ချစ်လို့မဝနိုင်တဲ့ ချစ်သူဆိုတာ ဘယ်လိုမျိုးလဲ - ၂ ……………. ?????????

ချစ်လို့မဝနိုင်တဲ့ ချစ်သူဆိုတာ ဘယ်လိုမျိုးလဲ - ၂ ……………. ????????? google.com

 

 အလိုက်သိခြင်း

သင့်ချစ်သူက အရမ်းကိုအလိုက်သိလွန်းလို့ တစ်ခါတလေ သင့်စိတ်ထဲမှာ သူ့ကို သနားမိတဲ့အချိန်တွေတောင် ရှိနေတတ်ပါတယ်။

 

သူဒီလိုအလိုက်သိတယ်ဆိုတာကလည်း သင့်ကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်လို့ပဲဖြစ်ပါတယ်။ သင်ဘာလိုချင်လဲ၊ ဘယ်လိုခံစားနေရသလဲ၊ ဘာလိုအပ်သလဲဆိုတာကို အမြဲတမ်းအကဲခတ်ပြီး သူတတ်နိုင်သမျှ သင့်ကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

 

ထို့ကြောင့် အလိုက်သိတယ်ဆိုတာရဲ့နောက်မှာ သူ့ရဲ့ စိတ်တစ်ခုလုံး သင့်ဆီမှာ နှစ်ထားတယ်ဆိုတာ မမေ့သင့်ပါ။

 

ပြည့်စုံမှုရှိခြင်း

 

သူ့အတွက် ပျော်စရာတွေ ဘယ်လောက်များများ သင်မပါရင် မပြည့်စုံနိုင်ပါဘူး။

 

သင်ကသာ သူ့ဘေးနားမှာရှိရင် လမ်းလျှောက်ခြင်း၊ ဘေးချင်းယှဉ်ထိုင်ခြင်း၊ လမ်းဘေးဆိုင် ဝင်စားခြင်း စတာတွေကအစ ဘယ်လိုအသေးအမွှားကိစ္စတွေတိုင်းမဆို သူ့အတွက်အဓိပ္ပါယ်ရှိနေပြီး ပျော်စရာကောင်းနေသလို၊ ပြည့်စုံမှုကိုလည်း သူခံစားနေရမှာဖြစ်ပါတယ်။

 

သင်သာ သူ့ဘေးနားမှာ ရှိနေရင် အမြဲတမ်း ပြုံးပျော်နေတတ်တဲ့သူဖြစ်ပြီး ချစ်လို့မ၀နိုင်တဲ့ ချစ်သူဖြစ်ပါတယ်။

 

စိတ်ချမ်းသာမှုရှိခြင်း

 

သင့်ချစ်သူက သင့်အတွက်တော့ ချစ်သူတစ်ယောက်အဖြစ်သာမက သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိသားစုဝင်တစ်ယောက်လိုပဲ ခံစားရရင်တော့ ကောင်းပါတယ်။

 

အကြောင်းကတော့ သူက သင့်ကို အချစ်စစ်နဲ့ ချစ်တယ်၊ စည်းစိမ်ဥစ္စာတွေနဲ့ မချမ်းသာချင်နေမယ် နွေးထွေးတဲ့မေတ္တာတွေကိုတော့ အပြည့်အဝပေးနိုင်ပြီး သင့်ကို အမြဲတမ်းစိတ်ချမ်းသာစေနိုင်တဲ့ သူမျိုးဖြစ်ပါတယ်။

 

သင်ကလည်း သူ့ကိုအမြဲတမ်းစိတ်ချသလို၊ ယုံလည်းယုံကြည်ပြီး သူနဲ့ပတ်သက်ရင် အမြဲတမ်း စိတ်ချမ်းသာနေရမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(2 votes)