ဟန်းနီးမွန်းအတွက် အကောင်းဆုံးအကြံပြုချက် - ၂

ဟန်းနီးမွန်းအတွက် အကောင်းဆုံးအကြံပြုချက် - ၂

အောက်ဖော်ပြပါ အချက်အပေါ် သုံးသပ်လေ့လာကြည့်ခြင်းဖြင့် သင်တို့

မင်္ဂလာဦးဇနီးမောင်နှံအတွက် ပြီးပြည့်စုံသော ပျားရည်ဆမ်းခရီးတစ်ခုကို ဖန်းတီးနိုင်မှာဖြစ်ပါတယ်။

အချိန်သတ်မှတ်ထားပါ

-------------------------

ဘယ်သူမှတော့ ဟန်းနီးမွန်းခရီးကို တစ်လကိုးသီတင်းလုံး သွားတဲ့သူ မရှိသေးပါဘူး။ သုံးလေးရက် လောက်သွားတဲ့သူသာ များပြားပါတယ်။

မိမိသွားမည့် ခရီး ၃ ရက်လောက်ကို ၃ပါတ်ကြာခရီးကဲ့သို့ အကျိုးရှိရှိဖြစ်အောင် စီမံသင့်ပါတယ်။ ဒါကြောင့် ခရီးစဉ်ကို ရေးဆွဲရာတွင် နေရာတစ်ခုစီအတွက် အချိန်တစ်ခုစီနဲ့ သတ်မှတ်ပြီး ရေးဆွဲရမည်ဖြစ်သလို ခရီးသွားလျှင်လည်း ကြာမည့်အချိန်တွေကိုပါ ထည့်သွင်းရေးဆွဲရမှာဖြစ်ပါတယ်။

ဦးစားပေးရွေးချယ်ပါ

---------------------

ဟန်းနီးမွန်းခရီးစဉ်မှာ အဓိကလုပ်လိုတဲ့ အရာ၃ ခုလောက်ကို ဦးစားပေးလုပ်ဖို့ စဉ်းစားပါ။ ဥပမာ-ခရီးစဉ်ရောက်လျှင် အနှိပ်ခံမလား၊ ယောဂကစားမလား၊ ရေပြင်အပျော်စီးကစားနည်းတွေကစားမလား၊ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာမလား၊ ရိုးရာအစားအသောက်တွေကိုစားမလား ဆိုတဲ့ အဓိကလုပ်လိုတဲ့ အချက်တွေကို ဇနီးမောင်နှံအတူတိုင်ပင်ပြီး စာရင်းပြုစုထားသင့်ပါတယ်။

နှစ်ယောက်အတူလုပ်လိုတဲ့ အရာတွေကလည်း သင်တို့သွားမယ့်နေရာနဲ့ ကိုက်ညီမယ့်အရာတွေ ဖြစ်သင့်ပါတယ်။ သွားမယ့်ခရီးစဉ်က တောင်ကြီး၊ နှစ်ယောက်သဘောတူတာက ပင်လယ်ထဲရေကူးချင်တာ ဆိုတာမျိုး မဖြစ်ရအောင် ကြိုတင်စီစဉ်သင့်ပါတယ်။

အစီအစဉ်ဆွဲတဲ့အခါမှာလည်း ရိုးရိုးလေးနဲ့ အနားယူလို့ရနိုင်မယ့် အစီအစဉ်မျိုးကို ဆွဲရမှာဖြစ်သလို နှစ်ယောက်လုံး ဆန္ဒရှိတဲ့ အရာတွေဖြစ်ရပါမယ်။

ဦးစားပေးလုပ်ကိုင်လိုတာတွေ များနေရင်တော့ မပြီးပြီးအောင် သွားနေရသဖြင့် မိမိတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ ပျော်ရွှင်စရာထက် ပင်ပန်းပြီး စိတ်ညစ်စရာတောင် ဖြစ်သွားနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(1 Vote)