မြန်မာ့ပထမဆုံး Pre-Wedding ဓာတ်ပုံပြိုင်ပွဲကျင်းပရန်စီစဉ်

မြန်မာ့ပထမဆုံး Pre-Wedding ဓာတ်ပုံပြိုင်ပွဲကျင်းပရန်စီစဉ်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၀ါကျွတ်ကာလတွင် မင်္ဂလာပွဲပြုလုပ်မည့် မင်္ဂလာမောင်နှံများ အတွက်

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်း Pre-Wedding ဓာတ်ပုံပြိုင်ပွဲကို နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်နေ့အထိ အွန်လိုင်း မင်္ဂလာလက်ဖွဲ့ဝန်ဆောင်မှုဝက်ဆိုက်ဒ် MingalarLetPhwet.com မှ ဦးစီး၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

 mingalr letphwet 1.jpg

ပြိုင်ပွဲဝင်လိုတဲ့ မင်္ဂလာမောင်နှံများအနေဖြင့် MingalarLetPhwet.com ဝက်ဆိုက်ဒ်တွင် register ပြုလုပ်ထားရန် လိုအပ်ပြီး winners များကို Online Voting စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပါ တယ်။

 

ဆုကြေးများအနေဖြင့် ပထမဆု ကျပ် ၁၅၀,၀၀၀ တန် Gift Voucher, ဒုတိယဆု ကျပ် ၁၀၀,၀၀၀ Gift Voucher, တတိယဆု ကျပ် ၅၀,၀၀၀ Gift Voucher များကို အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဆုရရှိသူ မင်္ဂလာမောင်နှံ၃တွဲ၏ ဓာတ်ပုံများကို ရိုက်ကူးပေးသည့် ဓာတ်ပုံဆရာသုံးဦးမှာလည်း Mingalar Let Phwet မှ ပေးအပ်သည့် Moet & Chandon အမှတ်တံဆိပ် ရှန်ပိန်တစ်လုံးစီရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကျွန်တော်တို့ အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှုကိုရယူဖို့ MingalarLetPhwet.com မှာ register လုပ်ထားကြတဲ့ မင်္ဂလာမောင်နှံတွေအတွက် အခုလို Pre-wedding ဓာတ်ပုံပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပါတယ်။ အကယ်၍သင့်မှာ Pre-wedding ဓာတ်ပုံတွေရိုက်ထားတာရှိတယ်ဆိုရင် ကျွန်တော်တို့ ဝက်ဆိုက်ဒ်မှာ register ပြုလုပ်ပြီး အလွယ်တကူပဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။’’ ဟု Mingalar Let Phwet CEO ဖြစ်သူ Mr.Charles -Patrick Rowan ကပြောကြားကြောင်း သိရပါတယ်။

 

ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက Mingalar Let Phwet ဖေ့ဘုတ်(စ်)စာမျက်နှာသို့ သွားရောက်ပြီး Pre-wedding contest ပြိုင်ပွဲတွင် မိမိ၏ဓာတ်ပုံများကို upload လုပ်ကာယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ ပြုလုပ်ရာတွင် ဓာတ်ပုံဆရာ၏အမည်ကိုလည်း ရေးသားရန်လိုအပ်ပါတယ်။

 

Voting စနစ်ဖြင့် ရွေးချယ်ခြင်းကြောင့် မိမိ၏ဓာတ်ပုံအား Like လုပ်၍ vote ပေးရန်အတွက် သူငယ်ချင်းများကို ပြောဆိုရန် လိုအပ်ကြောင်း သိရပါတယ်။

 

ယခုလက်ရှိတွင် MingalarLetPhwet.com ဝက်ဆိုက်ဒ်၏ ဝန်ဆောင်မှုကို ရယူရန် register ပြုလုပ်ထားသည့် မင်္ဂလာမောင်နှံပေါင်း ၁၀၀နီးပါး အထိရှိလာပြီး users အရေအတွက်မှာလည်း ၅၀၀ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:07
Rate this item
(1 Vote)