မင်္ဂလာပွဲနေ့တွင် လုပ်ဆောင်ရမည့်အချက်များ

မင်္ဂလာပွဲနေ့တွင် လုပ်ဆောင်ရမည့်အချက်များ

မင်္ဂလာပွဲနေ့တွင် လုပ်ဆောင်ရမည့်အချက်များကို အောက်တွင် ဖော်ပြပေးထားပါတယ်။ ယင်းအချက်များမှာ -

၁။ မင်္ဂလာပွဲနေ့တွင် ၀ိုင်းကူညီမည့်လူများကိုရှာထားရန်။

မင်္ဂလာပွဲနေ့တွင် လက်ဖွဲ့စာရင်းပြုစုရန် ရင်းနှီးသောဆွေမျိုး (သို့) မိတ်ဆွေ မိန်းကလေးများသာမက ယောက်ျားလေးများ ကူညီမည့်သူကိုလည်း ရှာထားရမည်။ တချို့မင်္ဂလာလက်ဖွဲ့များ လေးသောအခါ မိန်းကလေးများက မ, မနိုင်ဘဲ ဖြစ်တတ်သောကြောင့် ယောက်ျားလေးကူညီမည့်သူများကို ရှာထားသင့်ပါတယ်။

၂။ မင်္ဂလာလက်ဖွဲ့ပစ္စည်း ထားရန်နေရာကို ကြိုတင်ပြောထားရန်။

မင်္ဂလာပွဲအပြီး လက်ဖွဲ့ပစ္စည်းများထားရန်နေရာကို ကူညီမည့်သူများကို ကြိုတင်၍ ပြောထားသင့်ပါတယ်။

၃။ မင်္ဂလာပွဲနေ့တွင် ယူသွားမည့်ပစ္စည်းစာရင်းပြုစုထားရန်။

မင်္ဂလာပွဲနေ့တွင် စိတ်လှုပ်ရှားမှုများ ဖြစ်တတ်သောကြောင့် မင်္ဂလာပွဲမတိုင်ခင် ညကတည်းက မင်္ဂလာပွဲနေ့တွင် ၀တ်ဆင်ရမည့် မင်္ဂလာဝတ်စုံများကို တစ်စုတစ်စည်းတည်း စုစည်းထားသင့်ပါတယ်။

၎။ ဧည့်သည်တော်များအား သင့်တော်သည့်နေရာချထားပေးရန်။

ဂုဏ်သရေရှိလူကြီးမင်းများအား အထူးစီစဉ်ထားသော စားပွဲဝိုင်းတွင် ချထားပေးရန်နှင့် အသက်ကြီးသော ဧည့်သည်များကိုလည်း ဖျော်ဖြေရေးအနီးတွင် မချထားရန်တို့ဖြစ်ပါတယ်။

၅။ မင်္ဂလာမောင်နှံ ဧည့်ပရိသတ်များအား နှုတ်ဆက်ရန်။

ကြွရောက်ချီးမြှင့်ပေးကြသည့် ဧည့်သည်တော်များအား မင်္ဂလာမောင်နှံမှ တစ်ဝိုင်းချင်းစီကို သွားရောက်၍ နှုတ်ဆက်ရန်နှင့် မင်္ဂလာပွဲပြီးခါနီးအချိန် ဂိတ်ဝတွင် နှုတ်ဆက် စကားပြောကြားသင့် ပါတယ်။

၆။ ညစာစားပွဲတွင် သူငယ်ချင်းများနှင့် အရက်အရမ်းမသောက်ရန်။

မင်္ဂလာပွဲနေ့အကြောင်း အမှတ်ရစေရန်အတွက် ညစာစားပွဲတွင် မိတ်ဆွေအပေါင်းအဖော်များနှင့် အရက်အရမ်းမသောက်သင့်ပေ။

Read times Last modified on Friday, 04 September 2020 17:01
Rate this item
(1 Vote)