ကြက်ကြော်ဆိုင်မှာတစ်ပတ် တိတိနေခဲ့တဲ့ တရုတ်ပြည်ကအမျိုးသမီး

ကြက်ကြော်ဆိုင်မှာတစ်ပတ် တိတိနေခဲ့တဲ့ တရုတ်ပြည်ကအမျိုးသမီး Google

အသက် ၂၆ နှစ်အရွယ် Tan Shen အမည်ရှိအမျိုးသမီးတစ်ဦးဟာ ချစ်သူ၏စွန့်ပစ်မှုကြောင့် တရုတ်နိုင်ငံ Chengdu ရှိ ၂၄ နာရီပတ်လည် ဆိုင်ဖွင့်သော Kentucky Fried Chicken တွင်တစ်ပတ်လုံးနေခဲ့သည်။

Tan Shen က ချစ်သူနဲ့လမ်းခွဲပြီးနောက် အိမ်သို့မပြန်သေးဘဲ ရထားဘူတာနားမှာရှိတဲ့ KFC ကြက်ကြော်ဆိုင်ကို ဝင်ပြီး တစ်ပတ်လုံးနေခဲ့တာဖြစ်ပါတယ်။ "ကျမ စဉ်းစား‌တွေးတောဖို့ အချိန်လိုအပ်နေတယ်။ အဲ့ဒါကြောင့်ပါ" လို့ သူက ပြောတယ်။ "ကျွန်မစိတ်ဆင်းရဲရင်း လမ်းလျှောက်နေတုန်း ရထားဘူတာမှာ KFC ဆိုင်ကိုတွေ့‌တော့ ဝင်လိုက်တယ် အဲ့ဒီမှာကြာကြာနေဖို့ကျွန်မမစီစဉ်ခဲ့ဘူး၊ ကြက်တောင်ပံ နည်းနည်းပါးပါး စားဖို့လောက်ပါပဲ။ ဒါပေမဲ့ ကျမ အဲဒီကိုရောက်ပြီး အစာစားနေရင်း ငါစဉ်းစားဖို့အချိန်လိုတယ်လို့ တွေးမိတယ်" လို့ပြောတယ်။ သူမရဲ့ တိုက်ခန်းမှာ သူမချစ်သူရဲ့ အငွေ့အသက်တွေပြည့်နှက်နေတဲ့ အတွက်ကြောင့် အိမ်မပြန်ချင်ဘူး။ စိတ်သက်သာရအောင် KFC ဆိုင်မှာပဲ နေလိုက်တော့တယ်။

 

Heartbroken girl spends week in KFC after getting dumped

  

သူမရဲ့ ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်နိုင်ဖို့ အချိန်ပိုလိုအပ်သေးတယ်လို့ တွေးမိခဲ့တာပဲဖြစ်ပါတယ်။ အဲ့လိုတွေးမိပြီးတဲ့ နောက်မှာတော့ အလုပ်ကို ဖုန်းဆက်ကာ နေမကောင်းဘူးလို့ ခွင့်တိုင်ခဲ့တာဖြစ်ပါတယ်။ ကြက်ကြော်ဆိုင်မှ လုပ်သား Jiang Li Lung က"ဒီမှာက အဆိုင်းနဲ့ လုပ်ကြတယ်။ စားသောက်ဆိုင်က ၂၄ နာရီဖွင့်ထားတယ်။ ဒါကြောင့် များစွာသောလူတွေ လာကြသွားကြတာ တွေ့တယ်။ အစပိုင်းမှာတော့ သူ့ကို သတိမထားမိခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ သူကို မြင်ဖူးနေကျ ဖြစ်လာတယ်" ဟု ပြောကြားသည်။

 

Girl Spends Entire Week Inside KFC After Getting Dumped By Boyfriend

 

"နောက်တော့ သူ ဆိုင်မှာ ထိုင်နေတာ သုံးရက်တောင် ရှိနေပြီ ဆိုတာ သိရတယ်။ သူ့အနားကို သွားပြီး အိုကေလား မေးရင် သူက ကြက်တောင်ပံကြော်တွေနဲ့ ကြက်သား အတုံးကြီးကြီးကို မှာတယ်။ တခြား ဘာမှ မပြောဘူး" Tan Shen က "တစ်ပတ်ကြာတော့ မြို့ကနေ တခြားကို ထွက်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ် လို့ တွေးမိတယ်။ မိဘတွေဆီမှာ အတူပြန်နေဖို့ ဆုံဖြတ်လိုက်တယ်" လို့ ပြောတယ်။ "အလုပ်မှာ နေမကောင်းလို့ ခွင့်တိုင်ထားတာကို ကျမဖုန်းဆက်ပြီဂ အလုပ်ထွက်ပြီဆိုတဲ့အကြောင်း အသိပေးလိုက်တယ်" လို့ သူက ပြောပြတယ်။ "ပြီးတော့ ကြက်သားကြော် စားရတာ ငြီးငွေ့နေပြီ။ ဒီတော့ ဆိုင်က ထွက်ခွာဖို့ပဲ ရှိတယ်။ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး" လို့ သူက ပြောပြတယ်။ မိဘအရိပ်အောက်မှာ Tan Shen ပြန်ခိုလှုံဖို့ မိဘတွေနေတဲ့မြို့ကို သူ ခရီးဆက်ခဲ့ပါတယ်။

 

 

By Sandi (Myanmar Wedding Guide)

Ref: usmagazine

Read times Last modified on Friday, 09 October 2020 15:34
Rate this item
(0 votes)
Tagged under