အိန္ဒိယ-မြန်မာနယ်စပ်တွင် မှောင်ခို‌ရွှေ ကျပ် သန်း ၆,၁၀၀ ကျော်ဖိုး ဖမ်ဆီးရမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် မှောင်ခို‌ရွှေ ကျပ် သန်း ၆,၁၀၀ ကျော်ဖိုး ဖမ်ဆီးရမိ

Covid-19 ကြောင့် အသွားအလာ ပိတ်ပင်မှုများ ရှိနေသော်လည်း ယခုနှစ်တွင် တရားမဝင် ရွှေမှောင်ခို သယ်ယူပို့ဆောင်မှု ပိုမိုများပြားလာသည်။

Directorate of Revenue Intelligence (DRI)သည် အိန္ဒိယ-မြန်မာနယ်စပ်မှ မှောင်ခိုတင်သွင်းလာသော ရွှေချောင်းများ ၆၆.၄ ကီလိုဂရမ်ကို ကို ဖမ်းဆီးရမိခဲ့သည်။ ကာလတန်ဖိုး ရူပီ ၃၅ သိန်း( အမေရိကန်ဒေါ်လာ ၅.၇ သန်းကျော် ၊ ကျပ် သန်း ၆၁၀၀ ကျော်) ရှိသည်။ မှောင်ခိုရွှေချောင်းများ သယ်ဆောင်လာသည့် ထရပ်ကား နှစ်စီးနှင့် အတူလိုက်ပါလာသူ၅ ဉီးကို ဖမ်းဆီးထားသည်။ ရွှေချောင်းများကို ထရပ်ကားနှစ်စီး၏ ဆီတိုင်ကီများထဲတွင် ထည့်သယ်လာကြခြင်း ဖြစ်သည်။
DRI သည် သတင်းရရှိသဖြင့် ထရပ်ကား နှစ်စီး နောက်သို့ လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထရပ်ကားများကို DRI ရုံးရှိရာသို့ ခေါ်ဆောင်ပြီး ရှာဖွေခဲ့သည်။
ဆီတိုင်ကီများထဲတွင် အလေးချိန် ၁၁၆ ဂရမ်ရှိသော ရွှေချောင်း စုစုပေါင်း ၄၀၀ ချောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖမ်းဆီးရမိသော သံသယရှိသူ ၅ ဦး က ပန်ဂျပ်ပြည်နယ်သို့ ပို့ပေးရန် စေခိုင်းထားသည်ဟု ထွက်ဆိုချက် ပေးကြသည်။

WhatsApp_Image_2020-11-19_at_8.06.28_PM_1.jpeg
အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (National Investigation Agency)အနေဖြင့် ယခုနှစ်အတွင်း ရှာဖွေတွေ့ရှိထားသည့် ရွှေမှောင်ခိုဂိုဏ်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်။
ဇူလိုင်လက မှောင်ခိုရွှေ ၁၈ ကီလိုဂရမ်ကို ဖမ်ဆီးရမိခဲ့ပြီး ဩဂုတ်လတွင် ၈၃ ကီလိုဂရမ် ဖမ်းဆီး ရမိခဲ့သည်။

 

 

 

Read times Last modified on Saturday, 21 November 2020 21:57
Rate this item
(0 votes)