အချစ်စစ် အချစ်မှန်တယ်ဆိုတဲ့အချက်များ

အချစ်စစ် အချစ်မှန်တယ်ဆိုတဲ့အချက်များ google.com

အချစ်တစ်ခုကို ရွေးချယ်မှု မှားယွင်းလိုက်တယ်ဆိုတာနဲ့ ဘ၀တစ်ခုလုံး နာကျင်ရမှာဖြစ်ပါတယ်။

အဲဒီအတွက် ကြောင့် အချစ်စစ်မစစ် စောစောစီးစီး ခွဲခြားသိနိုင်ဖို့ကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

စွန့်လွှတ်အနစ်နာခံခြင်း

တကယ်ချစ်သူတွေဖြစ်ကြပြီဆိုရင်တော့ ကိုယ့်ချစ်သူကောင်းစားဖို့ကို စွန့်လွှတ်အနစ်နာခံဖို့ ၀န်မလေးကြပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရယူဖို့ထက် ပေးဆပ်ခြင်းနဲ့ ချစ်ကြသူများဖြစ်ကြပါတယ်။

 

နည်းလမ်းမျိုးစုံနဲ့ ချစ်ဖို့ကြိုးစားခြင်း

အချစ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ သို့ပေမယ့် တကယ့်အချစ်စစ်မှာ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်နေရုံနဲ့ မရောင့်ရဲကြပါဘူး။ ဘယ်လိုချစ်ရမလဲဆိုတဲ့နည်းလမ်းကို အမြဲကြံဆနေကြပါတယ်။

 

ဆုံစည်းဖို့အမြဲတွေးတောခြင်း

တစ်ယောက်ကိုတစ်ယောက် အချစ်စစ်အချစ်မှန်နဲ့ ချစ်နေကြမယ်ဆိုရင်တော့ ရောင့်ရဲမနေဘဲ ဆုံစည်းဖို့နည်းလမ်းကို အမြဲတွေးတောနေပါတယ်။

 

ကိုယ့်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် မှတ်ယူခြင်း

အချစ်စစ်နဲ့ချစ်သူတွေကသာ တစ်စိတ်တစ်ဒေသအဖြစ် ခံစားရနိုင်တဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ ဒီလိုမျိုး ခံစားဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အပြည့်အ၀နားလည်ပြီး ကြင်နာမှသာ ခံစားရနိုင်တာမျိုးဖြစ်ပါတယ်။

 

ရိုင်းပင်းကူညီခြင်း

အချစ်စစ်နဲ့ချစ်သူတွေက တစ်ယောက်မတတ်တာရှိရင် တစ်ယောက်က သင်ပြပေးတတ်သလို၊ တစ်ယောက် မှားနေတယ်ဆိုရင်လည်း ထောက်ပြပြီး အခက်အခဲဖြစ်နေမယ်ဆိုရင်လည်း တစ်ယောက်က ကူညီပေးတာမျိုး ဖြစ်သင့်ပါတယ်။

 

ဂုဏ်ယူခြင်း

အချစ်စစ်ရဲ့ သဘောတရားမှာ လက်ရှိ မိမိပိုင်ဆိုင်ထားတဲ့ ချစ်သူအတွက် ဂုဏ်ယူမှုအပြည့်ရှိပြီး ဘယ်တော့မှလည်း သိမ်ငယ်မှုမဖြစ်စေပါ။

 

လိုလိုလားလားရှိခြင်း

တစ်ယောက်ခံစားချက်ကိုတစ်ယောက် မေတ္တာ၊ ကရုဏာတွေနဲ့ ခံစားဖို့ အမြဲတမ်း လိုအပ်ပါတယ်။ ငြီးငွေ့သွားတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

Read times Last modified on Wednesday, 19 September 2018 15:23
Rate this item
(1 Vote)