ကိတ်ကြွေနေရတဲ့ Crush နဲ့ Friend Zone ထဲက ဘယ်လိုရုန်းထွက်ကြမလဲ?

ကိတ်ကြွေနေရတဲ့ Crush နဲ့ Friend Zone ထဲက ဘယ်လိုရုန်းထွက်ကြမလဲ?

Friendzone ထဲက ရုန်းထွက်ပြီး နီးစပ်အောင်လုပ်ဖို့ဆိုရင် ဒီနည်းလမ်းလေးတွေ လိုတယ်နော်။

(၁) စမ်းစစ်ပါ

 

သူနဲ့ကိုယ်နဲ့ကြားမှာ ဘာတွေဖြစ်နေလဲဆိုတာ စမ်းစစ်ပါ။ ကိုယ့်ဖက်က သူ့ကို စိတ်ဝင်စားတာ၊ ကြိုက်တာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်ဖက်ကရော ကိုယ့်ကို ကြိုက်ရဲ့လား၊ စိတ်ဝင်စားရဲ့လားဆိုတာ အရင်ဆုံးစမ်းစစ်ပါ။

ဒါကိုသေချာသိမှလည်း သင့်ဖက်က ရှေ့တိုးသင့်လား နောက်ဆုတ်သင့်လားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စိတ်ဝင်စားတယ်ဟေ့ဆိုရင်တော့ အိုကေ.. ရှေ့ဆက်ရဲဘော်။

 

(၂) သူဘာကိုလိုချင်တာလဲ

 

သူက ဘယ်လိုကောင်မလေးမျိုးကို လိုချင်တာလဲ၊ relationship တစ်ခုတည်ဆောက်တော့မယ်ဆိုရင် သူ့ဖက်က ဘယ်လိုလေးတွေ ဖြစ်ချင်တာလဲဆိုတာ သိအောင်လုပ်ပါ။ ဒါလေးတွေနဲ့ကိုက်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ပါ။

 

(၃) တိုးတက်အောင်လုပ်ပါ

 

သူနဲ့ကိုယ်နဲ့ကြားထဲက ဆက်ဆံရေးအပြင် ကိုယ့်ကိုယ်ကိုလည်း တိုးတက်အောင်ပြုပြင်ပြောင်းလဲပါ။ ဥပမာကိုယ်သဘောကျရတဲ့လူက အရမ်းတွေ ကိုယ်နဲ့ အလုပ်မှာ၊ ပညာရေးမှာ စသဖြင့် ကွာခြားနေရင် မဖြစ်ဘူးမဟုတ်လား။ အောင်မြင်မှုတိုင်းကိုလည်း သူမြင်ပါစေ။

 

(၄) စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

 

တကယ်ချစ်ရင် စိတ်ရှည်လိုက်ပါ။ ကိုယ့်ဖက်က အစစအရာရာပြင်ဆင်ပြီးတဲ့အချိန် သူနဲ့နီးစပ်ဖို့အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပါ။ ဥပမာ ကိုယ်သဘောကျရတဲ့သူက သူ့အလုပ်မှာ တိုးတက်ဖို့အတွက် အချိန်ပေးနေရချိန်တို့ဘာတို့လိုမျိုးမှာ အလိုက်တသိနဲ့ ဘေးက supporting လေးပေးပြီး စောင့်နေပါ။

 

(၅) တည့်ပြောပါ

 

မိန်းကလေးမလို့ စောင့်နေရမယ်ဆိုတဲ့ခေတ်မဟုတ်ပါဘူးနော်။ ဒီတော့ ကိုယ့်ဖက်က စလှုပ်ရှားသင့်လှုပ်ရှားရမယ်။ ဒီလို လှုပ်ရှားဖို့အတွက် သင့်အနေနဲ့ ခြေလှမ်းစလိုက်ပါ။ သူ့ကိုသဘောကျနေကြောင်း၊ အခုလို friendzone ထဲမှာပဲ မနေနိုင်တော့ကြောင်း တည့်တိုးပြောလိုက်ပါ။

အဲလိုပြောတဲ့အချိန်မှာ ကိုယ့်ကိုယ်ယုံကြည်မှုရှိရှိနဲ့ ပြတ်ပြတ်သားသားပြောပါ။ အသနားခံတာမျိုးတွေဘာတွေ မလုပ်ပါနဲ့။ အကယ်၍ သူ့ကဖက်က ကိုယ့်ကို စိတ်မဝင်စားဘူးဆိုရင်တော့ သူငယ်ချင်းတောင် ဆက်မလုပ်ပါနဲ့တော့။

 

Source Anty May

Read times
Rate this item
(1 Vote)
Tagged under