၂၀၁၉ နိုဝင်ဘာလ (၈)ရက်မှ ၊ (၁၅)ရက်အတွင်း တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါနဲ့ဗုဒ္ဓဟူးသားသမီးများ ဆောင်ရန် ၊ ရှောင်ရန် နှင့် ယတြာပြုရန် ဟောစာတမ်း
၂၀၁၉ နိုဝင်ဘာလ (၈)ရက်မှ ၊ (၁၅)ရက်အတွင်း တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါနဲ့ဗုဒ္ဓဟူးသားသမီးများ ဆောင်ရန် ၊ ရှောင်ရန် နှင့် ယတြာပြုရန်  ဟောစာတမ်း google
တနင်္ဂနွေ
လုပ်ငန်းသစ်တစ်ခုစတင်ရန် ရည်မှန်းချက်များအောင်မြင်ရန် အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်းများပေါ်လာတတ်ပါတယ်။
မြန်မြန်အကောင်အထည် ဖော်နိုင်အောင်ကြိုးစားသင့်ပါတယ်။ တစုံတစ်ယောက်နှင့်စကားပြောငြင်းခုန် ဖြေရှင်းရတတ်ပါတယ်။ စိုးရိမ်စရာမရှိပါ။
နာမည်ဂုဏ်သတင်းနှင့် ပတ်သက်၍ လူအများ၏ ချီးမွမ်းခြင်းကို ခံရတတ်ပါတယ်။ စက်ပစ္စည်း၊တရွက်စာတမ်း၊စပ်တူရှယ်ယာကိစ္စများ စိတ်ညစ်ရတတ်။
မိတ်ဆွေရင်းများနဲ့အယူအဆကွဲလွဲ အတိုက်အခံဖြစ်တတ်။ အလှအပ အနုပညာနှင့်ပက်သက်တဲ့ ပစ္စည်းများဝင်လာတယ်။ စိတ်ချမ်းမြေ့စရာ ဝမ်းသာစရာများလဲ ကြုံရတွေရအံ့ ။
စိတ်ညစ်ရမယ် စည်သည်များရောက်လာတတ်။ စိတ်မပါပဲ ခရီးသွားရတတ်။ ပျက်မလိုဖြစ်နေသောလုပ်ငန်းများ ပြန်လည်အရှိန်မြှင့်တင်လုပ်ကိုင်ရအံ့။
ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေငွေပစ္စည်း အခွင့်အရေးများပြန်ရအံ့။
တနင်္လာနံ ၊ အင်္ဂါနံလုပ်ငန်းများနေ့သားများ အရှုတည်တည် အရှေ့တောင် အဖြူရောင်၊ ငွေရောင်းနိညိုရောင်၊ရောယှက်ရောင် အထူးအကျိုးပေးအံ့။
သောကြာနံ ၊ စနေနံ လုပ်ငန်းများ နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
အထူးသတိပြုရန် မိတ်ဆွေရင်းတစ်ဦး၏ သစ္စာဖောက်ခြင်းခံရမည်။
ငွေရေးကြေးရေး – လိမ်လည်ခံရခြင်း၊ အကြောင်း ထွက်ခြင်းများကြုံရတတ်။ ထိထိုးမယ်ဆိုရင်တော့ လျှပ်စစ်ပစ္စည်း တစ်ခုအနီးတွင် ထိပေါက်ဂဏန်းရှိနေပါတယ်။ ( ၇ ၊ ၀ )
အချစ်ရေး – ချစ်သူအပေါ် သူ့စိတ်တိုင်းကျ အလိုလိုက်နေရမည်။ အိမ်ထောင်ရေး – တစ်ယောက်မျက်နှာ တစ်ယောက်မကြည်ချင်
ယတြာ – အိမ်ဘုရားမှာ သစ်သီး(၁)လုံး ၊ သောက်တော်ရေ (၁)ခွက် လှူဒါန်းပြီး အလိုရှိရာများကို ဆုတောင်းပါ။
တနင်္လာ
အလုပ်သစ် ၊ နေရာသစ် ၊ လူသစ်များနှင့် ပက်သက်ရအံ့။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်။
မိမိရဲ့ အထက်လူကြီးအကြီးအကဲ အလုပ်မှအနားယူစရာကိစ္စပေါ်လာတတ်။ နေအိမ်အတွက်စိတ်ညစ်စရာအနည်းငယ်တွေရတတ်ပြီး ၊
မိမိနေထိုင်ရာသို့ စိတ်ညစ်ရမယ်ဧည်သည်များ ရောက်လာတတ်ပါတယ်။ မိမိရည်ရွယ်ထားသည်များ အကောင်အထည် မဖော်သင့်သေးပါ။
အချိန်ခဏစောင့်ပါ။ မိတ်ဟောင်းဆွေဟောင်းများနဲ့ပြန်ဆုံရတတ် ။ပြဿနာဟောင်း၊ရောဂါဟောင်းများပြန်ပေါ်လာတတ်။
ပြည်တွင်ပြည်ပ ခရီးကောင်းတွေလည်း ကြုံရတတ်ပါတယ်။ ကံကောင်းရန် မကြာခဏ အိပ်ယာပြောင်းအိပ်ပါ ။ ခရီးထွက်နေလေ ကောင်းလေပါပဲ။
အပူလောင်တတ်။ အနားဝန်းကျင်မှာ မီးလန့်ဂူဖြစ်ကြုံတတ်။ စက်ပစ္စည်းများ ပျက်ထွက် အသစ်လဲရတတ်။ လူမျိုးခြား နိုင်ငံခြား စိတ်အနှောက်အယှက်ပေးအံ့။
ခရီးသွားဖို့အကြောင်းတွေ ပေါ်လာတတ်။ လူကြီးတစ်ယောက်ထံမှ အကူအညီကောင်း အကြံကောင် ဉာဏ်ကောင်းများရအံ့။
အောက်လက်ငယ်သား ရွှေရတနာအတွက် စိတ်ပူရတတ်။ သောကြာနံ တနင်္လာနံ လုပ်ငန်းများ၊နေ့သားများ ၊ မြောက်တည်တည် ၊ အပြာရောင် ၊ ခရမ်းရောင် အထူးအကျိုးပေးအံ့။
စနေနံ အင်္ဂါ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
အထူးသတိထားရန် – လက်အောက်ငယ်သားကြောင့် ဖြေရှင်းစရာ ကိစ္စပေါ်များပေါ်တတ်တာကိုသတိပြုပါ။
ငွေရေးကြေးရေး – ငွေကြေးများစွာ ဝင်လာရရှိနေသော်လည်း ကုန်စရာများတစ်ခုပြီးတစ်ခုပေါ်ပေါက်လာတတ်ပြီး ကြွေးမကင်းဖြစ်နေတတ်။
ထိထိုးမယ်ဆိုရင်တော့ (ဝ) နဲ့ (၇) ကို ပါအောင်ထိုးပေးပါ။
အချစ်ရေး – ချစ်သူနှင့် အမြင်တွေ ၊ အယူအဆတွေ ကွဲလွဲနေပြီး ငြင်းခုန်စကားပြောရတတ်။ အိမ်ထောင်ရေး – မောင်တစ်ရွာ မယ်တစ်မြို့ ယာယီခွဲခွာနေ ရမည်။
ယတြာ။ ။ အိမ်ဘုရားမှာ အမွှေးတိုင် ၊ ဖယောင်းတိုင် (၉)တိုင်ဝိလှူပြီးအသံထွက်ဆုတောင်းပါ။
အင်္ဂါ
ရည်ရွယ်ထားသမျှအဆင်ပြေချောမွေ့စွာဖြစ်ပေါ်လာအံ့ ။ ထူးဆန်းသည် တအုပ်တစ်အုပ်လက်ဆောင်ရအံ့။ ပညာအသစ်ရအံ့။ ငွေ ၊ ခြံ ၊ကားနဲ့ပက်သက်တဲ့ကိစ္စများအောင်မြင်မယ် ။
အိမ်သစ်ဆောက်ရန် ၊ လုပ်ငန်းသစ်များစတင်ရန် အကောင်းအချိန်ဖြစ်အံ့။လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။
ရပ်ဝေးက အကူအညီ ၊ အဆက်အသွယ်ကောင်းတွေ ပေါ်လာအံ့။ ဆွေမျိုးတွေရဲ့ သတင်းကောင်းလည်းကြားရတတ်။ ။ ဝိစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် ကောက်ကာငင်ကာနှင့် ခရီးသွားရတတ်။
ကောင်းသောခရီး ဖြစ်အံ့။ မိတ်ဆွေရင်း ဆရာရင်း တွေရဲ့ အကူအညီကောင်းများရအံ့။ အိမ်မကပ်ချင်ပဲဖြစ်နေအံ့။
အများနှင့်တစ်ယောက် အခန့်မသင့်ဖြစ်အံ့။ စိတ်လေစိတ်ထွေအံ့။ တနင်္လာနံကြာသပတေးနံ လုပ်ငန်းများ နေ့သားများ အရှုတည်တည် ၊ အဖြူရောင် ၊ ငွေရောင် အထူးအကျိုးပေးအံ့။
အင်္ဂါနံ သောကြာနံ လုပ်ငန်းများ ၊ နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့
အထူးသတိပြုရန်-လုပ်ငန်းကိစ္စများကြံရွယ်ထားသည်ရှိသော် မြန်မြန်လက်တွေ အကောင်အထည်ဖော်ပါ။
ငွေရေးကြေးရေး – ငွေကြေးကံနှင့်ပက်သက်သော အကြံစည်ရည်ရွယ်ချက်များ အောင်မြင်ပါလိမ့်မယ်။
ထိထိုးမယ်ဆိုရင်တော့ (၂) နဲ့ (ဝ) ကို ပါအောင်ထိုးပေးပါ။တံခါးအနီးမှာ ထိဂဏန်းရှာပါ။
အချစ်ရေး – တစ်သက်တာ ရွှေလက်တွဲရမယ် ဖူးတဖက်နှင့်တွေ့မည်။ အိမ်ထောင်ရေး – မိန်းမတစ်ဦးကြောင့် လင်နှင့်မယား စကားများရတတ်သည်။
ယတြာ။ ။အိမ်ဘုရားတွင် နှင်းဆီ (၃)ပွင့်၊သောက်တော်ရေ (၃)ခွက် လှူဒါန်းပြီးဆုတောင်းလိုက်ပါ။
ဗုဒ္ဓဟူး
စက်ပစ္စည်း၊ အဖိုးတန်တအုပ် ဝင်ခြင်း ၊ လက်ဆောင်ရခြင်းမျိုးကြုံရအံ့။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်အံ့။ ပညာအသစ်ရ သင်တန်းတက်ရတတ် ။
မိတ်ဆွေရင်း ဆရာရင်းတွေရဲ့ အကူအညီကောင်းများရအံ့။ ရပ်ဝေးမှ သတင်းကောင်းကြားအံ့။ သားသမီး အောက်လက်ငယ်သားအတွက် ပူပန်သောကဖြစ်ရတတ်သည်။
လူမျိုးခြား နိုင်ငံခြားနှင့်ပက်သက်ပြီး အဆက်အသွယ် ကောင်းများပေါ်လာအံ့။ ရွှေရတနာအဝင်အထွက်ရှိ။ လူကြီးတစ်ယောက်ကြောင့် စိတ်ညစ်ရတတ် ။
ပြည်တွင်းပြည်ပခရီးများသွားဖို့ အကြောင်းတွေပေါ်လာအံ့။အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်တဲ့ကိစ္စများအောင်မြင်အံ့။ အလုပ်အဆက်အသွယ်သစ်များပေးလာအံ့။
လုပ်ငန်းသစ်စတာ ၊ နေရာပြောင်းတာတွေလုပ်သင့်။ ငွေကျပျောက်တတ် ။ အခိုးခံရတတ်။
ဝမ်းသာစရာစည်သည်များ တွေကရအံ့။စနေနံ ၊ သောကြာနံ လုပ်ငန်းများ၊ နေ့သားများ ၊ အနောက်တောင်အရပ်၊ အနက်ရောင်၊မရမ်းစေ့ရောင် အထူးအကျိုးပေးအံ့။
(တနင်္ဂနွေနံ ဗုဒ္ဓဟူးနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။
အထူးသတိထားရန်-အရာရာတွင်အတိုက်အခံလုပ်ခြင်းများ ၊ဆန့်ကျင်ဘက်ငြင်းခုန်ခြင်းများကို ရှောင်ကြဉ်ပါ။
ငွေရေးကြေးရေး – အဝင်နည်း အထွက်များနေအံ။ ထိထိုးမယ်ဆိုရင်တော့ (၇) နဲ့ (၉) ပါအောင်ထိုးပေးပါ။
အချစ်ရေး – ချစ်သူ၏ဝိမ်းကားမှုခံရမည်။ တွေ့သမျှစိမ်းမြင်သမျှစိမ်းကြင်သမျှဂိမ်းနဲ့ အစိမ်းရောင်တွေ လွှမ်းမိုးနေအံ့။
အိမ်ထောင်ရေး – မျက်နှာချင်း မဆိုင်ချင်လောက်အောင် ဖြစ်နေအံ့။
ယတြာ။ ။ အုန်းသီးပါသောမုန့် (၆) ၊ သစ်သီး (၆)လုံး ဘုရားလှူဆုတောင်းပါ။
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 21 February 2020 11:46
Rate this item
(0 votes)
Tagged under