Mg Yan Win Aung and Ma Noble Aung

Mg Yan Win Aung and Ma Noble Aung

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ Lion City (Golden Dragon Wedding Hall) တွင်

မြန်မာဆန်ဆန် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သားမောင်ရန်ဝင်းအောင်နှင့် သတို့သမီး မနိုဘယ်(လ်)အောင်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်ရန်ဝင်းအောင်နှင့် မနိုဘယ်(လ်)အောင်တို့ဟာ DMA တက်ရင်း ကျောင်းတွင်တွေ့ဆုံသူများဖြစ်ကြပြီး ပဲခူးရွှေမော်ဓောဘုရားတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ပါတယ်။ ချစ်သူသက်တမ်း ၂ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် အရင်ဆုံး Pre-wedding ဓာတ်ပုံကြိုရိုက်ရန် နှစ်ဦးသဘောတူခဲ့ပြီးနောက် မင်္ဂလာခန်းမကို ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်တွင် Golden Dragon Wedding Hall မင်္ဂလာဧည့်ခံပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ အရင်ဆုံး မင်္ဂလာဆွမ်းကျွေးကို မင်္ဂလာဒုံက ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

20161229 095010

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၄၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၄၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ ပန်းဘဲတန်း၊ ၃၂ လမ်း (အောက်)တွင် Make with Love ဆိုင်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းကို ကိုယ်လိုချင်တဲ့ အရောင်နဲ့ ကိုယ်ဖြစ်ချင်တဲ့ ဒီဇိုင်းလေးကို ပြောပြတော့ ဒီဇိုင်းလုပ်တဲ့သူက သူ့ idea နဲ့ပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ ဈေးနှုန်းကို ကိုယ်သတ်မှတ် ထားတဲ့ ဈေးနှုန်းကို အရင်ဆုံး ပွင့်ပွင့်လင်းလင်းကြိုပြောပြီး အပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို သတို့သား၊ သတို့သမီး မြန်မာဆန်ဆန်နဲ့ပဲမင်္ဂလာဆောင်ခဲ့ပါတယ်။ ၀တ်စုံအရောင်ကတော့ ခရမ်းရောင်

ချိတ်ကိုဝယ်ပြီး မြန်မာထိုင်မသိမ်းကို ဗိုလ်ချုပ်ဈေးရှိ ဦးမြင့်စိုးဆီမှာ ကိုယ်တိုင်းနဲ့ ချုပ်ဝတ်ခဲ့ပါတယ်။ ငှားတာတွေက ဈေးကြီးပြီး သိပ်စိတ်တိုင်းမကျလို့ မိဘတွေကလည်း အသစ်ပဲဝတ်စေချင်လို့ ချုပ်ဖြစ်သွားခဲ့ပါတယ်။

14589799 10201899350801185 5607401403242319527 o

ချိတ်ဝယ်ရသည့် ဈေးနှုန်းက ၂ သိန်းဝန်းကျင်နှင့် ချုပ်ခအပြီးအစီးကို ၁ သိန်း ၉ သောင်း ကုန်ကျခဲ့ပါတယ်။ နှစ်ဘက်မိဘများနှင့် ပန်းကြဲ၊ ဗန်းကိုင်တွေအတွက်ကိုတော့ ပိတ်စပဲဝယ်ပေးဖြစ်ပြီး ချုပ်တာကတော့ အဆင်ပြေတဲ့ ဆိုင်မှာပဲ ချုပ်လိုက်ကြတာ ဖြစ်ပါတယ်။

ပွဲကြီးအတွက် မိတ်ကပ်ကို မေးဦးနဲ့ပြင်ပါတယ်။ ပန်းအစစ်တော့မပန်ဖြစ်ဘူး။ ဖန်စီကို မေဦးဆီမှာပဲ ငှားဝတ်လိုက်ပါတယ်။ မိတ်ကပ်ပြင်ဈေးနှုန်းက အပြီးအစီး ၂ သိန်းဝန်းကျင် ကုန်ကျပြီး ဗန်းကိုင်တွေအတွက် မိတ်ကပ် သုန္ဒရီကြယ်စင်က ပြင်ပေးပါတယ်။ Pre-wedding ရိုက်ကထဲက သူနဲ့ ပြင်ဖူးတော့ မိဘတွေနဲ့ ပန်းကျဲ၊ ဗန်းကိုင်တွေ အတွက်ပါ တစ်ခါထဲ Package နဲ့ အပ်လိုက်ပါတယ်။ မိတ်ကပ်ပြင်တဲ့ နှစ်ယောက်စလုံးက အချိန်လည်း တိကျပြီး သဘောလည်းကောင်းကြတော့ အရမ်းလည်းအဆင်ပြေခဲ့ပါတယ်။

14542563 10201815892834788 5409277346126526090 o

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ ဇောင်း ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါတယ်။ မင်္ဂလာအချိန် ကတော့ နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအထိ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၉း၃၀ မှာ စတင်ထွက် ခဲ့ပါတယ်။ မင်္ဂလာအခါတော်ပေးဆိုတဲ့သူနဲ့ တီးဝိုင်းကိုတော့ မင်္ဂလာခန်းမကပဲ စီစဉ်ပေးတာ ဖြစ်ပါတယ်။

မင်္ဂလာအခမ်းအနားမှူးအဖြစ် ဦးညွန့်ဝေ က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။

14657470 10201876317345363 5693171315495280983 n

မင်္ဂလာအကျွေးအမွေးကိုတော့ အနောက်တိုင်းစတိုင်ဖြင့် မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ငပလီကို သွားခဲ့ပါတယ်။ ငပလီရှိ Sliver Beach Hotel တွင် တည်းခိုခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၄၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(2 votes)