင့်တဲ့အချက်များ

အမှန်ကတော့ လက်ထပ်တော့မယ်လို့ စဉ်းစားလိုက်တာနဲ့ အမျိုးသားဖြစ်စေ အမျိုးသမီး ဖြစ်စေ စဉ်းစားသင့်တာက နှလုံးသား နဲ့ပါမက ဦးနှောက်နဲ့ပါ မျှမျှတတစဉ်းစာသင့်ပါတယ်။   လူတစ်ယောက်ကို လက်ထပ်ပါမယ် လို့ကတိမပေးခင်မှာ သူဟာ ကိုယ့်ဘဝရဲ့လက်တွဲဖော်ကောင်း ဖြစ်နိုင်ရဲ့လားဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။   “လက်တွဲဖော်ကောင်း တစ်ယောက်”လို့ ဆိုလိုက်တာနဲ့ ပျမ်းမျှအားဖြင့် သူ့မှာအဓိကရှိသင့်တဲ့ အချက်လေးတွေရှိပါတယ်။   အဲဒါတွေကတော့      ၁ ။ အချစ်   သူဟာ ကိုယ့်ကိုချစ်ရဲ့လား၊ ကိုယ်ကရော သူ့ကိုတကယ်ချစ်ရဲ့လား ဆိုတာပါပဲ ။   အိမ်ထောင်ရေး တစ်ခုမှာ အချစ်မပါရင် လောကဓံကိုရင်ဆိုင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ဟာ သည်းမခံနိုင်ကြပါဘူး   နားလည်မှုလည်း မပေးနိုင်ကြပါဘူး။ဒါကြောင့် ကိုယ်ကလည်း သူ့ကိုချစ်ဖို့လိုသလို သူကလည်း ကိုယ့်ကို တကယ်ချစ်ဖို့ လိုပါတယ်။     ၂ ။ သစ္စာတရား   ချစ်သူဘဝမှာ သူ့ရဲ့သစ္စာတရားကို လုံးဝယုံကြည်စိတ်ချမှု ရရှိရဲ့လား၊ ကိုယ်ရှိနေပါလျှက်နဲ့ တခြားသူတွေနဲ့ အီစီကလီ လုပ်တတ်လားဆိုတာ လေ့လာရပါမယ်။ ကိုယ့်အပြင်မှာ တခြားတစ်ယောက် ရှိနေတယ်ဆိုရင်တော့ ဘယ်လောက်ပဲ ချစ်နေပါစေ ထားပစ်ခဲ့သင့်ပါတယ် ။   ချစ်သူဘဝမှာတောင် သစ္စာမရှိနိုင်တဲ့ သူဟာ အိမ်ထောင်သယ်ဘဝမှာ သစ္စာရှိဖို့ဆိုတာ ရာခိုင်နှုန်းအားဖြင့် အတော်ကို နည်းပါတယ်။     ၃ ။ စိတ်နေသဘောထား ကိုယ်လက်ထပ်မယ့် ကိုယ့်ရဲ့ချစ်သူဟာ စိတ်နေသဘောထားကောင်းမွန်သူဟုတ်ရဲ့လားဆိုတာဟာလည်း အဓိက အချက် ၁ချက်ထဲမှာပါဝင်ပါတယ်။ မိန်းကလေး ဖြစ်စေ ယောက်ျားလေးဖြစ်စေ ဘယ်လောက်ပြည့်စုံနေတဲ့သူဖြစ်ဖြစ် ဘယ်လောက်ပဲ တော်နေတဲ့သူဖြစ်ဖြစ် စိတ်နေသဘောထား မကောင်းဘူးဆိုရင်လည်း ဘဝကို အေးချမ်းသာယာမှု မပေးနိုင်ပါဘူးး။   ၄ ။ ကျန်းမာရေး   သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ရန်အတွက် ကျန်းမာခြင်းကလည်း အဓိက အချက်တစ်ချက်ပဲ မဟုတ်ပါလားရှင်။   ဒီတော့ ကိုယ်လက်ထပ်မယ့်သူဟာ ကျန်းမာရေး ကောင်းမွန်တဲ့သူ ဟုတ်ရဲ့လားဆိုတာကလည်း သတိပြုသင့်ပါတယ်။   ကျန်းမာရေး မကောင်းရင် ပိုက်ဆံဘယ်လောက်ချမ်းသာနေပါစေ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာ မဟုတ်ပါဘူး။   ကျန်းမာရေးကောင်းမှသာ သာယာပျော်ရွှင်တဲ့မိသားစု ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။     ‌အခြားသော အကြောင်းအရာတွေ များစွာရှိနေသေးသော်လည်း အဓိကအားဖြင့် အထက်ပါ အချက်၎ချက်နဲ့ကိုက်ညီတယ်ဆိုရင်ပဲ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်ရှိပါတယ်။   တခြားသောအရာတွေဟာ နားလည်ပေးလို့ ရနိုင်ကောင်းရနိုင်ပေမယ့် ဒီ၎ချက်ကတော့ နားလည်ပေးလို့မရနိုင်တဲ့အချက်တွေ မဟုတ်ပါလား။   ‌ဒါကြောင့် ခုလောက်ဆိုရင်တော့ ကိုယ်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ကိုယ့်ချစ်သူဟာ ဘဝမှာ လက်တွဲဖော်ကောင်း တစ်ယောက် ဖြစ်လာနိုင် မလာနိုင်ဆိုတာ စာဖတ်ပရိတ်သတ်တွေအနေနဲ့ စဉ်းစားလို့ရလောက်ပြီလို့ ထင်ပါတယ်နော်။     ‌‌ကဲ…… အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျပြီး ပျော်ရွှင်တဲ့ဘဝကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။     Source - ကြာညိုသွယ်   Myanmar Wedding Guide 
Saturday, 13 July 2019 13:50

FA တွေအကြောက်ဆုံးမေးခွန်းများ

ဘယ်သူပဲဖြစ်ဖြစ် အကြောက်ဆုံး မေးခွန်းတွေဆိုတာ ရှိပါတယ်။ ဥပမာ သူခိုးပေါ့။ မင်းခိုးသလားဆိုတာမျိုး။  
Saturday, 13 July 2019 13:06

ဗုဒ္ဓဟူးသားသမီးနှင့် ကြာသပတေးသားသမီးတို့အတွက်အချစ်ရေး

 ဗုဒ္ဓ္ဓဟူးသားသမီးများအတွက်   အချစ်ရေး    အပျိုလူပျိုများ အတိတ်ဘ၀က ဆုတောင်းရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရမည်။ ချစ်သူထံမှ အမှတ်တရလက်ဆောင်တစ်ခု ကြီးကြီးမားမားရမည်။ မိမိကိုစိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာမည်။ ၀ိုင်းဝိုင်းလည်နေမည်၊ အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေရမည်။   စိတ်ကောက်လိုက် ပြန်တည့်လိုက်ဖြင့် ကြည်နူးစရာများ အတိပြီးနေမည်။   အိမ်ထောင်ရေး   မိမိအိမ်ထောင်ဖက်၏ သ၀န်တိုခြင်းကို ခံရမည်။ အိမ်ထောင်ဖက်ကိုအကြောင်းပြု၍ ငွေကြေးစီးပွားဥစ္စာများ တိုးပွားမည်။ အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်းဥာဏ်ကောင်းများရမည်။ တစ်ဦးနဲ့တစ်ဦး နားလည်မှု မျှဝေခံစားမှုများဖြင့် သာယာနေမည်။ မယ်တစ်ထမ်း မောင်တစ်ရွက်ဖြင့် ရှေ့သွားနောက်လိုက်ညီနေမည်။   အိမ်ထောင်ရေးသုခ ခံစားရမည်။စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးမှုများ ရောထွေးနေမည်။     အချစ်ရေးအိမ်ထောင်ရေးတွင် စနေသားသမီးများ ၊ နာမည်တွင် တ ထ ဒ ဓ န ပါသောသူများ ၊ လူမျိုးခြား ဘာသာခြား ၊ မီးလျှပ်စစ် ၊ အထည်အလိပ် ၊ နိုင်ငံရပ်ခြားနှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။   အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ - မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို ရေမွှေးလက်ဆောင်ပေးရင်း ဆုတောင်းပါ။       သောကြာသားသမီးများအတွက်   အချစ်ရေး    ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရမည်။ ချစ်ခြင်းမေတ္တာများ သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်ပြီး မတည်မငြိမ်ဖြစ်မည်။ ထိလွယ် ရှလွယ်ဖြစ်မည်။   ဆုပ်လည်းစူး စားလည်းရူးအခြေအနေများကြုံရမည်၊ အဆင်မသင့်လျှင် လမ်းခွဲပြတ်စဲသွားရတတ်မည်။     အိမ်ထောင်ရေး   အကောင်းအဆိုးရောထွေးနေမည် စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေမည်။ မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရမည်။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။     အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။     အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ - နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ စွယ်တော်ရွက်နှင့်ညှပ် ၊ ခေါင်းအုံးအောက်မှာထားအိပ်ပါ။     Source -တာရော့ဗေဒင်     Myanmar Wedding Guide 
Friday, 12 July 2019 14:50

တနင်္လာနှင့်အင်္ဂါသားသမီးတွေအတွက်တနှစ်တာအချစ်ရေးအိမ်ထောင်ရေး

တနင်္လာသားသမီးများအတွက်အချစ်ရေး