ချစ်သူနဲ့ရန်ဖြစ်ခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများ
ချစ်သူနဲ့ရန်ဖြစ်ခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများ google
ချစ်သူတွေအတွက် ရန်ဖြစ်ပြီး ပြန်ချစ်ရတဲ့ အခိုက်အတန့်လေးက တကယ်ကိုကြည်နူးစရာအကောင်းဆုံးအ ခိုက်အတန့်လေးပါပဲနော်။
စစ်တမ်း ကောက်ယူချက်တွေအရ ၄၄% သော လက်ထပ်ပြီး စုံတွဲတွေက တစ်ပတ်တစ်ခါ ရန်ဖြစ်စကားများရင်
အချိန်ကြာကြာ ပိုချစ်ကြတယ်လို့ ပြောပါတယ် ။တကယ်တော့ စကားများတတ်တဲ့ စုံတွဲတွေက ပိုပြီး မြဲကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ကြားမှာ အထင်လွဲစရာတွေ နည်းသွားပြီး တစ်ယောက်အကြောင်း တစ်ယောက်က ပိုသိလာကြပါတယ်။
ရန်ဖြစ်တယ်ဆိုတာ ရင့်ကျက်တဲ့အချစ်ရေးရဲ့ လက္ခဏာတွေပါ။စကားများ ရန်ဖြစ်နေတဲ့ အချိန်မှာ
စိတ်ထဲ ရှိသမျှကို ပွင့်ပွင့်လင်းလင်းပြောနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားပါတယ် ။
ဒါပေမယ့် ရင့်ကျက်သွားတဲ့သူတွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုမတိုက်ခိုက် တတ်သလို အော်ဟစ်ပြီးလည်း မပြောပါဘူး။
စကားများပြီးတော့ အဆင်ပြေအောင် ညှိနှိုင်းယူမယ်ဆိုရင် သင်တို့ အချစ်ရေးက ပျော်စရာ ကောင်းမှာပါ ။
ရန်ဖြစ်တယ်ဆိုတာ ဂရုစိုက်ပေးခြင်းတစ်မျိုးပါ။ချစ်သူရဲ့ အပြုအမှုလေးတွေကို ဂရုပြုမိပြီး စကားများ ရန်ဖြစ်တာက
အချစ်စစ်ကို ဖြစ်ပေါ်စေပါတယ် ။စကားများတာက ပိုချစ်လို့ပါ ။ မောင်နှမတွေနဲ့ စကားများတာကလည်းချစ်လို့ပါ ။ အဲဒီလိုပါပဲ ။
စုံတွဲတွေ စကားများ ရန်ဖြစ်တာက တစ်ယောက် ကိုတစ်ယောက်ဂရုစိုက်လို့ပါနော်။
စိတ်ပညာရှင်တွေ ပြောပြတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရဲ့ လက္ခဏာတွေထဲမှာ ရန်ဖြစ်စကားများတာလည်း ပါဝင်ပါတယ်။
တစ်ခါမှ ရန်မဖြစ်ဘူး ဆိုရင်တော့ တစ်ခုခုမှားနေလို့ပါ ။ ရန်ဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြန်ပြီး သုံးသပ်လာနိုင်ပါတယ်။
နားလည်မှု လွဲနေတာတွေ ပျောက်ကင်းသွားဖို့က အဓိကပါ ။ဒါပေမယ့် အေးအေးဆေးဆေး စကားများတာပဲ ဖြစ်သင့်ပြီး မခေါ်မပြောပဲနေတာ ၊
အသံကျယ်ကျယ်ပြောတာတွေက ပိုပြီး စိတ်ထိခိုက်စေပါတယ်။
ချစ်သူနဲ့ရန်ဖြစ်စကားများရင် အနိုင်၊ အရှုံးဆိုတာ အရေးမကြီးပါဘူး ။ သူ့ကို နားလည်ပေးနိုင်ဖို့သာအရေးကြီးပါတယ်။
ဒါကြောင့်စကားများခြင်းက သင်တို့နှစ်ယောက်ကို ပိုပြီး ခိုင်မြဲစေမယ့် နည်းလမ်းတစ်ခုပါနော်။ တကယ်တော့ ရန်ဖြစ်တယ်ဆိုတာ အချစ်ကြီးလို့ပါ။
သင့်ချစ်သူနဲ့ အချိန်အကြာကြီး ဖြတ်သန်းချင်ရင် သံသယတွေ မထားပါနဲ့ ။
သံသယတွေ ပျောက်သွားဖို့ စကားများလိုက်တာက အကောင်းဆုံးပဲဆိုတာ မမေ့ပါနဲ့နော်။
fi1
fi5
fi6
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 17 March 2020 16:54
Rate this item
(0 votes)
Tagged under