မွေးလအလိုက် မွေးရာပါ ပင်ကိုယ်အမူအကျင့်များ
မွေးလအလိုက် မွေးရာပါ ပင်ကိုယ်အမူအကျင့်များ google
လူတစ်ယောက်ချင်းစီမှာ မွေးရာပါပင်ကိုယ်စရိုက်လေးတွေနဲ့ အမူအကျင့်လေးတွေ ရှိပါတယ်။ ခုဖော်ပြပေးမှာကတော့ လအလိုက် မွေးရာပါပင်ကိုယ်အမူအကျင့်လေးတွေပဲဖြစ်ပါတယ်။
1. January
January လဖွားလေးတွေဟာ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူတွေဖြစ်ပါတယ်။ ကိုယ့်တာဝန်ကိုယ်သိပြီး ကြိုးစားတဲ့သူတွေလည်းဖြစ်ပါတယ်။
စိတ်ခံစားချက်နုနယ်ပြီး ခံစားလွယ်တဲ့သူတွေဖြစ်ပါတယ်။
2. February
February လဖွားတွေဟာ လူအများကြီးကြားမှာ နေထိုင်ရတာထက် သီးသန့်နေချင်ကြတဲ့သူတွေပါ။ သင်ယူတတ်မြောက်လွယ်ပြီး ဗဟုသုတအများကြီးရှိတဲ့သူတွေဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက လွတ်လပ်စွာ နေထိုင်တတ်သူတွေဖြစ်ပြီး ချုပ်ခြယ်တာမျိုးကို လုံးဝမကြိုက်ပါဘူး။
3. March
March လဖွားတွေဟာ ဆဋ္ဌမအာရုံအရမ်းကောင်းတဲ့သူတွေဖြစ်ပါတယ်။ စိတ်ထိခိုက်လွယ်တဲ့သူတွေဖြစ်ပြီး သရဲတစ္ဆေတွေနဲ့ ကျယ်လောင်တဲ့ အသံတွေကို ကြောက်ကြပါတယ်။
စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်တဲ့သူတွေဖြစ်တာကြောင့် သူတို့တွေကို စိတ်ထိခိုက်အောင် မလုပ်မိဖို့ အထူးသတိထားရပါမယ်။
4. April
သူတို့လေးတွေဟာ သွက်လက်ပြီး အရာရာကို စူးစမ်းချင်တဲ့သူတွေပါ။ ဒါကြောင့် သူတို့လေးတွေ ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုရင် သတိထားပြီး ထိန်းကျောင်းပေးဖို့ လိုပါတယ်။
သူတို့အနားမှာနေရရင် ဘယ်တော့မှပျင်းရမှာမဟုတ်ပါဘူး။
5. May
May လဖွားလေးတွေဟာ ပါးနပ်တယ်၊ လက်တွေ့ကျတယ် နောက်ပြီး လူတိုင်းနဲ့တည့်တယ်။ အဝတ်အစားလှလှလေးတွေနဲ့ လှတဲ့အရာဝတ္ထုလေးတွေကို အရမ်းကြိုက်တယ်။
စိတ်ကောက်လွယ်တယ်။ ဒါပေမယ့် ချက်ချင်းစိတ်ပြန်ပြေတတ်ပါတယ်။
6. June
June လဖွာေးလးတွေဟာ အရမ်းကို ဟာသဉာဏ်ရွှင်ကြပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေကို မျှဝေရာမှာ စကားနဲ့ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် ရှင်းလင်းစွာ မျှဝေနိုင်တဲ့ အရည်အချင်းရှိသူတွေပါ။
ငယ်စဉ်ကတည်းက ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေကို ကောင်းမွန်စွာ အသုံးပြုတတ်လောက်အောင် ဉာဏ်ကောင်းတဲ့သူတွေပါ။
7. July
July လဖွားလေးတွေဟာ သူတစ်ပါးကို အရမ်းသနားတတ်ပြီး ကိုယ်ချင်းစာစိတ်ကြီးမားတဲ့သူတွေပါ။ ယုံလွယ်သူတွေဖြစ်ပြီး အရမ်းရိုးသားတဲ့သူတွေဖြစ်ပါတယ်။
မိဘ၊ သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို အမြဲလိုလို လိုအပ်နေတဲ့သူတွေ ဖြစ်ပါတယ်။
8. August
August လဖွားလေးတွေဟာ ဝေဖန်ခံရမှာနဲ့ လူအများရဲ့အာရုံစိုက်ခြင်းကို ခံရမှာမျိုးတွေကို လုံးဝမကြိုက်ပါဘူး။ သူတို့ကို လေးလေးစားစား ဆက်ဆံတဲ့သူတွေကို ပြန်ပြီးလေးလေးစားစားဆက်ဆံ တတ်ပါတယ်။
တန်ပြန်သက်ရောက်မှုကို လက်ကိုင်ထားတဲ့သူတွေပါ။
9. September
ဒီလဖွားတွေဟာ အရမ်းကိုစေ့စပ်သေချာတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါတလေ ရည်မှန်းချက်ပန်းတိုင်ကို သွားရာမှာ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်သွားတတ်ကြပါတယ်။
သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိပြီး တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူတွေပါ။
10. October
ဒီလဖွားတွေဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်အရာမှာမဆို နှစ်ဘက်မြင်တတ်တဲ့ သူတွေဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချရာမှာ အခက်တွေ့တတ်ပါတယ်။
သူတို့စိတ်ကို ခန့်မှန်းလို့မရပေမယ့် ကလိမ်ကကျစ်စိတ်တော့လုံးဝမရှိတဲ့သူတွေပါ။
11. November
November ဖွားလေးတွေဟာ အရမ်းကိုစူးစမ်းလေ့လာချင်တဲ့သူတွေဖြစ်တာကြောင့် စိတ်ဝင်စားတဲ့အရာမှာ အရမ်းကို ထူးချွန်ကြပါတယ်။ ပဟေဠိတွေ၊ စဉ်းစားရတဲ့ ဂိမ်းတွေကို အရမ်းစိတ်ဝင်စားကြပါတယ်။
စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေဖြစ်တာကြောင့် စိတ်ဒဏ်ရာရသွားခဲ့ရင် အစွန်းရောက်သွားနိုင်ပါတယ်။
12. December
December ဖွားလေးတွေဟာ အရမ်းကို စိတ်ကူးယဉ်ပုံပြင်ဆန်တဲ့သူလေးတွေပါ။ သင်ယူလေ့လာရတာကို နှစ်သက်ပြီး ဆရာသမားတွေရဲ့ ချစ်ခင်ခြင်းကို ခံရသူတွေပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဟာသဉာဏ်ရွှင်တာလေးက သူတို့ရဲ့ အဓိကဆွဲဆောင်မှုဖြစ်ပါတယ်။
Crd- Em Em
Zawgyi ဖြင့်ဖတ်ရန်...
1. January
2. February
3. March
4. April
5. May
6. June
ငယ်စဉ်ကတည်းက ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေကို ကောင်းမွန်စွာ အသုံးပြုတတ်လောက်အောင် ဥာဏ်ကောင်းတဲ့သူတွေပါ။
7. July
8. August
9. September
10. October
11. November
12. December
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဟာသဥာဏ်ရွှင်တာလေးက သူတို့ရဲ့ အဓိကဆွဲဆောင်မှုဖြစ်ပါတယ်။
Crd- Em Em
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 21 February 2020 11:20
Rate this item
(0 votes)
Tagged under