ဗိုလ်ကြီး ဥာဏ်လင်းမောင် နှင့် မခိုင်ရည်ဖြိုးဟန် တို့၏ မင်္ဂလာပွဲအကြောင်း

ဗိုလ်ကြီး ဥာဏ်လင်းမောင် နှင့် မခိုင်ရည်ဖြိုးဟန် တို့၏ မင်္ဂလာပွဲအကြောင်း

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ Melia Yangon (Grand Ballroom) တွင်

သတို့သားက ဗိုလ်ကြီးဝတ်စုံနှင့် သတို့သမီးက မြန်မာဆန်ဆန်ဝတ်စုံဝတ်ဆင်ပြီး မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သား ဗိုလ်ကြီးဥာဏ်လင်းမောင်နှင့် သတို့သမီး မခိုင်ရည်ဖြိုးဟန်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

D4S 2403 copy

 

သတို့သားနှင့် သတို့သမီးအကြောင်း

 

ဗိုလ်ကြီးဥာဏ်လင်းမောင်နှင့် သတို့သမီး မခိုင်ရည်ဖြိုးဟန်တို့ဟာ Novotel Yangon Max တွင် ဆုံဆည်းခဲ့ကြပါတယ်။ ဆုံဖြစ်ရတဲ့အကြောင်းကတော့ Novotel တွင် မင်္ဂလာပွဲနှစ်ခု အချိန်တူကျင်းပနေချိန် ဖြစ်ပါတယ်။

 

ဗိုလ်ကြီးက မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲကို သူ့အမေနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး ညီမကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။

 

အခမ်းအနားအပြီး ပြန်ခါနီးအချိန်တွင် ချယ်ရီပင်နားတွင် အမှတ်တရ ဓာတ်ပုံရိုက်ရင်း ညီမကို တွေ့သွားခဲ့ပါတယ်။

 D4S 2732 copy

ညီမကတော့ ဓာတ်ပုံရိုက်နေတဲ့အတွက် သူ့ကိုလည်း သတိမထားမိခဲ့ပါဘူး။ သို့ပေမယ့်လည်း ဖူးစာပါလာ တော့လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့အမေနဲ့ ညီမအဖေက အသိမိတ်ဆွေတွေဖြစ်နေခဲ့ပါတယ်။

 

သူဘက်က မိဘတွေကို ခွင့်တောင်းပြီး ညီမမိဘတွေဆီမှာ လာရောက်တောင်းရမ်းခဲ့တာဖြစ်ပါတယ်။

D4S 3031 copy

 

ပွဲအစီအစဉ်များ

 

စေ့စပ်ကြောင်းလမ်းခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁၁ နာရီမှ ၂ နာရီအထိ Western Park Royal Restaurant တွင် ကျင်းပခဲ့ပါတယ်။

 

မင်္ဂလာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့၊ ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားသူကြီး ဒေါ်မိုးမိုးအေးထံတွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

မင်္ဂလာဦးဆွမ်းကျွေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၆) ရက်နေ့၊ စနေနေ့၊ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါတယ်။

 

မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၂၀) ရက်နေ့၊ စနေနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီအထိ Melia Yangon (Grand Ballroom) တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

 

ဖိတ်စာ၊ ၀တ်စုံ၊ မိတ်ကပ်

 

မင်္ဂလာဆောင်ရန်အတွက် ရင်းနှီးသောမိတ်ဆွေများ၊ နှစ်ဘက်မိဘဆွေမျိုးများအတွက် ဖိတ်စာကို ၇၀၀ ပြုလုပ်ခဲ့ပါတယ်။ ဖိတ်စာကို Love for Love Wedding Cards & Gifts၊ အမှတ် ၁၃၇၊ ၃၁ လမ်း၊ အလယ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ် နှင့် ကျော် ဖိတ်စာနှင့် စာအုပ်ချုပ်လုပ်ငန်း၊ အမှတ် ၁၄၄၊ ၃၁ လမ်း၊ အလယ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ် တွင် ပြုလုပ်ခဲ့ပါတယ်။

 D4S 5684

ထိမ်းမြားမင်္ဂလာ ကတိသစ္စာပြုလွှာကို HERO Handmade Invitation Card, Marriage Certificate, Gift Shop၊ အမှတ် ၁၅၃၊ ၄၇ လမ်း၊ အထက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ် တွင် ပြုလုပ်ခဲ့ပါတယ်။

 

မင်္ဂလာဧည့်ခံပွဲအတွက် မအေးသီတာဝင်းအောင်နှင့် Signature Weddings & Events Planning အဖွဲ့သားများမှ အစစအရာရာ လိုလေသေးမရှိ ဆောင်ရွက်ပေးခဲ့ပါတယ်။

 

သတို့သားက အခမ်းအနားဝတ်စုံဝတ်မျာဖြစ်တဲ့အတွက်ကြောင့် သတို့သမီးက မြန်မာဆန်ဆန် ထိုင်မသိမ်း အဖြူရောင်လေးကိုပဲ ရွေးချယ်ပြီး ချုပ်ခဲ့ပါတယ်။ ချိတ်နဲ့ စီးကွင့်တွေကို သတို့သားဝတ်စုံနဲ့ လိုက်ဖက် ညီအောင် အန်တီနှင်း က စီစဉ်ပေးခဲ့ပါတယ်။

 WKN 7160

သတို့သားဝတ်စုံကတော့ Liberal Tailor က ပြုလုပ်ပေးပြီး သတို့သမီးဝတ်စုံကတော့ ဒီဇင်ဘာနှင်း ထံတွင် ပြုလုပ်ခဲ့ပါတယ်။

 

သတို့သားအရံများအတွက် အခမ်းအနားဝတ်စုံကို Ko Aung Tailor မှ ပြုလုပ်ပေးပြီး သတို့သမီးအရံများတွက် ၀တ်စုံကို ရတီမေ ပိုးထည်၊ မြင်းခြံ နှင့် ဒီဇိုင်နာ အိုမား (ရွှေနန်းတော်ဝင်) တို့မှ စီစဉ်ဆောင်ရွက်ပေးပါတယ်။

 

ပန်းကြဲတစ်ယောက်၊ ဗန်းကိုင်နှစ်ယောက်၊ သတို့သားအရံနှစ်ယောက်၊ သတို့သမီးအရံနှစ်ယောက်လည်း ပါဝင်ပါတယ်။

 

 

လက်ဝတ်ရတနာများကို ဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်မင်းမင်းကျော်တို့မှ ဆင်မြန်းပေးပါတယ်။

 

မင်္ဂလာအခမ်းအနားအပြင်အဆင်၊ ဓာတ်ပုံနှင့်ဗီဒီယို

 

မင်္ဂလာအခမ်းအနားအပြင်အဆင်ကတော့ ပန်းအလှကို မာမီကျော်မှ စီစဉ်ဆောင်ရွက်ပေးပြီး မီးအလှဆင် ကတော့ မီးငယ် Disco Light မှ စီစဉ်ဆောင်ရွက်ပေးပါတယ်။

 

စေ့စပ်ကြောင်းလမ်းပွဲ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးကို Love Diary Wedding Professional မှ ရိုက်ကူးပေးပြီး Pre-wedding၊ မင်္ဂလာဦးဆွမ်းကျွေးနှင့် မင်္ဂလာဧည့်ခံပွဲဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေးကို Focus Daily Photo Studio တွင် ရိုက်ကူးခဲ့ပါတယ်။

 

မင်္ဂလာအခမ်းအနားမှူးအဖြစ် ဦးသင်မြင့်သန်းမှ ဆောင်ရွက်ပေးပြီး မင်္ဂလာအခါတော်ပေးကိုတော့ တေးသံရှင် ဒေါ်ရီရီသန့်မှ သီဆိုပေးခဲ့ပါတယ်။

 

မင်္ဂလာတေးသံသာများအဖြစ် ရီရီသန့်၊ နှင်းရည်သန့် တို့က မြန်မာမှုတေးဂီတနှင့် ဖျော်ဖြေကြပြီး နိုင်ငံကျော် အဆိုတော်များဖြစ်ကြသော ချိုပြုံး၊ ဟေမာနေ၀င်း၊ ဖိုးသောကြာတို့ကလည်း မင်္ဂလာတေးသီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

 

မင်္ဂလာအောင်စံပယ်ပန်းကုံးကိုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (ငြိမ်း) သရေစည်သူ ဦးဥာဏ်ထွန်နှင့် ဇနီး ဒေါ်ခင်အေးမြင့်တို့မှ မင်္ဂလာပန်းကုံးကို ဆင်မြန်းပေးခဲ့ပါတယ်။

 

မင်္ဂလာလက်စွပ်ကိုတော့ ဂုဏ်ထူးဆောင်ပါမောက္ခ အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်းနှင့် ဇနီး တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ခင်လေးရီတို့မှ မင်္ဂလာလက်စွပ်ကို ဆင်မြန်းပေးခဲ့ ပါတယ်။ မင်္ဂလာစင်မြင့်ပေါ်တွင် မင်္ဂလာကိတ်ကို ခွဲခဲ့ပါတယ်။

FDG 9842

 

ကြရောက်လာသည့် ဧည့်သည်တော်များအတွက်အကျွေးအမွေးကို Smoked Salmon Roll, Sausage Puff Pastry, Mango Mousse in glass, Opera Cake, Vanilla Ice Cream, Tea or Coffee တို့ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

 

ညစာစားပွဲကို ဆရာစံလမ်းရှိ ရွှေဘဲစားသောက်ဆိုင်တွင် မိသားစုသီးသန့် ကျင်းပဖြစ်ခဲ့ပါတယ်။ အလုပ်များနေ သည့်အတွက်ကြောင့် ဟန်းနီးမွန်းခရီးစဉ်ကိုတော့ မထွက်ဖြစ်သေးပါဘူး။

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(1 Vote)