ဇနီးသည်က ခင်ပွန်းလုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၃

ဇနီးသည်က ခင်ပွန်းလုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၃ google.com

- ခင်ပွန်းသည်က ကိုယ့်ဇနီးသည်ကို ဘယ်ယောက်ျားနဲ့မဆို

သ၀န်တိုတတ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ဇနီးသည်ကတော့ ခင်ပွန်းအတွက်ဆိုပြီး အစားအသောက် ကောင်းကောင်းလေး ချက်ထားရင်လည်း တစ်ခုခုကို အပြစ်ရှာပြီး ချေးများတတ်တယ်ဆိုရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည်က ကိုယ့်ရဲ့ဘယ်အသုံးအဆောင်ပစ္စည်းကိုမဆို စနစ်တကျမထားဘဲ ဇနီးသည်းကိုချည်းပဲ မေးမေးနေရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည်က လူရှေ့၊ သူရှေ့မရှောင် ဘယ်နေရာမဆို ဇနီးသည်ကို ဖက်လဲတကင်း လုပ်တတ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည်က ဟင်းမကောင်းတဲ့အခါ ထမင်းပန်ကန်ကို မှောက်ပစ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- အိမ်မှာ အလှူလုပ်လို့ ဧည့်သည်တွေရောက်နေချိန်ကိုတောင် မထောက်ဘဲ အကြောင်းတစ်ခုခုကြောင့် ဆူညံပူညံ လုပ်တတ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(1 Vote)