Crush ကိုဖေ့ဘွတ်ခ်ပေါ်ကနေ အထာကျကျ ချဉ်းကပ်နည်း

Crush ကိုဖေ့ဘွတ်ခ်ပေါ်ကနေ အထာကျကျ ချဉ်းကပ်နည်း

စာဖတ်ပရိသတ်တွေထဲမှာ တစ်ဖက်သက်ကြိတ် Crush နေရတဲ့ ကောင်မလေးရှိပါသလား။

 

ဒီဆောင်းပါးလေးကတော့ Crush ရှိတဲ့ ကွီးတို့သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ် ဖေ့ဘွတ်ခ်ပေါ်ကနေ Crush ကိုချဉ်းကပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေပြောပြပေးမှာဖြစ်ပါတယ်။ Crush ရဲ့ အကောင့် Active Now ဖြစ်နေတာကိုပဲ ထိုင်ကြည့်နေရတဲ့ဘဝက မြန်မြန်ကျွတ်ချင်ပြီဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေသုံးပြီး အထာကျကျချဉ်းကပ်ကြည့်ပါ။

 

React ပေးနည်းကွဲကွဲပြားပြားသိပါစေ

ကိုယ့် Crush ဘာ Post ပဲတင်တင်အသည်းပေးမယ်လို့ ဆုံးဖြတ်ထားလို့မရပါဘူး။ တစ်ခါတစ်လေမှာ သူမတင်တဲ့ Post ပေါ်မူတည်ပြီး မတူညီတဲ့ React လေးတွေပေးဖို့လိုပါတယ်။

 

သူမရဲ့ ပုံလေးတွေဆိုရင် အသည်းပေးမယ်။ ဝမ်းနည်းစရာအကြောင်းအရာတစ်ခုခုဆိုရင် Sad React ၊ ရယ်စရာဆို Haha ပေါ့။ သူမရဲ့ခံစားချက် အပေါ်မူတည်ပြီးတင်တဲ့ Post လေးတွေကို ကိုယ်ကလဲ လိုက်ဖက်မှုရှိတဲ့ React လေးတွေပေးမှသာ သင့်ကိုပိုပြီးသတိထားမိလာစေမှာပါ။

 

Myday တင်တဲ့အခါ မလွတ်တမ်းဝင်ကြည့်ပါ

သူမရဲ့ Wall ပေါ်မှာ Post တွေတင်မှမဟုတ်ပါဘူး။ သူမ Myday တင်တဲ့အခါမှာလည်း မလွတ်တမ်းဝင်ကြည့်တဲ့ အမာခံ Viewer တစ်ယောက်ဖြစ်နေသင့်ပါတယ်။ Myday မှာလည်း အမြဲအသည်းပေးတာထက် မတူညီတဲ့ React လေးတွေပေးပါ။ တစ်ခါတစ်လေ မေးခွန်းလေးတွေမေးတာမျိုး Yes or No ရွေးခိုင်းတဲ့ပုံစံလေးတွေ တင်ခဲ့ရင်လည်း ဖြေလိုက်ပါ။ ဒါဆိုသင့်ကိုပိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျက်မှန်းတန်းမိလာမှာပါ။

 

အခွင့်အရေးကောင်းကိုစောင့်ပါ

သူမ Share ထားတဲ့အကြောင်းအရာတစ်ခုခုဖြစ်စေ တင်ထားတဲ့ Post တစ်ခုခုမှာဖြစ်စေ သင့်အနေနဲ့ စကားပြောဖို့ ခေါင်းစဉ်တစ်ခုရပြီဆိုရင် အချိန်ကိုက်သွားပြောလိုက်ပါ။ သာမာန် Hi နေကောင်းလား ၊ ဘာလုပ်နေလဲ ဆိုတာလောက်ကတော့ ပျင်းဖို့ကောင်းနေမှာဖြစ်ပြီး အခန့်မသင့်ရင် ကီးဘုတ်ပါပျောက်သွားနိုင်ပါတယ်။ ဥပမာ ထားပါတော့ သူမတင်ထားတဲ့ပုံရဲ့ နောက်ခံ Location နေရာလေးကိုမေးတာမျိုး။

 

သူမ Share ထားတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာမျိုးနဲ့စပြီး စကားပြောသင့်ပါတယ်။ 

 

ဟာသလေးတွေပြောပေးပါ

မက်ဆင်ဂျာမှာ သူမနဲ့ စကားစပြောဖြစ်ပြီဆိုတာနဲ့ မကြာခဏဆိုသလို ရယ်စရာကောင်းတဲ့အကြောင်းအရာလေးတွေ ဟာသလေးတွေကိုရောပြီးပြောပေးပါ။ မိန်းကလေးတွေက ဟာသဉာဏ်ရွင်သူတွေကို သိပ်ကိုသဘောကျကြပါတယ်။ ဒါကြောင့် ရယ်စရာကောင်းအရာလေးတွေပြောပါ။

 

ဖွင့်ပြောပါ

နောက်ဆုံးအဆင့်အနေနဲ့ကတော့ ကိုယ်အနေအခြေနဲ့ ခင်မင်မှုအတိုင်းအတာတစ်ခုလည်းရောက်နေပြီ အခြေအနေလည်းကောင်းတယ်ဆိုရင်တော့ ဖွင့်ပြောဖို့ပဲကျန်တော့တယ်မဟုတ်လား။ ဖွင့်ပြောတဲ့အခါမှာ မက်ဆင်ဂျာနဲ့ စာပို့တာမျိုးနဲ့မဟုတ်ပဲ ဖြစ်နိုင်ရင်အပြင်မှာဒိတ်ပြီး ဖွင့်ပြောတာမျိုး အနည်းဆုံးတော့ ဖုန်းလေးဆက်ပြီးဖွင့်ပြောသင့်ပါတယ်။ ဒါမှပိုမိုလေးနက်ရာရောက်ပြီး ရလဒ်ကောင်းတစ်ခုသင်ပြန်ရနိုင်မှာပါ။

 

kwee.co

Read times
Rate this item
(0 votes)