အသက်ငယ်ငယ် Dancer လေးနဲ့တွဲခုတ်နေတဲ့ Johnny Depp

အသက်ငယ်ငယ် Dancer လေးနဲ့တွဲခုတ်နေတဲ့ Johnny Depp google.com
Johnny Depp ကတော့ အားလုံးသိကြတဲ့ ကမ္ဘာကျော်မင်းသားကြီးပဲဖြစ်ပါတယ်။ သူရဲ့အချစ်ရေးကလည်း
လူအများစိတ်ဝင်စားကျတဲ့ကိစ္စများစွာထဲကတစ်ခုပါ။ အခုလက်ရှိမှာတော့ ရုရှား Dancer လေးနဲ့တွဲခုတ်နေတယ်လို့သိရပါတယ်။
 
Polina Glen လို့ခေါ်တဲ့ ရုရှား Dancer မလေးကတော့ အသက် ၂၀ ဝန်းကျင်သာရှိသေးပြီးတော့ အသက် ၅၅ နှစ်ရှိတဲ့ Depp နဲ့ အသက် ၃၀ကျော်လောက်ကွာတယ်လို့ ဆိုရမှာပါ။ သူတို့နှစ်ယောက်ဟာ  Los Angeles မှာလုပ်တဲ့ Party တစ်ခုမှာ ဆုံတွေ့ခဲ့ကြတာပါ။ 
 
မကြာခင် သူတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာဖြစ်တဲ့အကြောင်းကို Polina Glen ကပြောကြားခဲ့ပြီးတော့ Polina မိဘတွေနဲ့တွေ့ဖို့ ရုရှားကိုသွားချင်နေပြီလို့လည်း Depp ကပြောခဲ့ပါသေးတယ်။
 
သူတို့စတင်ဆုံတွေ့ခဲ့တဲ့ Party မှာ Depp ကစပြီး မိတ်ဆက်ခဲ့တာပါ။ အဲ့အချိန်မှာ Depp ကိုဘယ်သူလဲဆိုတာ Polina တစ်ယောက်မသိခဲ့ပါဘူး။ Depp မှန်းသိလိုက်ရတဲ့အချိန်မှာတော့ တော်တော်လေးပျော်သွားခဲ့တယ်လို့ Polina ကဆိုပါတယ်။ Depp ဟာ သူ့ဇနီးဟောင်း Amber Heard နဲ့ ကွာရှင်းပြီးနောက်မှာမှ Polina နဲ့ဆုံတွေ့ခဲ့တာလို့သိရပါတယ်။ 
 
Ref : Dailymail
Pk
Read times Last modified on Friday, 26 April 2019 15:25
Rate this item
(2 votes)