ဗဟိုဘဏ်များ ရွှေဝယ်ယူမှုအား ဆက်လက်လုပ်ဆောင်လျက်ရှိ

ဗဟိုဘဏ်များ ရွှေဝယ်ယူမှုအား ဆက်လက်လုပ်ဆောင်လျက်ရှိ

ဗဟိုဘဏ်များ ရွှေဝယ်ယူမှုအား ဆက်လက်လုပ်ဆောင်လျက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ ခုနှစ်သည် ဗဟိုဘဏ်များ အသားတင်ရွှေဝယ်ယူမှု စံချိန်တင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည့်နှစ် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ဗဟိုဘဏ်များ ရွှေဝယ်ယူမှု စုစုပေါင်းမှာ  တရားဝင် ထုတ်ပြန်ကြေညာသည့် စာရင်းများအရ ၁,၁၃၆ တန် ရှိသည်။

 

ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်များသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင်  ရွှေအရန်ငွေများထဲသို့ နောက်ထပ် ရွှေများ အသားတင် ၇၇ တန် ထပ်ထည့်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ World Gold Council WGC မှ အချက်အလက် ထုတ်ပြန်သည်။

 

၂၀၂၂ တွင် ရွှေများကို  စံချိန်တင် ဝယ်ယူခဲ့ကြပြီး ၂၀၂၃ နှစ်ဆန်းတွင်လည်း ရွှေများ ဆက်လက်ဝယ်ယူနေကြသည်။

 

.၂၀၂၃ ဇန်နဝါရီလတွင် ဝယ်ယူခဲ့သည့် ရွှေတန်ချိန်ပမာဏသည် ၂၀၂၂ ဒီဇင်ဘာလတွင် ဝယ်ယူခဲ့သည့် ပမာဏထက် ၂ ဆ နီးပါး ရှိသည်။ 

 

၂၀၂၃ ဇန်န၀ါရီလတွင် စင်ကာပူ ဗဟိုဘဏ်မှ ရွှေ ၄၅ တန် ဝယ်ယူခဲ့သည်။

 

တူရကီဗဟိုဘဏ်သည် ၂၀၂၂ ခုနှစ်တွင် ရွှေ အများဆုံးဝယ်ယူသူ ဖြစ်ခဲ့ပြီး ၂၀၂၃ ဇန်န၀ါရီလတွင် ရွှေ ၂၃ တန် ဝယ်ယူခဲ့သဖြင့်  တူရကီဗဟိုဘဏ်တွင် စုဆောင်းထားသည့် ရွှေတန်ချိန် စုစုပေါင်းမှာ ၅၆၅ တန် ရှိသွားပြီ ဖြစ်သည်။

တိုင်းပြည်သည် မြင့်မားလှသော ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရသည်။

ကုန်ဈေးနှုန်းဖောင်းပွမှုသည် ယမန်နှစ်က ၈၅% အထိ မြင့်တက်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ၆၄% အထိ မြင့်မားနေဆဲ ဖြစ်သည်။ တူရကီ နိုင်ငံသုံးငွေ လီရာသည် ယမန်နှစ်က ၃၀% နီးပါး တန်ဖိုးကျဆင်းခဲ့သည်။

Bloomberg ၏ အဆိုအရ လိုင်ရာဖြင့် ပေးချေသည့် ပြည်တွင်း ရွှေဈေးနှုန်းသည် တစ်နှစ်တာကာလတွဂ် ၄၀% မြင့်တက်ခဲ့သည်။

 

တရုတ်နိုင်ငံ ဗဟိုဘဏ်သည် ၂၀၂၂ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရွှေ ၆၂ တန် ဝယ်ယူခဲ့သည်။ ၂၀၂၃ ဇန်နဝါရီလတွင် ရွှေ ၁၄.၉ တန် ဝယ်ယူခဲ့သည်။

တရုတ်ဗဟိုဘဏ်သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရွှေ ၁၄၄၈ တန် စုဆောင်းခဲ့သည်။ ထို့နောက် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ အသံတိတ်နေခဲ့ရာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရွှေဝယ်ယူခြင်းကို အသိပေးသည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ထိုအသံတိတ်နေသောနှစ်များအတွင်း တရုတ်ဗဟိုဘဏ်သည်  ရွှေကို ဆက်လက်ဝယ်ယူနေခဲ့သည်ဟု လူအများက ထင်ကြေးပေးကြသည်။

ထို့အပြင် တရုတ်ဗဟိုဘဏ်တွင် တကယ်ရှိနေသည့် ရွှေတန်ချိန်သည် တရားဝင် ကြေညာသည်ထက် ပိုများမည်ဟု ယူဆကြသည်။

နိုင်ငံခြားသုံးငွေအတွက် နိုင်ငံတော် စီမံခန့်ခွဲရေးအဖွဲ့  State Administration for Foreign Exchange (SAFE) ထံတွင်လည်း ထုတ်ပြန်ကြေညာခြင်း မပြုသည့် ရွှေများ ရှိမည်ဟု ယူဆကြသည်။

 

၂၀၂၂ နှစ်တွင် ဗဟိုဘဏ်အချို့ တို့တွင် ရွှေကိုင်ဆောင်ထားခြင်းများ တိုးလာခဲ့သော်လည်း ထုတ်ပြန်ကြေညာခြင်း မပြုကြချေ။

 

ဥရောပဗဟိုဘဏ်သည် ဇန်နဝါရီလတွင်  ရွှေပိုင်ဆိုင်မှု ၂ တန်နီးပါး တိုးလာကြောင်း ထုတ်ပြန်ခဲ့သည်။ 

 

National Bank of Kazakhstan သည် ဇန်နဝါရီလတွင် ရွှေ ၃.၉ တန် တိုးခဲ့သည်။ ယခင် ၂၀၂၂ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရွှေများ ရောင်းချခဲ့သည်။ 

 

ဇန်နဝါရီလတွင် ရွှေရောင်းချမှု ထင်ရှားသော ဗဟိုဘဏ်မှာ ဥဘက်ကစ္စတန် ဖြစ်ပြီး ရွှေအရန်ငွေ ၁၂ တန် ကျဆင်းခဲ့သည်။

ဥဘက်ကစ္စတန် နှင့် ကာဇက်စတန်တို့မှ ဗဟိုဘဏ်များသည် ပြည်တွင်းထွက် ရွှေများကိုလည်း ဝယ်ယူကြသည်။ ပြည်ပသို့ ရွှေရောင်းချခြင်း၊ ပြည်ပမှ ရွှေဝယ်ယူခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

 

ကမ္ဘာ့ရွှေကောင်စီက ၂၀၂၃ ခုနှစ်တွင် ဗဟိုဘဏ်များက ရွှေကို ဆက်လက်ဝယ်ယူကြမည်ဟု ခန့်မှန်းထားသည်။ သို့သော် ၂၀၂၂ ခုနှစ် စံချိန်တင် ဝယ်ယူခဲ့သည့် ပမာဏကို မမီဟု ယူဆသည်။

ဗဟိုဘဏ်များ ရွှေအသားတင် ဝယ်ယူခဲ့ကြသည်မှာ ၁၃ နှစ် ဆက်တိုက်ရှိသွားပြီ ဖြစ်သည်။

Source WGC

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 14 March 2023 19:41
Rate this item
(1 Vote)