ငယ်သူငယ်ချင်းနှင့်လက်ထပ်ခြင်း အကျိုးကျေးဇူးများ - ၂

ငယ်သူငယ်ချင်းနှင့်လက်ထပ်ခြင်း အကျိုးကျေးဇူးများ - ၂ google.com

ကလေးဘ၀ကတည်းက သွားတူ၊ လာတူ၊ စားတူ တစ်ပူးပူး တစ်တွဲတွဲနှင့် နေလာပြီး

အရွယ်ရောက်သည့်အခါတွင်လည်း ငယ်ငယ်ကအတိုင်း တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ နောက်ပြောင်ရင်း သူငယ်ချင်းတွေကလည်း နှစ်ဦးနီးစပ်အောင် ပြောဆိုရင်းနှင့် သူငယ်ချင်း ချစ်သူဖြစ်လာကြမည့်သူများအတွက် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

 

ထိုသို့ သူငယ်ချင်း ချစ်သူဖြစ်ခဲ့မယ်ဆိုရင်တော့ နှစ်ဦးစလုံး တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့အတွက် လက်ထပ်ဖြစ်ရင် အဆင်ပြေပါလိမ့်မယ်။

 

တစ်ဦးနှင့်တစ်ဦး တူညီတဲ့အကျင့်ရှိခြင်း

 

ငယ်ငယ်ကတည်းကသူငယ်ချင်းဖြစ်ခဲ့ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အပေါင်းအသင်း ၀င်ဆန့်ဖို့ဆိုတာ တစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ရေရှည်သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။

 

ဒီလိုဘ၀ကို ရောက်ခဲ့သူများကတော့ သာမန် သူငယ်ချင်းဘ၀မှာကတည်းက သူတို့အချင်းချင်း သဘောတူ လက်ခံနိုင်တဲ့ တူညီတဲ့ အကျင့်တွေကို ပျော်ရွှင်စွာလက်ခံပြီးမှ အချစ်ဆုံး သူငယ်ချင်းဘ၀ကို ရောက်လာခဲ့ကြရတာ ဖြစ်ပါတယ်။

 

အရာရာကို မျှဝေခံစားမှုရှိခြင်း

 

ငယ်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်၏ ကောင်းခြင်း၊ ဆိုးခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းတို့ကိုလည်း အတူတကွ ခံစားနိုင်ကြပါတယ်။

 

နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အ၀ ရပြီးသားဖြစ်လို့ အထူးညှိနှိုင်းနေစရာလည်း မလိုတော့ပါဘူး။

 

လွတ်လွတ်လပ်လပ်နေခွင့်ရှိခြင်း

 


ငယ်သူငယ်ချင်းဖြစ်တာနှင့်အညီ တစ်ယောက်၏အပြုအမူ၊ အကျင့်စရိုက်တွေကို နှစ်ဦးစလုံးက လက်ခံကြတဲ့အတွက် စိတ်လွတ်ကိုယ်လွတ်နှင့် စိတ်ကြိုက်နေထိုင်နိုင်ပါတယ်။

 

သင့်ပတ်ဝန်းကျင်သာမက သင့်ကို မည်သူကမျှ ဖိအားပေးနေမှာ မဟုတ်ပါဘူး။

Read times Last modified on Wednesday, 19 September 2018 16:41
Rate this item
(1 Vote)