မိတ်ကပ်ပညာရှင်တွေ အကြံပေးထားတဲ့ မိတ်ကပ်ဖျက်နည်းများ

မိတ်ကပ်ပညာရှင်တွေ အကြံပေးထားတဲ့ မိတ်ကပ်ဖျက်နည်းများ Google

ယခုနောက်ပိုင်း မိန်းကလေးအများစုဟာ မိတ်ကပ်ကို အင်မတန်စိတ်ဝင်စားလာကြပါတယ်။

 

မိတ်ကပ်လိမ်းနည်းလေးတွေ၊ မိတ်ကပ်ပုံစံလေးတွေကို လေ့လာလိုက်၊ စမ်းလိမ်းကြည့်လိုက်နဲ့ ကိုယ့်မျက်နှာလေးနဲ့ လိုက်ဖက်အောင် လိမ်းလာကြပါပြီ။ ဒါပေမဲ့ မိတ်ကပ်ကြိုက်တဲ့ အမျိုးသမီးလေးတို့အနေနဲ့ မိတ်ကပ်လိမ်းနည်းကို လေ့လာသလိုပဲ မိတ်ကပ်ဖျက်နည်းကိုလည်း လေ့လာသင့်ပါတယ်။ တစ်နေကုန် လှပနေဖို့ မိတ်ကပ်လိမ်းသင့်ပေမယ့် ညဘက်အိပ်ချိန်မှာတော့ သန့်ရှင်းစင်ကြယ်တဲ့ မျက်နှာလေး နဲ့ပဲ အိပ်ရာဝင်သင့်ပါတယ်။ ဒါကြောင့် အလှအပကျွမ်းကျင်ပညာရှင်တွေ အကြံပေးထားတဲ့ မိတ်ကပ်ဖျက်နည်းလေးတွေကို သိထားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။


မျက်နှာပေါ်က Eye-liner နဲ့ နှုတ်ခမ်းနီတွေကို အရင်ဖျက်ပါ။

မိတ်ကပ်ဖျက်တဲ့အခါမှာ ပျက်ဖို့ခက်တဲ့ Eye-liner ထူထူတွေနဲ့ နှုတ်ခမ်းနီတွေကို အရင်ဆုံးဖျက်ပေးပါ။ ပြီးတော့မှ မျက်နှာက မိတ်ကပ်တွေကို ညင်ညင်သာသာ ဖျက်ပါ။ အိုင်းရှဲဒိုးအကြွင်းအကျန်တွေ၊ မျက်ခုံးမွေးပေါ်က မိတ်ကပ်တွေ၊ ပါးနီက ကျန်နေတဲ့ ရွှေမှုန်အလက်အလက်တွေနဲ့ ဆံပင်စပ်နားက မိတ်ကပ်တွေကို မျက်နှာသစ်ဆေးနဲ့သေချာ ဖျက်သင့်ပါတယ်။ မိတ်ကပ်ဖျက်တဲ့အခါ မျက်နှာအသားအရေကို အကြမ်းပတမ်း ပွတ်သုတ်တာမျိုး မလုပ်မိအောင်လည်း သတိထားရပါမယ်။ နူးနူးညံ့ညံ့၊ ညင်သာစွာ ပြုလုပ်ရပါမယ်။

 

မျက်လုံးကမိတ်ကပ်တွေနဲ့ နှုတ်ခမ်းနီတွေကို ဖျက်တဲ့အခါ အထူးသတိထားပါ။

မျက်လုံးနဲ့နှုတ်ခမ်းဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အိုင်းလိုင်နာတွေ၊ မျက်တောင်ကော့ဆေးတွေနဲ့နှုတ်ခမ်းနီတွေဟာ ဖျက်ရခက်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုဖျက်ဖို့ ဂွမ်းသုံးတဲ့အခါ ဂွမ်းလုံးဟာ မျက်တောင်တွေမှာ ကပ်ငြိနိုင်တာကြောင့် ဂွမ်းဖတ်ကလေးတွေက ပိုသင့်တော်ပါတယ်။ နှုတ်ခမ်းနီကို ဖျက်တဲ့အခါမှာလည်း အခုနောက်ပိုင်း matte နှုတ်ခမ်းနီတွေ အဆိုးများလာတာကြောင့် အတင်းဖိပြီး ဆွဲသုတ်ပစ်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်လုံးနဲ့နှုတ်ခမ်းတွေကို ဖျက်တဲ့အခါမှာ ပုံမှန်မျက်နှာသစ်ဆေးနဲ့မဖျက်ပဲ မိတ်ကပ်ဖျက်ဆေးကို သုံးပြီးဖျက်သင့်ပါတယ်။ သာမန်မိတ်ကပ်ဖျက်ဆေးတွေလိုမဟုတ်ဘဲ မျက်လုံးနဲ့နှုတ်ခမ်းတွေကိုပါ ဖျက်လို့ရတဲ့ မိတ်ကပ်ဖျက်ဆေးကအကောင်းဆုံးပါပဲ။ ဒီလိုရွေးချယ်တော့မယ်ဆိုရင်တော့ POND’S ကအသစ်ထွက်ရှိတဲ့ White Beauty Micellar Water မိတ်ကပ်ဖျက်ဆေးရည်ဟာ မျက်လုံးနဲ့နှုတ်ခမ်းတွေကိုပါ သုံးလို့ရတဲ့အတွက် ပျိုမေတို့အလုပ်မရှုပ်တော့ဘူးပေါ့။ ပြီးတော့ တစ်ချက်ပွတ်လိုက်ရုံနဲ့ လုံးဝ သန့်စင်သွားစေပြီး မိတ်ကပ်ဖျက်ပြီးတာတောင် မျက်နှာအသားအရေကို ပိုမိုဖြူစင်ဝင်းပလာစေလို့ အလုပ်များသူတွေနဲ့ မိတ်ကပ်ဖျက်နည်းအဆင့်တွေကို သေချာနားမလည်တဲ့ Wedding Guide ရဲ့ မိန်းကလေး တွေအတွက် အသင့်တော်ဆုံးလို့ အကြံပြုချင်ပါတယ်။

Read times Last modified on Thursday, 08 October 2020 14:41
Rate this item
(0 votes)