ကိုယ့်ကိုသတိရနေအောင် ဘယ်လိုလုပ်မလဲ

ကိုယ့်ကိုသတိရနေအောင် ဘယ်လိုလုပ်မလဲ google.com

ကိုယ့်ချစ်သူကောင်လေးတစ်ယောက်က ကိုယ့်အပေါ်သတိရနေစေဖို့

သူ့ရဲ့အတွေးစိတ်ကူးတွေထဲမှာ ကိုယ့်ပုံရိပ်တွေ ရှိနေအောင် ချည်ထားနိုင်မှ တော်ကာကျပါလိမ့်မယ်။

 

ကိုယ့်ချစ်သူကောင်လေးက ကိုယ်နဲ့ရှိနေချိန်မှာ သူနှစ်သက်တဲ့အပြုအမူမျိုးတွေနဲ့ ဆက်ဆံမယ်ဆိုရင် သူပျော်နေပါလိမ့်မယ်။

 

လူတွေက ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်လုပ်ချင်တာတွေလုပ်ရရင် ပျော်နေကြတဲ့လူမျိုးဖြစ်ပါတယ်။ သူနဲ့ကိုယ်နဲ့ အပြန်အလှန် နားလည်မှုအပြည့်နဲ့ နွေးထွေးမှုတွေ ရှိနေမယ်ဆိုရင် သူကိုယ့်ကိုယ် အမြဲ သတိရနေမှာ ဖြစ်ပါလိမ့်မယ်။

 

နောက်တစ်ခါ သူနဲ့ကိုယ် ထပ်တွေ့ရမယ်ဆိုရင်လည်း သူပျော်ပြီး မျှော်နေတော့မှာဖြစ်ပါတယ်။ တစ်ခုသိထားရမှာကတော့ ကောင်လေးတွေက နားညီးတဲ့ဒဏ်ကို မခံစားနိုင်ကြဘူးဆိုတာ သိထားရမှာပဲ ဖြစ်ပါတယ်။

 

နှစ်ယောက်အတူတွေ့ဆုံစဉ်အချိန်တွင်လည်း သူ့ကို ဘေးကနေဗြစ်တောက်ဗြစ်တောက် ပြောနေမယ်ဆိုရင် သူက သင်နဲ့တွေ့ဆုံဖို့ ကြောက်နေတော့မှာ ဖြစ်ပါတယ်။

 

အချိန်ပြည့် ကိုယ့်ချစ်သူကို ခဏခဏဖုန်းဆက်မယ်၊ မတ်ဆေ့ခ်ျပို့နေမယ်ဆိုရင်လည်း သူစိတ်ဆင်းရဲပြီး ကိုယ့်ကိုယ် အထင်သေးသွားပါလိမ့်မယ်။

 

ယောက်ျားလေးတွေက သူတို့ကို စိတ်ကျဉ်းကျပ်အောင်လုပ်တာတို့၊ နေရထိုင်ရခက်အောင်လုပ်တာတို့ဆို ပိုလို့တောင် အမြင်ကတ်ကြပါသေးတယ်။

 

ဒီလိုနေရာမျိုးတွေမှာ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပြတ်သားတတ်ကြပါတယ်။

 

ဒါကြောင့် သူအားတဲ့အချိန်မှသာပြောဆိုခြင်း၊ အလိုက်သိတတ်ခြင်းများကြောင့် သင့်ကို သူအမြဲသတိရနေစေမှာ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:43
Rate this item
(9 votes)