မင်္ဂလာပွဲအတွက် ပျမ်းမျှအချိန်တွက်ချက်ကြမယ်

မင်္ဂလာပွဲအတွက် ပျမ်းမျှအချိန်တွက်ချက်ကြမယ် google.com

တစ်သက်မှာတစ်ခါပဲဆောင်ရမယ့် မင်္ဂလာပွဲအခမ်းအနားကို စိတ်ဖိစီးမှုကင်းကင်းနဲ့

ပြီးပြည့်စုံအောင် ကျင်းပနိုင်ဖို့အတွက် မင်္ဂလာပွဲမှာ ဘယ်လိုအပြင်အဆင်မျိုးကို အချိန်ဘယ်လောက်သုံးသင့်လဲဆိုတာ ပျမ်းမျှတွက်ချက်ပေးလိုက်ပါတယ်။

 

okcreative 40 600x400

 

သတို့သမီးဆံပင် - တစ်နာရီ (မင်္ဂလာပွဲမတိုင်ခင်နေ့မှာ စမ်းသပ်ပြင်ဆင်ထားတယ်ဆိုရင် မင်္ဂလာနေ့မှာ တစ်နာရီဆိုတဲ့အချိန်ဟာ လုံလောက်ပါတယ်)

သတို့သမီးမိတ်ကပ် - ၄၅ မိနစ်နဲ့ ၆၀ မိနစ်ကြား (သတို့သမီးရွေးချယ်တဲ့ မိတ်ကပ်ပုံစံပေါ်မှာ မူတည်ပါတယ်)

 

Taupe Jim Hjelm Bridesmaids 600x400

 

သတို့သမီးအရန်များရဲ့ဆံပင် - တစ်ဦးကိုမိနစ် ၃၀

သတို့သမီးအရန်များရဲ့မိတ်ကပ် - တစ်ဦးကို ၄၅ မိနစ်

 

image

 

ဆံပင်အလှဖန်တီးရှင်ရောက်လာတာနဲ့ သတို့သမီးအရန်များရဲ့ဆံပင်ကို အရင်ပြင်ဆင်ခိုင်းပါ။ ဒါမှ သတို့သမီးကိုပြင်နေချိန်မှာ ဓာတ်ပုံဆရာရောက်လာတာနဲ့ချိန်သားကိုက်ဖြစ်မှာဖြစ်ပြီး သတို့သမီးရဲ့မင်္ဂလာပွဲသို့မ၀င်ခင် အလှဓာတ်ပုံများရရှိမှာဖြစ်ပါတယ်။

သတို့သမီးအရန်များရဲ့ဆံပင်ပြင်ဆင်နေချိန်မှာ သတို့သမီးမိတ်ကပ်ကို ပြင်ဆင်ပါ။ အဲ့ဒီအချိန်ကတည်းက သတို့သမီးမိတ်ကပ်ကို ပြင်ဆင်လိုက်မယ်ဆိုရင် ချွတ်ချော်မှုရှိခဲ့ရင်လည်း မင်္ဂလာပွဲအခမ်းအနားမစခင် အပြီးသတ်ပြင်ဆင်လို့ရမှာပါ။

 

desert wedding 314603 1280

 

ဓာတ်ပုံဆရာဘယ်အချိန်ရောက်သင့်လဲ

သတို့သမီး မင်္ဂလာအခမ်းအနားမ၀င်ခင် ၁ နာရီလောက်အလိုလောက်မှာ ရောက်သင့်ပါတယ်။ သတို့သမီးရဲ့ဆံပင်၊မိတ်ကပ် ပြင်ဆင်နေတဲ့အချိန်မှာရောက်ရင် အကောင်းဆုံးပေါ့။ နာမည်ကြီးဓာတ်ပုံပညာရှင်တွေရဲ့ပြောစကားအရ သတို့သမီးရဲ့ဆံပင်နဲ့မိတ်ကပ် ပြင်ဆင်မှုပြီးလုပြီးခင် အချိန်က အကောင်းဆုံးဓာတ်ပုံတွေကို ဖန်တီးပေးနိုင်တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က သတို့သမီးဝတ်စုံ၊ ဖိနပ်၊ လက်ဝတ်ရတနာနဲ့ ပြင်ဆင်ခန်းအနေအထား၊ သတို့သမီးနဲ့ သတို့သမီးအရန်များ၊ မိသားစုများကြားက ပျော်ရွှင်ဖွယ်ရာအမူအရာတွေကို အမိအရ ဖမ်းယူနိုင်တဲ့အချိန်ဖြစ်တယ်လို့လည်းဆိုပါတယ်။

 

-       ဆံပင်မိတ်ကပ်ပညာရှင်များကို ကူညီရန်အတွက် လက်ထောက် အနည်းဆုံး ၂ ယောက် ၃ ယောက်ခန့်ခေါ်လာခိုင်းဖို့လိုအပ်ပါတယ်။ ဒါမှမင်္ဂလာအခမ်းအနားမစတင်ခင်မှာ ပြင်ဆင်မှုများကို အပြီးသတ်နိုင်မှာဖြစ်ပါတယ်။

-       တကယ်လို့သင်က ဆံပင်မိတ်ကပ်ပညာရှင်များရဲ့ဆိုင်မှာ သွားပြင်မယ်ဆိုရင်တော့ အပေါ်မှာပြောပြထားတဲ့အချိန်အတိုင်းအတာရဲ့ ထက်ဝက်လောက်စောပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။

 

southern wedding groomsmen in black suits

 

သတို့သားနှင့် သတို့သားအရန်များရောက်ရှိသင့်တဲ့အချိန် - မင်္ဂလာအခမ်းအနားမစတင်ခင် ၁ နာရီခွဲအလို။

 

မင်္ဂလာအခမ်းအနားကြာချိန် - ဘိသိက်ဆရာမှ အခမ်းအနားအစီအစဉ်များကြေငြာပေးခြင်း၊ တေးသံရှင်များမှ မင်္ဂလာအခါတော်ပေးသီချင်းများသီဆိုပေးခြင်းတို့အတွက် ၃၀ မိနစ်။

 

မင်္ဂလာပွဲအပြီး ဧည့်ပရိတ်သတ်များကိုနှုတ်ဆက်ရန်ကြာချိန် - ဧည့်ပရိတ်သတ် အယောက် ၁၀၀ နှင့်အောက်ဆိုလျှင် ၁၂ မိနစ်နှင့် ၁၅ မိနစ်ကြား၊ ဧည့်ပရိတ်သတ် အယောက် ၁၅၀ ခန့်ဆိုလျှင် မိနစ် ၂၀ ခန့်နှင့် ဧည့်ပရိတ်သတ်အယောက် ၁၅၀ ထက်ပိုမိုဖိတ်ကြားထားတဲ့မင်္ဂလာပွဲဆိုရင်တော့ ဧည့်သည်များရဲ့စားပွဲများသို့သွားရောက်လိုက်လံနှုတ်ဆက်တာက ပိုအဆင်ပြေပါလိမ့်မယ်။

 

မင်္ဂလာပွဲအပြီး ဓာတ်ပုံရိုက်ရန်ကြာချိန် - မင်္ဂလာပွဲအပြီးမှာ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးက သတို့သား၊သတို့သမီးတို့နဲ့ ဓာတ်ပုံတူတူရိုက်ချင်ကြမှာပါ။ ဒါ့ကြောင့် ဓာတ်ပုံတစ်ပုံကို အများဆုံး စက္ကန့်ဝက်ထက်ပိုပြီး မကြာမြင့်သင့်ပါဘူး။

 

==========================================================

မင်္ဂလာဧည့်ခံပွဲနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အချက်များကို အောက်ဖော်ပြပါလင့်ခ်များမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းပြင်ဆင်စရာများ (၁) - https://goo.gl/opRpzi

မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းပြင်ဆင်စရာများ (၂) - https://goo.gl/v5yW7n

အကောင်းဆုံးဖြစ်မယ့်မင်္ဂလာခန်းမကို ဘယ်လိုရွေးချယ်ကြမလဲ - https://goo.gl/8zfNBX

မင်္ဂလာဧည့်ခံပွဲအတွက် အကျွေးအမွေးဈေးနှုန်းများ - https://goo.gl/NA9KkE

 

                                                                                           Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 11:04
Rate this item
(2 votes)